Thursday, October 29, 2009

တွေးမိတာလေးများ (၁)

ကျွန်တော် Internet ပေါ်မှာ သိချင်လို့ ရှာကြည့်ရင်းတွေ့လို့ ပြန်တင်ပေးလိုက်တာပါ။

မေးခွန်းတွေကတော့
(၁) အဖန်ငါးရာ ငါးကမ္ဘာ အကြောင်း (၂) မြင့်မိုရ်တောင် တကယ်ရှိမရှိနဲ့ (၃) သင်္ကြန်ရက်တွေ မြတ်စွာဘုရားရှင် လက်ထက်က ကျင်းပခဲ့ခြင်းရှိမရှိ တို့ပါ။
ထီးချိုင့်မြို့တည်တော ဆရာတော်က ဖြေကြားပေးထားတာပါ။

Credit to: www.dhammaflavour.net

တည်တောဆရာတော် (မေး+ဖြေ) ၅-မှ...

၁... အဖန်ငါးရာ ငါးကမ္ဘာ...
၂... မြင်းမိုရ်တောင်...
၃... ဘုရားလက်ထက် သင်္ကြန်ပွဲ...
















Friday, October 23, 2009

"Au revoir Cantona and Man United...... come back when you've won 18"

လွန်ခဲ့တဲ့ နှစ်ပေါင်းများ စွာ အရင်က အန်ဖီးလ်ဆိုတဲ့ ကွင်းကြီးထဲမှာ ခေါင်းစီး စာတန်းကြီးတစ်ခု ထည်ထည်ဝါ၀ါ ရှိခဲ့ဖူးလေရဲ့.....



" နှုတ်ဆက်ပါတယ် ကန်တိုနာ...မင်းတို့လည်း ငါတို့လို ဖလား ၁၈ လုံးရပြီးရင် ပြန်လာခဲ့ပါ" ဆိုတာပါ။

အဲဒီတုန်းကတော့ ရယ်စရာတစ်ခုပေါ့။
ဘယ်သူက ထင်ထားမှာလည်း။
ခုမှစပြီး မန်နေဂျာ ဖာဂူဆန်အောက်မှာ ပြန်လည်တောက်ပ လာတဲ့ သရဲနီတွေ ဖလား ၁၈လုံးရဖို့ ဆိုတာက ကြိုးကြာနီတွေ အတွက် ပြောလို့ ကောင်းလွန်းတဲ့ ပျက်လုံးတစ်ခုသာပေါ့။

ကြိုးကြာနီတွေ အမြင်မှာတော့ သရဲနီတွေ ဖလား ၁၈လုံးပြည့်ရင်တောင်မှ သူတို့တွေ အနည်းဆုံး ဖလား ၁၀လုံး မဟုတ်ရင် အလုံး ၂၀ လောက်သူတို့ ရဲ့ ဆုဖလား ဘီဒိုမှာ ထပ်ဖြည့်နိုင်လိမ့်မယ်လို့ ယုံကြည်နေခဲ့ကြတာပါ။
အဲဒီအချိန်မှာ ကြုံတွေ့နေရတဲ့ ရှုံးနိမ့်မှုကလည်း ခဏတာ လို့ပဲ ထင်မှတ်ထားကြပြီး၊ မကြာခင်မှာပဲ အသင်း ၂သင်းကြားမှာ ရှိတဲ့ ဖလား အရေအတွက်ကွာခြားမှုက မကြာခင် ပြန်လည် မြင့်မားလာမယ်လို့ မှတ်ထင်ခဲ့ကြတာပေါ့။

ဒါပေမယ့် "ဒီနှစ်က ငါတို့ နှစ်ပဲ " လို့ ကြွေးကြော်ခဲ့ရတဲ့ နှစ်တွေသာ တစ်နှစ်ပြီး တစ်နှစ်ကုန်သွားတယ်၊ ဖလားကမလာ၊ စိတ်ပျက်မှုတွေ သာ ထပ်ထပ်တိုး လာပါတယ်။ ဒါပေမယ့်လည်း "ဒီနှစ်က ငါတို့ နှစ်ပဲ" ဆိုတာကတော့ ဟန်မပျက် ကြွေးကြော်ဆဲပေါ့။

မနှစ်တုန်းကတော့ "ဒီနှစ်က ငါတို့နှစ်ပဲ" ဆိုတာ ဖြစ်လာနိုင်လောက်တဲ့ အနေအထားကို ကြိုးကြာနီတို့ ရာသီအစမှာ ရရှိခဲ့ပါတယ်။
သရဲနီတွေက ဖလား ၁၈လုံး ရမယ့် အနေအထားနဲ့ အနီးစပ်ဆုံး ရောက်ရှိခဲ့တဲ့ နှစ်ပေါ့။
ဒါပေမယ့်လည်း ရာသီအစမှာ သရဲနီတွေအတွက်က တိုက်ကြီးများဖလား ကန်မှုနဲ့ ပွဲကျန်တွေများပြီး ၊ ကြိုးကြာနီတွေက အမှတ်ပေးဇယားမှာ အမှတ်ပြတ် ဦးဆောင်နေခဲ့ပါတယ်။

ဒါပေမယ့်လည်းပေါ့နော် ကြိုးကြာနီတွေရဲ့ ဦးသျှောင် ဘန်နီတက်ဇ် "Fachts" ဆိုတဲ့ စာရွက်တစ်ရွက်နဲ့ သတင်းစာရှင်းလင်းပွဲလုပ်ပြီးတဲ့အချိန်က စပြီးတော့ "falling slowly" သီချင်းဆိုပြီး ကြိုးကြာနီတွေ အောက်ဆင်းသွားတာ
နောက်ဆုံးမှာတော့ အားလုံးသိပြီးကြတဲ့ အတိုင်းပဲ ဖြစ်လာခဲ့ပါတယ်။


" နှုတ်ဆက်ပါတယ် ကန်တိုနာ...မင်းတို့လည်း ငါတို့လို ဖလား ၁၈ လုံးရပြီးရင် ပြန်လာခဲ့ပါ"

ကိုမှတ်မိသေးဦးမှာပေါ့။


မင်းတို့ အရမ်းနှုတ်ဆက်ချင်နေတဲ့ ကန်တိုနာကို ခုလွတ်လွတ်လပ်လပ် နှုတ်ဆက်လို့ ရပြီးလေ။

မင်းတို့ပြောပြောနေခဲ့ကြတဲ့ ဖလား ၁၈လုံးနဲ့ အတူ ငါတို့ ပြန်လာခဲ့ပြီးလေ။

မင်းတို့ပြောခဲ့ သလိုပဲ ငါတို့ရဲ့ ဘုရင် ကန်တိုနာကို ပြင်သစ်လေသံနဲ့ Bonjour(ဟယ်လို) လို့ ပြောပြီး နှုတ်ဆက်လိုက်စမ်းပါ။

အဝေးပွဲကြည့်စင်ဘက်မှာ ရှိတဲ့ ကန်တိုနာ ရဲ့ ဘက်တော်သား ငါတို့ သရဲနီတွေကို ငေးကြည့်ရင်းနဲ့ပေါ့.........


မှတ်ချက်။ ။ therepublicofmancunia မှာ ဆောင်းပါးကို တော်သလိုလျှော်သလို ဘာသာပြန်သည်။

Read original article here

Monday, October 19, 2009

The Life of a Ballerina

ဟိုး ရှေးရှေးတုန်းက ဘဲလေးအက ကို အရမ်း ကတတ်ချင်တဲ့ကောင်မလေးတစ်ယောက် ရှိပါတယ်။ သူက အရမ်းကို တတ်ချင်လွန်းလို့ သူ့ကလေးဘ၀ တစ်လျှောက်လုံးမှာ မရပ်မနားပဲ သင်ကြားခဲ့တယ်။
ဒါပေမယ့်လည်းပေါ့ သူမက သူမမှာ ဘဲလေးကဖို့ ပင်ကိုယ်၊စွမ်းရည် ပါလာတယ်၊မပါလာဘူးဆိုတာကို အမြဲတမ်းပဲ သိချင်နေခဲ့တယ်။

အဲလိုနဲ့ပဲ တစ်နေ့မှာ သူမနေထိုင်တဲ့ မြို့ကို နာမည်ကြီး ဘဲလေး အကဖွဲ့ တစ်ခုရောက်လာပါလေရော။
မိန်းကလေးကလည်း သူမအတွက် အခွင့်အရေးပဲဆိုပြီး သူမ ဘ၀တစ်လျှောက်လုံး သိချင်တဲ့ အရာကို အဲဒီ အဖွဲ့ က ဆရာထံ သွားရောက်တွေ့ဆုံပြီး၊ မေးမြန်းပါတယ်။

ဒါနဲ့ပဲ ဆရာက ပထမဆုံးအနေနဲ့ သူမကို ကပြဖို့ပြောပါတယ်။ ဒါပေမယ့်လည်းဘယ်လောက်မှ မကြာလိုက်ဘူး ဆရာကြီးက ခေါင်းကို တွင်တွင်ခါပြီး မဖြစ်နိုင်ပါဘူးလို့ပြောလိုက်ပါလေရော။

အဲဒီမှာပဲ မိန်းကလေး က စိတ်နှလုံး အရမ်းကို ကြေကွဲထိခိုက်ပြီး၊ သူ့ ဘဲလေးကဖို့ အသုံးအဆောင်တွေ ကို အကုန်ပစ်၊ ဘယ်တော့မှ မကတော့ဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်။
နောက်တော့အိမ်ထောင်ပြုလိုက်ပြီး၊ ကလေးတွေ အသက်ကြီးလာတဲ့အခါမှာတော့ အချိန်ပိုင်းအလုပ်တစ်ခုကိုပဲ ၀င်လုပ်နေတာပေါ့။

ဒီလိုနဲ့ ပဲ အချိန်တွေ ပြောင်း၊ လတွေဟောင်းပြီး နှစ်ပေါင်းတော်တော်ကြာ ကုန်သွာပါရော။
နောင်နှစ်အနည်းငယ်အကြာမှာပဲ ဒီမြို့ ကို လာခဲ့တဲ့ ဘဲလေးအဖွဲ့ ကတစ်ကြော့ပြန် ရောက်ရှိလာပါတယ်။
တိုက်တိုက်ဆိုင်ဆိုင်ပဲ မိန်းကလေးနဲ့ ဘဲလေးဆရာတို့ ပြန်တွေ့ကြပြန်ပါတယ်။

သူမက ဆရာကြီးကို အလာပ၊သလာပ တွေပြောပြီး၊ သူမကို မှတ်မိလားမမှတ်မိ လားမေးတာပေါ့။ နောက်သူမက သူမ စိတ်ထဲမှာ မတင်မကျဖြစ်နေတာကို ဆရာကြီးကိုမေးပြန်ရော။

သူမ သိချင်တာက ဆရာကြီးကအရင်တစ်ခါ သူမမေးတုန်းက ဆရာကြီးက သူ့မှာ ပင်ကိုယ်စွမ်းရည် မရှိဘူးဆိုတာ ဘာကြောင့်သိတာလည်းပေါ့။

ဆရာကြီးက " မိန်းကလေး၊ အဲဒီတုန်းက ငါ မင်း ကတာကို သေချာမကြည့်ခဲ့ပါဘူး။ ငါက ငါ့ဆီကို လာတွေ့တဲ့သူတိုင်း ကို အဲလိုမျိုးပဲ ပြောခဲ့တာပါ" လို့ပြောပါတယ်။

ဒါနဲ့ပဲ မိန်းကလေးက
" တော်တော်ရက်စက် တာပဲ ဆရာကြီးရယ်။ ဆရာကြီးပြောခဲ့တဲ့ စကားလုံးတွေကို ကျွန်မ ဘ၀ ကို လုံးဝဖျက်ဆီးပစ်လိုက်တာပါ။ ဆရာကြီးသာ မပြောခဲ့ရင် ကျွန်မ ခုချိန်ဆို နာမည်ကြီးတဲ့ ဘဲလေးအကမင်းသမီး တစ်ယောက် ဖြစ်နေလောက်ပြီး" လို့ ငို ရှိုက်ပြီး ပြောပါလေရော။

ဒါပေမယ့် ဆရာကြီးက ပြန်ပြောတာက
" ငါကတော့ ငါ့အပြစ်မဟုတ်ဘူးလို့ ထင်တယ်။ မင်းဆီမှာ တကယ် ပင်ကိုယ် အရည်အချင်းရှိရင် မင်း ငါပြောတာကိုလည်း ဂရုစိုက် နားထောင်မှာမဟုတ်ဘူး။ ပြီးတော့ ခုလို လွယ်လွယ်လေးနဲ့ လည်း မင်းကြိုက်တာကို စွန့်လွှတ်နိုင်မှာ မဟုတ်ဘူး။ သေချာ စဉ်းစားကြည့်ပါဦး" လို့ ပြောလိုက်ပါတယ်။

Okie.

So, here, whom was to be blamed for and why should he/she be blamed?

Friday, September 11, 2009

Joseph Campbell (The Hero with a Thousand Faces)

"Furthermore, we have not even to risk the adventure alone; for the heroes of all time have one before us, the labyrinth is fully known; we have only to follow the thread of the hero-path. And where we had thought to find an abomination, we shall find a god; where we had thought to slay another, we shall slay ourselves; where we had thought to travel outward, we shall come to the center of our own existence; where we had thought to be alone, we shall be with all the world."

Thursday, September 10, 2009

Frost-Nixon (1)

Nixon- Hey, take my advice. You should marry that woman.

Frost-Yes. Lovely, isn't she?

Nixon-More important than that. She comes from Monaco. They pay no taxes there.

Wednesday, September 9, 2009

In the blink of an eye...

Axel Witsel's Horror Tackle Draws Attention

Highly rated Anderlecht defender Marcin Wasilewski is facing at least twelve months on the sidelines after he suffered a horrific leg injury against Standard Liege on Sunday.

Read full story here










Personally, I feel really sorry for Marcin Wasilewski. It was really a very horrific tackle. The first time I saw, I was like really shocked. How on earth could a player do such a thing to his fellow player? Intentional or unintentional; I think it was clear. It is a career-ending injury. I hope that it is not so. As of today, Witsel faced 10-game suspension. Will that be enough? I am not really sure. I agree that football is a contact game. However, when there is intention to injure others, it becomes a different story. For such a beautiful game, ugly tackles like this should never happen.
I just hope that Axel realize how his stupid decision could cost a player's life. However, people should not go too hard on Axel in my opinion. The incident has happened and we cannot do anything to rewind. There is a punishment but if he doesn't learn anything, it will still be useless.

Anyway, what goes around will come around and we shall reap what we sow.
Good luck and all e` best, Marcin Wasilewski! Come back stronger than ever!

Saturday, September 5, 2009

How our inner Ego sometimes misjudges a PERSON

A lady in a faded grey dress and her husband, dressed in a homespun suit walked in timidly without an appointment into the Harvard University President's outer office. The secretary could tell in a moment that such backwoods, country hicks had no business at Harvard and probably didn't even deserve to be in Harvard.

"We want to see the President" the man said softly.

"He'll be busy all day" the secretary snapped.

"We'll wait" the lady replied.

For hours the secretary ignored them, hoping that the couple would finally become discouraged and go away. They didn't and the secretary grew frustrated and finally decided to disturb the president.

"Maybe if you see them for a few minutes, they'll leave" she said to him.

The President, with dignity, strutted toward the couple.

The lady told him
"We had a son who attended Harvard for one year. He loved Harvard. He was happy here. But about a year ago, he was accidentally killed. My husband and I would like to erect a memorial to him, somewhere on campus."

The president wasn't touched....He was shocked.

"Madam "he said, gruffly, "we can't put up a statue for every person who attended Harvard and died. If we did, this place would look like a cemetery."

"Oh, no," the lady explained quickly "We don't want to erect a statue. We thought we would like to give a building to Harvard."

The president rolled his eyes. He glanced at the gingham dress and homespun suit, and then exclaimed,
"A building! Do you have any earthly idea how much a building costs? We have over seven and a half million dollars in the physical buildings here at Harvard."

For a moment the lady was silent. The president was pleased. Maybe he could get rid of them now.

The lady turned to her husband and said quietly,
"Is that all it costs to start a university? Why don't we just start our own?"

Her husband nodded. The president's face wilted in confusion and bewilderment. Mr. and Mrs. Leland Stanford got up and walked away, traveling to Palo Alto, California where they established the University that bears their name.

Stanford University, a memorial to a son that Harvard no longer cared about.

Most of the time we judge people by their outer appearance, which can be misleading.... And in this impression, we tend to treat people badly by thinking they can do nothing for us. Thus we tend to lose our potential good friends, employees or customers.

Remember In our Life, we seldom get people with whom we want to share grow our thought process. But because of our inner EGO we miss them forever.

It is you who have to decide with whom you are getting associated in day to day life.

I end this beautiful story with a note:
Small people talk about others,
Average people talk about things,
Great people talk about ideas.


FROM: SHEELA KOCHAR

ရှင်မဟာသီလ၀ံသဆို သံဝေဂရတုပိုဒ်စုံ

အရညကင်၊ တောသို့ဝင်၍၊ ဓူတင်ရအောင်၊ ရွာကိုရှောင်မှ၊ လေးထောင်ထွာဖြတ်၊ အစွန်းလွတ်သား၊ ကိုင်းညွတ်ကွေးကွေး၊ ကုပ်လုပ်လေးတာ၊ ပြန်ငါးရာဖြင့်၊ သင်္ချာမှန်လှ၊ တကောသ၌၊ နေထကိန်းအောင်း၊ သင်္ခမ်းကျောင်းလည်း၊ ညောင်စောင်းဆန့်ရုံ၊ တစုံသင်္ကန်း၊ ဖန်ရည်စွန်းသား၊ ခါးပန်း, သင်းပိုင်၊ ဓမ္မကရိုင်, ပဲကွပ်၊ သပိတ်, အပ်နှင့်၊ ကိုယ်ဝတ်, ဒုကုဋ်၊ လက်သုတ်ကိုင်သွား၊ ကရား, သားရေနယ်၊ ပခုံးလွယ်၍၊ လေးဆယ်ကမ္မဋ္ဌာန်း၊ ကသိုဏ်းဝန်းလည်း၊ စီးဖြန်းထစ်ထစ်၊ ထွာလေးသစ်ဖြင့်၊ မချစ်ဖော်ရွေ၊ ကိုယ်ထည်းနေမှ၊ ဧကစာရ၊ မာန်စောင်ချလျက်၊ လောဘမစော၊ လူမနှောသည်၊ တတောထွက်လျှင်၊ တတောဝင်၍၊ တပင်ထွက်သွား၊ တပင်နားလျက်၊ ခေါင်းပါးအစာ၊ မျှရုံသာလျှင်၊ ပမာနှိုင်းတု၊ ကြက်ဥထက်မြှောက်၊ ဒေါင်းဥအောက်ဖြင့်၊ ချောက်ချောက်မများ၊ လုပ်ရေစားမှ၊ လေးငါးလုပ်လျှော့၊ ဖျော့တော့ကိုယ်လက်၊ ပစ္စ၀က်လည်း၊ နေ့ရက်အမြဲ၊ သုံးစွဲတိုင်းပင်၊ ရွတ်ဆင်ချင်မှ၊ သုတ်သင်အာပတ်၊ ပရိဝါသ်နှင့်၊ မာနတ်ဘန်သွင်း၊ မကင်းစောင့်စည်း၊ သီလဆည်း၍၊ ပုလလည်းဆင်၊ ကျင့်သောသွင်သို့၊ အောင်မြင်တမ်းခွန်၊ သာမျိုးလွန်သည်။ ။ နိဗ္ဗာန်ရွှေမြို့ ပျော်မည်ဘို့။

မယှဉ်သဘင်၊ စိတ်ကိုသင်၍၊ တောဝင်ပြီပြီ၊ ညရီနံနက်၊ ခပ် တံမြက်နှင့်၊ ကိုယ်လက်ကျန်းအောင်၊ သုံးရေဆောင်၍၊ ညောင်ဗောဓိပင်၊ စေတီပြင်ကို၊ သုတ်သင်လှည်းလျက်၊ ကျောင်းသို့တက်မှ၊ ဓမ္မစကြာ၊ မဟာသမယ၊ မင်္ဂလနှင့်၊ ရတနသုတ်၊ မေတ္တသုတ်က၊ ပေါင်းချုပ်မကွာ၊ ခန္ဓာ မောရ၊ ၀ဋ္ဋသုတ်ပါ၊ ရတနာရွှေချိုင့်၊ တံတိုင့်ပမာ၊ စောင်ရန်းကာလျက်၊ မေတ္တာပြုပြီး၊ ဆွမ်းခံနီးသော်၊ ကြယ်ကြီးနက္ခတ်၊ အခါမှတ်လျက်၊ လွယ်သွတ် သပိတ်၊ မေတ္တာစိတ်ဖြင့်၊ ပရိတ်ရွတ်သွား၊ သင့်ရာနားမှ၊ ခါးပန်းပတ်ရစ်၊ ဒူးပုဆစ်မျှ၊ ရှစ်သစ်ချ၍၊ ၀တ်ထ သင်းပိုင်၊ ထဲပြိုင်ရောရှုတ်၊ ဒုကုဋ် ထိုထက်၊ လေးသစ်တက်မှ၊ နှစ်ဘက်အစွန်း၊ အ၀န်းသပ်သပ်၊ အနားပါတ်လည်း၊ မချွတ်တာရှည်၊ မြဲအောင်ချည်၍၊ လည်လက်ကောက်ဝတ်၊ ဖုံးလွှမ်းပတ်ရစ်၊ အိတ်သွတ်ရေကျင်း၊ မကင်းလက်နှိုက်၊ သပိတ်ပိုက်လျက်၊ ငိုက်ငိုက်မျက်နှာ၊ ပြင်းစွာမသွား၊ ရွာတွင်းကြား၌၊ ရထားထမ်းပိုး၊ မျှော်ရိုးတည့်တည့်၊ လေးတောင်ကြည့်၍၊ မလှည့်အာရုံ၊ ရေလုပ်ငုံသို့၊ ခြေစုံရှေ့တွင်၊ ရပ်သည် မြင်မူ၊ ပွတ်စင်ရောင်မောင်း၊ စလောင်းလက်စွဲ၊ လှူဆဲဆဲ၌၊ လက်ဝဲလှစ်ခွါ၊ လက်ယာညွတ်ခံ၊ ၀ိနည်းကံနှင့်၊ တစံတည်းပင်၊ ယွင်းမထင်သည်။ ။ မဂ္ဂင် ကူးတို့ လှော်မည်ဘို့။

တစဉ်တပြင်၊ ဘုံသုံးခွင်၌၊ လွတ်ချင်သောကွေ၊ ကျင့်ဘူးလေသား၊ သက်သေ သော်ကား၊ ရေသော်များ၏၊ မင်းသားတေမိ၊ ဣသိဇနက်၊ တောထွက်လေဘူး၊ ဂုဏ်အထူးနှင့်၊ ကျေးဇူးများစွာ၊ သုမေဓာတို့၊ မြိုင်သာတောဖျား၊ သစ်သီးစား၍၊ လေးပါးဗြဟ္မ၊ ၀ိဟာရကို၊ ရွရွစီးဖြန်း၊ ကမ္မဋ္ဌာန်းကြောင့်၊ မစွန်းသီလ၊ ဈာန်ပျံရ၍၊ ဗြဟ္မဘုံနေ၊ ပျော်ဘူးလေ၏၊ လူ့ပြေခါသင့်၊ သစ္စာပွင့်က၊ ထိုနှင့်တကွ၊ ဈာန်မရတည့်၊ နောက်မှဝါသနာ၊ ပါစိမ့်ငှာလျှင်၊ သဒ္ဓါအလွန်၊ ရှိသင့်တန်ဟု၊ သုဿန်,ရုက္ခ၊ အရညနှင့်၊ တူကွမကွာ၊ သောသာ, နိသစ်၊ ကျိုက်လစ်ပံ့သကူ၊ ဆောင်ယူမြဲဘိ၊ တိစီဝရိက်၊ ကျင့်ဝတ်စိတ်ဖြင့်၊ သိေဿာမကွာ၊ အရိယာတို့၊ ယထာသန္တတိ၊ မရှိနှိုင်းပြိုင်၊ ပတ္တပိုင်နှင့်၊ ခရိုင်ရောရု၊ ခလုပစ္ဆာ၊ ဧကာသန၊ မလွတ်ရတည့်၊ ခံထဆွမ်းဝတ်၊ ပိဏ္ဍပတ်ဖြင့်၊ မပြတ်သမ္ပဒါန်၊ အမှန်မြဲပင်၊ ရှေးအစဉ်မူ၊ ဓူတင်အမျိုး၊ သုံးဆယ့်ကိုးနှင့်၊ ကျင့်ရိုးအမှန်၊ ဓိဋ္ဌာန်ဝိကင်၊ ရှစ်ရပ်လုံ့လ၊ ကြောင့်ကြ ဆယ်ဖြာ၊ ပစ်ခွါရှောင်ထ၊ အရိယတို့၊ ၀ံသလေးသွယ်၊ စင်ကြယ်သီလ၊ သန္တောသဟု၊ ဓမ္မကျင့်မှု၊ ဆဲ့နှစ်ခုကို။ ။ သာဓုနတ်တို့ ခေါ်မည်ဘို့။


From မေဓါဝီဘလော့ခ်

စလေဆရာကြီး ဦးပုညဆို - သံဝေဂတေးထပ်

(၁)
အဇ္ဇေ၀ သုဝေး၀၊ ခုတွေးဆပြန်လှန်။ ယနေ့လား နက်ဖြန်၊ ရက်မှန်မှန် မသိ။ အနိစ္စလက္ခဏာ၊ သန်ဘက်ခါ ဆုံးစမရှိ။ ။ လူ့အသက်ပုံပမာ၊ ပဒုမ္မာနေထိ။ ကုန်မကွာ ကြွေရိလို့၊ ဇာတိပ သန္ဓေ။ ၀ဋ်ဒုက္ခာ သံသာဝဲ၊ တနဲစီ ဖြစ်ပျက်သာပွေ။ ။ နောင်ရိက္ခာ ပါလေအောင်၊ အဋ္ဌင်္ဂေ သီလနှင့်။ တလ လေးရက်ဝယ်၊ မြဲပါတော့မယ်။ ကျန်နှစ်ဆယ့် ခြောက်ရက်ဝယ်၊ ငါးပါးကွယ် သီလနှင့်လေး။

(၂)
နေ့မြင်လို့ ညပျောက်၊ ကြောက်စရာ့ ရုပ်ကောင်။ ဤကာယ ပုပ်ဟောင်ကို၊ မဟုတ်အောင် ကြံဘူး။ မမွေ့လို့ ယနေ့ခွါမယ်၊ ပြည်ဇေယျာကမ်းသို့ ရည်စူး။ ။ သည်ဝဋ်က ကိုယ်လွတ်ရှောင်မယ်၊ ထေရ်ထွဋ်ခေါင် ထံဦး။ ဓမ္မချောင် တောင်ထူး၊ နောင်ကူးလိမ့်ပြောင်ပြောင်။ လေးတရာ ရွှေဆီမွှေးငယ်နှင့်၊ ခင်ခင်လေး ထုံးနေကြသျှောင်။ ။ မုန်းပါပေါ့ မဖုန်းခေါင်ငယ်၊ ကျော့သုံးတောင် သင်ရိတ်လို့၊ ရွှေစိတ်က အနုမြူ၊ စိုးမရွံ့သူ၊ ကြင်မမွေ့လို့ ခင်လေ့လူကို၊ သာဓုမူ ခေါ်ရစ်လို့လေး။

(၃)
ဗဟန်းချောင် ရိပ်သိင်္ဂ၊ နိဗ္ဗိန္ဒပွါးယူ။ ဆိတ်ငြိမ်စွ မှားမကူအောင်၊ တရားယူ ကျင့်သုံး။ ကိလေသ ယုတ်ဓမ္မေကို၊ သမုစ္ဆေ ကင်းဖြတ်အထုံး။ ။ စက်သြဃ ၀ဋ်နှောင်ဟာကို၊ လွတ်အောင်သာ ခွါရုန်း။ အရိယာကျင့်ထုံးဖြင့်၊ ဆင့်ဆင့်သုံး ဘာဝနာ။ ကသိုဏ်းဈာန် ဆင်မြန်း၊ တင်ကမ္မဋ္ဌာန်း ပွါးချင်တော့သာ။ ။ မရှုလစ်-လူ့ဖြစ်ဟာကို၊ ဥပေက္ခာ ပယ်ကန့်လို့။ နယ်အပြန့် ပြည်သီဝံ၊ မြန်းဖို့ စိတ်ညွှန်။ အ၀ိဇ္ဇာ့ တဏှာဝန်ကို၊ မဟာမွန် ပယ်ကြောင်းကွဲ့လေး။

(၄)
မုလေးရုံ တောမှာ၊ ဒေါနလမ်း မြေညီ။ လျှောကျစမ်းရေသင်းချီတယ်၊ ရွှေနှင်းဆီကန်ချောင်း။ လွမ်းမတတ် စကားဝါဂူမှာ၊ နံ့သာဖြူ လေးမောင့် စံကျောင်း။ ။ စပယ်ချပ် သရဖီချောင်မှာ၊ ခွါညိုတောင် ခိုအောင်း။ မွှေးနံ့သာ စုပေါင်း၊ နုညောင်စောင်းထက်မှာ။ ပဒုမ္မာကြာသင်္ကန်း၊ ခါဆင်မြန်း တော်မွေ့ပျော်ရာ။ ။ ပန်းသော်က တံတိုင်းကာတယ်၊ ဇီဇ၀ါမုတ်ခြားလို့၊ တံခါးက ချယားကြိုင်၊ သင်းတဲ့ ဂနိုင်။ ယုဇန မဟာမြိုင်မှာ၊ ကမ္ဘာတိုင် မှီးမယ်ပလေး။

(၅)
ဝတ်ကြောင်ကို လွတ်အောင်ရုန်းပါလို့၊ ထွတ်ခေါင်ဘုန်းစံရာ။ မမွေ့လို့ ယနေ့ခွါမယ်၊ မမေ့ပါတရား။ သင်္ခါရဖြစ်ပျက်ပုံကို၊ နှစ်သက်ပုံ ဝေးတဲ့စိတ်ထား။ ။ တောင်ထူးတဲ့ ချောင်ဦးသာမှာ၊ နောင်ကူးရာမမှား။ ဗြဟ္မစိုရ် ပိုပွါးလို့၊ ကိုယ်တရားကျင့်ညီ။ ဖန်လျှော်တေ ၀တ်လဲနှင့်၊ ကျွတ်ပွဲကို လှမ်းမဲ့ဝသီ။ ။ မောင်ဆင်သ-တဲ့ လှနှင်းဆီငယ်၊ စိတ်တူညီ မယ်လွှတ်ပ။ နောင်ကျွတ်ဖို့ တကိုယ်ရေ၊ မြန်းမယ်ပ-လေ။ ကမ္မဋ္ဌာန်းနှင့် မဂ်လမ်းခြွေမယ်၊ စက်ခန်းရဝေ စံရစ်ရှာတော့လေး။

(၆)
ဘော်မမှီ ဇော်ဂီလေ့၊ မျှော်ရည်၍ သိက္ခာ။ တော်ကြည်မွေ့ရိပ်သာမှာ၊ အ၀ိဇ္ဇာ မသန်း။ လိုဏ်နန္ဒ ချောင်ကေငူဝယ်၊ တောင်ဝေပူ ဆိတ်ငြိမ်တဲ့လမ်း။ ။ ပုတီးနှင့် အငြီးဖြေမယ်၊ သစ်သီးချွေဆွတ်လှမ်း။ နည်းထွေထွေ ၀ဋ်ခန်းက၊ ကျွတ်တန်းကို ရည်ရွယ်။ မှန်မသွေ ဆံခွေရစ်ပါလို့၊ ဖန်ရေသစ် လဲပါတော့မယ်။ ။ နောင်ကူးဖို့ သောင်ထူးကို ရွယ်တယ်၊ ဖောင်မှူးမယ် ဉာဏ်ဇောနှင့်၊ မှန်နှောတဲ့ သံယောဇဉ်၊ သောကမယှဉ်။ မက်လောဘ မမွေ့ချင်တယ်၊ ယနေ့ပင် မြန်းမယ်ပလေး။


From မေဓါဝီ ဘလော့ခ်

အချုပ်တန်းဆရာဖေဆို သံဝေဂတေးထပ်

(၁)
ထုံးရွှေရောင် နှောင်မကြော့ချင်ဘူ့း၊ တောင်တမော့ ဗွေစွန်။ မျှောင်ကတော့ ဟေ၀န်မှာ၊ မြေသလွန် စက်ကိန်း။ ကျင့်ခြိုးခြံ ဖြေဖျော်တယ်၊ နေရာတော် တောသစ်ရွက်စိမ်း။ ။ ပင်စကားဝါ့ ရိပ်သာမှာ၊ အ၀ိဇ္ဇာဖျောက်သိမ်း။ တသိက္ခာ စောင့်ထိန်းလို့၊ တယောက်ငြိမ်းကြံစည်။ ကမ္မ၀ါ ရွှေစာထမ်းပါလို့၊ ခေမာလမ်း ကူးလိုက်ပါတော့မည်။ ။ ဆွတ်လှမ်းလို့ ကျွတ်တမ်းကိုရည်တယ်။ ၀တ်ပန်းထည် ဆင်သစ်နှင့်။ ကြင်ချစ်သူ ဖော်မခေါ်၊ မြန်းချင်ပေါ့နော်။ မေတ္တာသွန်းတဲ့ ငယ်ကျွန်းဖော်ငယ်၊ အလွန်းတော် ပြေရစ်ရှာတော့လေး။

(၂)
လောကဓံ ပြည်ဓလေ့ကို၊ သည်ယနေ့သိမ်းမည်။ ကြည်မမွေ့ကိန်းနယ်ကို၊ ငြိမ်းလွယ်အောင် ကြံပေါ့။ သူတော်မြတ် ခန္တီဝါလို၊ စံမှီရာ ယွန်းစို့ အသော့။ ။ သင်္ခါရဖြစ်ပျက် မှောင်ကို၊ နှစ်သက်ပေါင် တန်တော့။ သစ်နက်ရောင် ဖန်ဝါပျော့နှင့်၊ ကန္တာကြော့ ရိပ်လယ်။ ခင်လေးမောင် စေနာထူးပါလို့၊ ခေမာကူး ကြည်လိုက်ပါတော့မယ်။ ။ သိုဝှက်လို့ ကိုယ်တွက်ရွယ်တယ်၊ ဖိုလ်မဂ်ကွယ် ရည်စူးလို့။ ကြည်နူးတဲ့ ဘာဝနာ၊ ပွါးချင်တော့သာ။ ၀ဋ်ကိန်းက လွတ်ငြိမ်းခွါတယ်၊ ဒွတ္တိံသာ မြဲချင်ပေါ့လေး။

(၃)
နန်းသပြေပင်ညွန့်နှင့်၊ စမ်းရေကွန့်ရိပ်ပြန်။ ပန်းဟေ၀န့် ဗိမာန်၊ အဓိဋ္ဌာန် တင်မြန်း။ ပင်လုံးကျွတ် ပွင့်ဝေဖြာတယ်၊ ဧကစာသုံးတဲ့ သင်္ခမ်း။ ။ မြတ်နွယ်ညွန့် တည်မရာမှာ၊ လှည့်လက်ျာ ခွေမြန်း။ စည့်မျက်နှာ မြေကြငှန်း ငယ်သို့၊ ချွေမြန်းလို့ စိတ်သာ။ တင်စလွယ် ဆင်ခြယ်သ၊ အဋ္ဌင်္ဂ သုံးဆောက်တည်ကာ။ ။ တကိုယ်မွေ့ ဆိတ်ငြိမ်ရာဝယ်၊ နိဗ္ဗိန္ဒာ ကြည်ဇောနှင့်။ သည်တောမြိုင်ဝေပူ၊ ပန်းစုံကကြူ။ ကမ္မဋ္ဌာန်းရ အုတ်ဂူမှာ၊ ရုက္ခမူ ပျော်ဆုံးပလေး။

(၄)
နှစ်ကိုယ်တူ ကြံရာကျအောင်၊ ကန္တာရ လှမ်းမယ်။ ဖလ်ကြာကြွ နန်းလယ်မှာ၊ စံမြန်းတယ် မမွေ့။ မူခြားလို့ ဂူအားကို ရှာမယ်၊ လူပါးရာ မြန်းစို့ တမေ့။ ။ သံသာရ ရဟတ်နယ်ကို၊ ပြတ်ချင်တယ် ယနေ့။ မေပါလျှင် ချွေတာလို့ ရွေ့နိုင်ရဲ့၊ သေလာကွေ့ မြိုင်လယ်။ နိဗ္ဗူကို စိတ်တူကြွရအောင် ဘိက္ခူမ လုပ်ပါတော့ကွယ်။ ။ ပုတီးနှင့် ခရီးလယ်မှာ၊ ပြီးစလွယ် ဟန်သိမ်းလို့။ ဖန်ပိန်းကြော့ နံ့သာနီလွင်၊ လဲစို့ ခင်ခင်။ ခိုင်တကြော့ နဂိုရ်ယဉ်ငယ်၊ မငြိုငြင် စမ်းပါနှင့်လေး။

(၅)
နှစ်ကိုယ်တူ ဆံချလို့၊ ကြံကြစို့ သက်လယ်။ သံသာရစက်နယ်ကို၊ ထွက်လွယ်အောင် ရည်စူး။ ချစ်တဲ့ဘေ စိတ်တူညီလျှင်၊ ဘိက္ခူနီ လုပ်ခဲ့ ကျော့မှူး။ ။ ဘ၀တိုင်း တသာကီရယ်၊ ပါရမီဆုထူး။ ညာမဒီ ချစ်ဦးနှင့်၊ ကျူးရင့်ကာ နှစ်ကိုယ်။ နိဗ္ဗာန်တိုင် စိတ်သန်မှု၊ ဓိဋ္ဌာန်ပြု တောင်းဆုပန်ဆို။ ။ သမ္ဘူလနုပျိုလို၊ ကုသိုလ်တော်တရားနှင့်။ လင်သားဝတ် ဤငါးဖြာ၊ မြဲပမကွာ။ ဖေချစ်တဲ့ ခင်ကညာရယ်၊ ရည၀ါ ခိုအောင်းစို့လေး။

(၆)
သလွန်တော် ဂမုန်းပွင့်မှာ၊ ကုံးဆင့်ဆင့် ပြုကာ။ အုံးစွင့်စွင့်နုစွာဝယ်၊ ယုဇနာ ရှိန်ကြွေ့။ ရွှေညဥ့်ရုံ လွန်ဆန်းပွေတယ်၊ ဇွန်ပန်းငွေ ဖြန်းရွေ့သိမ်မွေ့။ ။ အိပ်ရာတော် သတ်မွှေးထုံတယ်၊ နတ်သွေးလှုံဓလေ့။ မြတ်လေးငုံ အပြေ့နှင့်၊ ပြကတေ့မူရာ။ ခြင်ရံတော် တကယ်ဆန်းငယ်က၊ စပယ်ပန်း လှပ်လှပ်သာဖြာ။ ။ သဇင်ပန်း မုတ်သီဟာမှာ၊ ဇီဇ၀ါ တန်တိုင်းနှင့်။ ကသိုဏ်းကျ ဂန္ဓမာ တောင်ရံ၊ နှင်းရီမြကန်။ ။ ကျောက်စိမ်းမြ ဒီဃာရံကို၊ ညီလာခံ ကွန့်မယ်ပလေး။
***
အချုပ်တန်းဆရာဖေရဲ့ သံဝေဂ တေးထပ်တချို့ထဲမှာ တောထွက်တာတောင် အဖော်လေးနဲ့မှတဲ့။ အင်းလေ … ဒါကြောင့်လည်း သူတော်ကောင်း သူမြတ်လောင်းတွေအတွက် ပါရမီဖြည့်ဘက်က အရေးကြီးပေတာကိုး။ နိဗ္ဗာန်ကို တယောက်ထဲ သွားရမှာ ပျင်းတဲ့ အတောင်နှစ်ဆယ်ဝတ်တွေ ဆရာဖေ့ တေးထပ်လေးတွေ ဖတ်ပြီး ကျေနပ်နှစ်သက်ကြမယ် ထင်ပါရဲ့။


From မေဓါဝီ

ဖြစ်ရလေ

မောင်ကြီးနှမ ခိုင်သဇင်
ဘယ်ဆီများလဲ ဟင်။
ခေါင်းမှာ ရွက်လို့ ရေအိုးတင်
ရေခပ်သွားမယ်ရှင်။

ရေအိုးထမ်းလို့ လိုက်ခဲ့ချင်
လိုက်ရမလား ဟင်။
မောင်ကြီး မေတ္တာ ပန်းကိုဆင်
လက်ထပ်မလားဟင်။
မောင်ကြီးသဘော အတိုင်းပင်
နာယူပါ့မယ်ရှင်။

နှမလေးရဲ့ မွေးဖခင်
ဘာလုပ်စားမလဲ ဟင်။
ထွန်ထယ်ရုန်းလို့ လယ်ကွင်းပြင်
လယ်လုပ်စားတယ်ရှင်။
မောင်ကြီးနှမ ခိုင်သဇင်
ပစ္စည်းရှိလားဟင်။
နှမလေးရဲ့ အဆင်းပင်
ပစ္စည်းပါပဲရှင်။
သည်လိုဖြင့်လဲ ခိုင်သဇင်
မယူနိုင်ဘူးထင်။
ယူပါလို့များ ပျိုလေးခင်
ပြောဘူးလို့လားရှင်။ ။

ပွဲတွေ့ အမှား

ဟုတ်ပလေ၊နှုတ်ချွေဟရမှာဖြင့်၊ ပုဗ္ဗေစထင်လေရဲ့။ ။
ကောသလငယ်တို့၊ဘ၀အသရေလန်းပါတဲ့။
ရွှေနန်းစံ ရာနရိန်မှ၊ ခါချိန်တန် ပျက်စမြဲဟာမို့၊ စွဲမိသံဝေ၊ ။
အကုသိုလ် ဃာတကတ်ရယ်က၊ ယခုလိုလာလို့ ဖြတ်တာကြောင့်၊ ဇရပ်သို့ ပြေးရလေ၊ ခွေးသေလို့ သေရငြား။ ။
သိလျက်ပင်၊ ၀ိပါက်ကြမ္မာငင်ထင့်၊ ရွှေဥာဏ်ရင် မဝေခွဲနိုင်ဘု၊ ပွဲတွေ့ အမှား။ ။


ဦးပုည နောက်ဆုံးအချိန်အချုပ် ကျခံနေရချိန်မှာ ရေးထားသော ကဗျာဟုဆိုပါသည်။
မြင်းကွန်းမြင်းခုံတိုင် အရေးတော်ပုံတွင် အခါပေးသည်ဟုစစ်မေးတွေ့ ရှိသဖြင့်မြို့ ဝန်ဦးသာအိုးထံ အကျယ်ချထားစဉ် ၁၂၉၉-ခု၊နယုန်လတွင် ဦးသာအိုးက အငြိုးအတေးနှင့် အဆုံးစီရင်မှုကိုခံရသည်။
မင်းတုန်းမင်းကြားသိသောအခါ " လူကိုခွေးသတ်လေခြင်းဟုမိန့် တော်မူလေသည်။"

ဤကဗျာတွင် ဦးပုည၏ နောက်ဆုံးအချိန်ခံစားမှုကို ပေါ်လွင်စွာတွေ့ ရှိနိုင်ပေသည်။

သပြေနုချိန်

ဘဂ၀ါဘုရားစက်ပျံ နိဗ္ဗာန်ကောင်းကင် စခန်းပေပေါ့
ပါဒနက်သန် ဗိမာန်ကျောင်းသင်္ခမ်းတွင်မှ
ခအောင်း ကညင်သဖန်းငဲ့ပြင်
ထနောင်းပင် တစ်နန်းရယ်တဲ့ ၀နာက ဘယံအငူ

(အိုကွယ်) အပေါင်းဘ၀င်ချမ်းစေဖို့ 
အကောင်းတမင် မှန်းမှန်းပြီး
ဒေါင်းအဆင်ဆန်းတွေနဲ့  ပ၀ါအလံထူ။



(သြော်) ပြေအမှုပေမို့ 
ငွေခရုငယ်နှင့်
ဇေယျတုပါကွဲ့ 
သပြေနုချိန် တင်ရန်ပန်းတွေကလဲ များလိုက်ပါဘိသနှင့်
ဖေပုရှိန် အင်္ဂလန်နန်းမြေသွား တို့ မှာဖြင့်
အားမြောက်ဖွယ် ကြံလွယ်ဖန်လွယ်နှင့်
အန္တရာယ် ရန်စွယ်မောင်းတဲ့ပြင်
မြန်နယ်ကို ပြန်လွယ်ကြောင်းတွေနှင့်
ဆုတောင်းကာ ပတ္ထနာဆင်တဲ့ပြင်
ဆရာအရှင် မင်းရို့ ကိုရင်မှိုင်းမှာဖြင့်
လယ်ကိုင်းသူ အရွယ်သင့်တွေနဲ့ 
မယ်မြင့်ခေါ် ကေသာဝတီရဲ့ ပြင်
ခေမာထေရီ မေရီကြော့ကြော့ ရွှန်းတို့ နှင့်
မဟာအလုံ အညာမုံရွာ တစ်ဝှန်းငဲ့ပြင်
ဟံသာဒဂုံပါ စံရာသထုံကွန်းဆီက
လွမ်းရက်မမေ့သူတွေမှာနော်ကွယ်
ဆွမ်းသက်စေ့လှူ။

(သြော်) အရင်းညွှန်ရမှာဖြင့်
အခင်းဖြင့် လွန်ခဲ့ပေါ့
သတင်းချွန် မင်းမွန် တစ်ပါးပေပေါ့
အတွင်းဝန်တွေပါ ကင်းဝန်တို့ သွားစဉ်က
ခုများလောက် စခန်းလမ်း မကြည်ဖြူ
(အို) အရမ်းမညီသူတွေကဖြင့်
ကလက်တက်တက် ပျက်တက်တက်နဲ့ 
ရက်ရက်စက်စက် ပြည်တည်တည်ပြော
(မယ်မြင့်ရယ်) မန်းပြည်ဇမ္ဗူဟာလဲ
အပျက်သီသီစော။

န၀င်းကိုက်ပြီ
အင်းသိုက်စာ အခါညီလို့ မို့ 
မြန်မာပြည်သာမည်အကြောင်းတွေနဲ့ 
ရှေးဟောင်းကို နောင်ပြန်မဲ့
တဘောင်ထံ အစပ်တေးမှာတော့
မြတ်လေးနွယ် စွယ်တော်ချောင်းမှာလ
ဒေါင်းအိုးဝေ တွန်သံသာမှဖြင့်
မွန် မြန်မာ ဗဟို နဂို့ ရ်တွင်မှ
ပျို့ တို့ မောင် ၀ါဝါ၀တ်ကိုလ
ဒေါင်းခွပ်မည် ထင်ရည်မှန်းကြပေတော့
မန်းမြစ်ညာ တောင်တော်စောင်းတွင်မှ
ကမ္ဗဋ္ဌာန်းချစ်ရှာသူတွေပါ နောင်သော်ဖြင့်
ကောင်းကြပေလိမ့်
ဗွေကောင်းကင် ရေချောင်းတွင် ဘူမိန်ဦးမှာလ
နေစောင်းလျှင် ရွှေဒေါင်းသူရိန် မြူးပါလို့ 
တွန်ကျူးသံသာ တျေတျာပုံသို့ 
ကွန့် မြူးဖန်ဝါ " ကေကာ " စုံပေါ့
သေလာရဂုံ ၀နာ အလှည့်အစောင်းတွင်မှ
ဇေယျာဘုံသာတဲ့ကျောင်းဆီက
(အမယ်မင်း) ကောင်းအတိတ်နှင့် ကြောင်းနိမိတ်
ထွေရာ စောလိုက်တော့
သောင်းထိပ် ရွှေမြန်မာတစ်ကြောတွင်ဖြင့်
(အို မယ်စန္ဒာရဲ့ ) ဒေါင်းပရိတ်တော်ကြောင့်
ကောင်းဟိတ် ဇေယျာသော။

လေးချိုးကြီး သခင်ကိုယ်တော်မှိုင်း

အချစ်နဲ့အမုန်း

ချစ်တယ်ကြိုက်တယ်
ဆိုပေတယ်လို့ 
သေအောင်ပင်ဆုတောင်း
ကြောင်းဆုံမှပေါင်း။

မုန်းတယ်မုန်းတယ်
ဆိုပေတယ်လို့ 
သေအောင်ပင်ကျိန်ဆဲ
ကြောင်းဆုံမှကွဲ။ ။
အမည်မသိရှေးစာဆို

ကံတရားအကြောင်းကို ရေးဖွဲ့ ထားတဲ့ ကဗျာလေးတစ်ပုဒ်ပါ။
ကံအကြောင်းတရားဟာ နားလည်ရခက်ကြောင်း ရိုးရိုးရှင်းရှင်းနဲ့ ရှင်းလင်းထားတာပါ။
စာအနည်းငယ်နဲ့ ထိထိမိမိ ဖွဲ့ ထားနိုင်ပါတယ်။
မျိုးကျော့မြိုင်စကားနဲ့ ဆိုရရင်တော့

" ချစ်တိုင်းလည်းမညား၊ စကားကိုသာ တီးတိုးရေရွတ်မိကာ" ပေါ့....

လယ်စောင့်တဲ

မိုးရေတက်ရေ တစ်ဖွေးဖွေး
ကွင်းကျယ်တဝေးဝေး။

လယ်စောင့်တဲလေးခြေတံရှည်
မိုးကုပ်အောက်မှာနေ။

ကြာဖြူတစ်ပွင့် နီတစ်ပွင့်
တဲနှင့်ပနံသင့်။

မင်းသုဝဏ်

ဘ၀နဲ့အလှ

ဒီကဗျာလေးကတော့ ကျွန်တော်အရမ်းကြိုက်တဲ့ ကဗျာလေးတစ်ပုဒ် ပါ။

ဘ၀နဲ့ အလှ

မြင်မြင်သမျှ ဤလောက၀ယ်
အလှတို့ ဖြင့် ပြည့်ဘိ၏။

မြင်မြင်သမျှ၊ ဤလောက၀ယ်
အလှတို့ဖြင့်၊ ခြယ်သဖြင့်လည်း
မြင့်ခွင့်ရှိမှ၊ မြင်စွမ်းရ၏။

အလှဟူငြား၊ မြင်သည်ထားဦး
ခံစားသိတတ်၊ ခံယူတတ်မှ
ကျိုးမြတ်ပီတိ၊ ရင်ဝယ်ငြိ၏။

ဪ...
လူ့ ပြည်လောက၊ ရခဲစွကို
ရလှာဘ၀၊ တစ်ခဏ၀ယ်
အလှမမြင်၊ လှမမင်ပဲ
မြင်ရန်မဖွေ၊ ဖွေရန်မသိ
ငါဖြစ်ဘိမူ၊ ငါ၏ဘဝ
ထိုခဏသည်
မည်မျှရှုံးလိုက်လေမည်နည်း။ ။

မောင်စွမ်းရည်

အလှကိုမြင်နိုင်သိနိုင်ခံစားနိုင်ကြပါစေ။ ။

စံပယ်ငုံ

စံပယ်တဲ့ လေးရုံ။
မလေးကွယ် မပန်ထိုက်
ပန်းပြတ်ခိုက်ကြုံ။
အပွင့်ရယ်ကုန်
တစ်ငုံကျန်ပါသေးရဲ့ ၊
ပန်ချင်သူ ညိုနွဲ့ နှောင်း ရယ်၊
ခေါင်းဖြီးခဲ့ လေး။

အမည်မသိရှေးစာဆို

ကျွန်တော် ဖတ်ဖူးတဲ့ ကဗျာစာအုပ်တစ်အုပ်မှာပြောထားတဲ့ ဒီကဗျာဟာ အဓိပ္ပါယ်ဆင့်ပွားရှိတဲ့ အမျိုးအစားလို့ ပြောပါတယ်။ ကဗျာရဲ့ အဓိပ္ပါယ်ကတော့ဒီလိုပါ။

ဘုရားငါးဆူပွင့်မယ့် ဒီကမ္ဘာမှာ လေးဆူသောဘုရားတို့ ဟာပွင့်တော်မူပြီးဖြစ်ပါတယ်။ကဗျာမှာ " တစ်ငုံကျန်ပါသေးရဲ့ " လို့ ပြောထားတာကနောင်ပွင့်မည့် ဘုရားတစ်ဆူကို ဆိုလို တယ်လို့ ပြောထားပါတယ်။
နောင်ပွင့်တော်မူမယ့် အရိမေတ္တယျ ဘုရားကိုဖူးခိုက်ကြုံလိုလျှင် ဒါန၊သီလ၊ဘာဝနာတို့ ကို လေ့ကျင့်ကြပါလို့  " ပန်ချင်သူ ညိုနွဲ့ နှောင်းရယ် ခေါင်းဖြီးခဲ့ လေး။" လို့ ဖွဲ့ ဆိုထားတယ်လို့ ပြောပါတယ်။

သန်လျင်ကျိုက်ခေါက်စေတီတော်ကြီး ဆီသို့

ပွင့်ရောင်အပ ဖူးစညွန့် ကိုက်
ငုံလိုက်စဲစဲ ပုလဲသန္တာ
နီလာခြယ်နစ် တင့်ကြောင်းရစ်သို့ 
ရှင်ချစ်ရှိရာ ပန်းတကာလည်း
ကုံးလာရွှေစက် ထိမူးဆက်၏
ဘဝဂ်ရပ်သူ နတ်လူဝှန်ချောက်
ညွတ်ခရောက်သည် ကျတ်ခေါက်ကောင်းကင့်ထွတ်တင်သော ။

နတ်သျှင်နောင်

ဪ နတ်သျှင်သူ့ကြောင့် တရေးမှောင့်ခဲ့

မဟာစေတီ မွေသရီ၏
မြေညီခင်းပြန့်  တလင်းသန့် ဝယ်
နှင်းပန့် တပဲ ဝတ်ဖြူလဲနှင့် 
နန်းထဲ နန်းလေ့
သီမဝှေ့ ဘဲ
ချမ်းမြေ့ စိတ်ကြည်
ပီတိ ရည်ဖြင့်
ခိုင်တည် နှလုံး
တဖြောင့် သုံး၍
နှောင်ထုံး ကေမင်
လျှောဖြေ ချင်လည်း
နတ်သျှင် သူ့ ကြောင့်
တရေး မှောင့်ခဲ့ 
မဖြောင့်ပြန့်  လွင့် 
နှောင်ကြိုး ဝင့်သည်
လူ့ လင့်ငွေ မျက်ရည်တကား .."

ရာဇဓါတုကလျာ

Beneath the Bough( Omar Khayyam)

" Here with a loaf of bread beneath
the bough
A flask of wine, a book of verse-
and thou
Beside me singing the wilderness
And wilderness is paradise enow."
Omar Khayyam

Translated to English by Edward Fitzgerald




သစ်ရိပ်သာဝယ်

သစ်ရိပ်သာဝယ်
ကဗျာလင်္ကာ၊ ဖတ်စရာနှင့်
အစာအတွက်၊ ပေါင်မုန့် တစ်ရှက်နှင့်
တစ်ခွက်သောက်လို၊ ၀ိုင်ချိုချိုနှင့်
နှစ်ကိုယ်ကြည်ဖြူ၊ မောင့်ချစ်သူနှင့်
အတူယှဉ်ကာ နေရပါသော်
ကန္တာရပင်၊ ဖြစ်ပါလျှင်လည်း
မြူးရွှင်ခိုလုံ၊ နိဗ္ဗာန်ဘုံဟု
ယုံကြည်မှတ်ထင်နိုင်သည်တကား။
မင်းယုဝေ

ပြောလိုက်ပါဘိ ဟောပါဘိ

ငါ့ညီပြောင်ဝင်း၊မောင်သစ်ဆင်း
မင်း၏သက်လှယ၊်မင်းသားငယ်သည်
သက်နှစ်ဆယ်ပင်ပြည့်ခဲ့ပြီး။

သူသုံးနှစ်သား၊ဖော်ချင်းများနှင့်
အူယားဖားယား
ကစားရာမှ၊နွားရုပ်ချ၍
နတ်ကျသည့်သွင်၊မင့်ရင်ခွင်သို့ 
ပြေးဝင်ပုန်းလာ၊သူ့မူရာကို
ငါမြင်ခဲ့၏ ၊ မှတ်မိ၏။

မိုးကစိုစို ၊ ကျီးအုပ်ပြို၍
ထိုမှဤမှ ၊ တို့ လမ်းမတွင်
ပျံကြ၀ဲကြ၊ ငရဲထသို့
အုံကြွမြည်အာ၊ မသာယာကို
ငါကြားခဲ့၏ ၊ မှတ်မိ၏။

ထိုနေ့၌ပင် ထိုချိန်ထင်၏
သခင်အောင်ဆန်း ၊ ပြည်သူ့ ပန်းသည်
ပွင့်လန်းခါစ ၊ ကြွေလိုက်ရ၏။
မြေခသတင်း၊ မိုးကြိုးခွင်းသို့ 
အိမ်တွင်းအိမ်ပြင်၊ တို့ လမ်းခွင်၌
မချင်မရဲ၊ ၀မ်းနည်းခံခက်
မျက်စိမျက်နှာ၊ ညှိးကြရှာသည်
ရွာဦးပိုင်းမှ၊ သင်္ချိုင်းထိ။

င့ါညီပြောင်ဝင်း၊မောင်သစ်ဆင်း
မင်း၏သားငယ်၊နှစ်ဆယ်သက်စစ်
သူ တို့ ခေတ်၌၊တိုင်းချစ်ပြည်ခင်
မြတ်စေချင်၏။
မင်းမြင်ငါကြား၊ စကားဥဒါန်း
ဆန်း၏သတ္တိ၊ ဆန်း၏သမာဓိ၊ ဆန်း၏ပညာ
ဆန်းမှာဆုံပေါင်း၊ယောက်ျားကောင်းတို့ ၊ ခေါင်းဆောင်သဘော
မင့်သားချောကို၊ပြောလိုက်ပါဘိ၊ဟောပါဘိ။ ။

ဆရာဇော်ဂျီ

ဝါဆိုပွဲ

အမေဆိုဆဲ၊ ၀ါဆိုပွဲ
လှည်းကလေးနဲ့ ပြေးရအောင်။

ကုက္ကိုပင် မြန်မြန်ခုတ်
လှည်းလုပ်ပမောင်။

လှည်းလုပ်ရင်ကြာတော့မယ်
မဘုတ်ဆုံတင်ပဆုံကြီး
လှည်းလုပ်လို့ စီး။

မဲဇာတောင်ခြေ

မဲဇာတောင်ခြေ၊ စီးတွေတွေတည့်၊ မြစ်ရေ၀န်းလည်၊ မြိုင်တောဆီက၊ ရွှေပြည်ကိုသာ၊ တရှာတော့မိ၊ မိုးရှိရှိလျှင်၊ သီရိကျက်သရေ၊ တက်ဖြိုးဝေသား၊ အောင်မြေကြော့ကြော့၊ ကုန်းမော့မော့နှင့်၊ ဘိုးတော့်ကောင်းမှု၊ တည်ထားပြုသည်၊ ဇမ္ဗူ့ဆီမီး၊ ခြောက်ရောင်ညီးမျှ၊ ဂူကြီးသခင်၊ ရွှေလင်းပင်နှင့်၊ ရွှေခြင်္သေ့မွေ၊ စ၍ရေသော်၊ ရွှေစေတီကြီး၊ အသီးသီးတည့်၊ ပိတ်ဆီးခြယ်သန်း၊ လျှပ်ရောင်တန်းမျှ၊ ရွှေနန်းရွှေဘုံ၊ အလုံးစုံကို၊ အာရုံမျက်မြင်၊ ဖူးမြော်ချင်၍၊ သည်တွင်ရွှေမြို့၊ သည်သို့စေတီ၊ သည်ဆီရွှေနန်း၊ ဖြောင့်တန်းတော့မည်၊ စိတ်ကရည်သည်၊ ရွှေပြည်ဌာန ဝေးသောကြောင့် ။

သဲသာသောင်မြေ၊ မြစ်ကမ်းခြေလည်း၊ အကြေတပြင်၊ တို့အောက်ခွင်ဝယ်၊ ရေယဉ်ပတ်ဝန်း၊ ပျော်ဘွယ်ထွန်းလိမ့်၊ တကျွန်းလောက်ပင်၊ ဝေးမည်ထင်ခဲ့၊ စီးသွင်ညိုရစ်၊ မဲဇာမြစ်လည်း၊ ထစ်ထစ်ထွန်းဘိ၊ ချုံအတိနှင့်၊ တောကြီးဆိတ်ညံ၊ ဆည်းကျံကျံဝယ်၊ ဓူဝံမပေါ်၊ မမျှော်ပါရ၊ နေကိုတလည်း၊ ဘယ်ကရှေ့နောက်၊ ဘယ်တောင်မြောက်ဟု၊ တွေးထောက်မမှန်၊ ဖန်ဖန်အံ့သြ၊ ကြံတိုင်းမောစွ၊ ဘယ်တောဘယ်မြိုင်၊ မသိနိုင်ခဲ့၊ မခိုင်စိတ်ဝမ်း၊ နေ့တိုင်းလွမ်းရှင့်၊ ကင်းစမ်းတောင်က၊ လေဦးစ၍၊ နောက်မှလေရှည်၊ အတည်တည်သည်၊ လေပြည်လာက အေးသောကြောင့်။

ပွဲခါညောင်ရေ၊ သွန်းမြဲပေတည်း၊ ရိုသေသဒ္ဓါ၊ ထုံးစဉ်လာဖြင့်၊ မဲဇာရပ်သူ၊ တောင်းဆုယူသည်၊ ရွှေဂူတော်နှင့်၊ ရှုတိုင်းတင့်သား၊ မိုးမြင့်သီခေါင်၊ မဲဇာချောင်က၊ တစ်တောင်လုံးမှိုင်း၊ စ၍ဆိုင်းသော်၊ တောင်တိုင်းရှက်၍၊ ၀န်းကာဝှေ့လည်း၊ တောင်ငွေ့ဝေေ၀၊ အထွေထွေနှင့်၊ လေလည်းရောရာ၊ မိုးမပါဘဲ၊ သံဝါဖြောက်ဖြောက်၊ ဆီးနှင်းပေါက်လည်း၊ မိုးလောက်ပြင်းထန်၊ သွန်းချပြန်သော်၊ ယုဂန်ထင်ရှား၊ တောင်တော်ဖျားက၊ ရထားယာဉ်သာ၊ နေစကြာလည်း၊ ရောင်ဝါမထွန်း၊ ချမ်းရှာလွန်း၍၊ တည့်မွန်းချိန်နေ၊ ရောက်လွယ်စေဟု၊ စေ့ရည်လှည့်လည်၊ တလျက်မြည်သည်၊ နေခြည်ဖြာမှ နွေးသောကြောင့်။

ရတု

လက်ဝဲသုန္ဒရအမတ်

ခွင့်သာခိုက်ကမှမလိုက်ချင်လျှင်

ငါးအာရုံအင်အစု
ခင်မှုနှင့်နေ့ကုန်
နင်ယခုမေ့ ပုံလို
တွေ့မကြုံစခန်း။

ပါယ်လေးဝ သောကဘုံမှာ
မျောရရုံ ရှိတော့ခမန်း။

အောက်အ၀ီစိ သောင်းအငူမှာ
ခေါင်းမပြူစတမ်း။
နှစ်အရှည် နစ်မည်လမ်းကိုလ
နင်မျှော်စမ်း နင့်ကို။

ဒေသနာ ထင်အလင်းရယ်နှင့်
နင်အဖျင်း ပိုထက်သာပို။
ဒီလောဘ အမိုက်အိုကို
မလိုက်လို ရှောင်ပစ်လို့
နောင်အသစ် တကယ်ပြင်လျှင်
ကောင်းဖို့အစဉ်။

ခွင့်သာခိုက်ကမှ မလိုက်ချင်လျှင်
အမိုက်နင့်ပြင် ရှိသေးလေလိမ့်မလား။
ခွင့်သာစဲကမှ မနွှဲချင်လျှင်
အလွဲနင့်ပြင် ရှိသေးလေလိမ့်မလား။
ခွင့်သာတုန်းကမှ မရုန်းချင်လျှင်
အရှုံးနင့်ပြင် ရှိသေးလေလိမ့်မလား။
(လယ်တီဆရာတော်)

ရဲခဲ့သည်ပါ့

မြစ်တန်းမှာတဲ့လေကြမ်းဆင်၊
ထန်လိုက်လေ လေမုန်တိုင်း
လှိုင်းကဘောင်ဘင်

တလှိုင်းထွက် တလှိုင်းဝင်၊ ဗေဒါခင် ဖြစ်နဲ၊
ရေလှိုင်းဗလပွေနဲ့
မုန်တိုင်းလေ ရေတရိုးမှာ၊ စိုးရွံမှာပဲ၊

မြစ်ရိုးမှာတဲ့ မိုးသက်ဆင်၊
လျှပ်ကြိုးပျံ မိုးသံထစ်၊ မိုးစစ်ဘုရင်၊
မိုးညစ်လို့ မြစ်မမြင်၊ ဗေဒါခင် ဖြစ်နဲ၊
ရေလှိုင်းဗလပွေနဲ့
မုန်တိုင်းလေ ရေတရိုးမှာ စိုးရွံမှာပဲ၊

စိုးမရွံ တွန့်မတုန်၊
မိုးနှင့်လေ ရေရှုပ်ထွေး၊ ရွေးမျှမဖြုံ ၊
ဆန်လိုက်ပြန်တုံ ၊ စုန်လိုက်ပြန်ရ
ခေါက်ပေါင်းမရေနိုင်လို့
ဗေဒါခိုင် သည်မြစ်ထဲ၊ရဲခဲ့သည်ပေါ့။ ။

ဗေဒါလမ်းကဗျာ

ညိုပြာပြာ၊ လတာပြင်ခြေရင်း။
လှိုင်းတက်ရာဗေဒါတက်၊ လှိုင်းသက်ရာဆင်း။
ဆင်းရလည်းမသက်သာ။
အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့ လာ။
အဆင်းနဲ့ အလာ၊ ဗေဒါမအထွေး။
အုန်းလက်ကြွေ သူ့ နံဘေး၊ ဆောင့်ခဲ့ ရသေး။
ဆောင့်ခဲ့လည်းမသက်သာ။
နောက်တစ်ချီဒီတစ်လုံး က၊ဖုံးလိုက်ပြန်ပါ။
မြှုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ။
တစ်လံကွာ လှိုင်းအကြွပေါ်လိုက်ပြန်ရ။
ပေါ်ပြန်လည်းမသက်သာ။
ချောင်းအစွယ် မြောင်းငယ်ထဲ က ဘဲထွက်လို့ လာ။
ဘဲအုပ်မှာတစ်ရာနှစ်ရာ၊ ဗေဒါကတစ်ပင်တည်း။
အယက်အကန်ခံလို့ 
ဗေဒါပျံ အံကိုခဲ၊ပန်းပန်လျက်ပဲ။ ။

(ဆရာ)ဇော်ဂျီ

ဗေ

ညိုပြာပြာ၊ လတာပြင်ခြေရင်း။
လှိုင်းတက်ရာဗေဒါတက်၊ လှိုင်းသက်ရာဆင်း။
ဆင်းရလည်းမသက်သာ။
အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့ လာ။
အဆင်းနဲ့ အလာ၊ ဗေဒါမအထွေး။
အုန်းလက်ကြွေ သူ့ နံဘေး၊ ဆောင့်ခဲ့ ရသေး။
ဆောင့်ခဲ့လည်းမသက်သာ။
နောက်တစ်ချီဒီတစ်လုံး က၊ဖုံးလိုက်ပြန်ပါ။
မြှုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ။
တစ်လံကွာ လှိုင်းအကြွပေါ်လိုက်ပြန်ရ။
ပေါ်ပြန်လည်းမသက်သာ။
ချောင်းအစွယ် မြောင်းငယ်ထဲ က ဘဲထွက်လို့ လာ။
ဘဲအုပ်မှာတစ်ရာနှစ်ရာ၊ ဗေဒါကတစ်ပင်တည်း။
အယက်အကန်ခံလို့ 
ဗေဒါပျံ အံကိုခဲ၊ပန်းပန်လျက်ပဲ။ ။

(ဆရာ)ဇော်ဂျီ

အလှရှိရာ

အလှရှိရာ၊ သွားချင်ပါဟု
ခါခါမြည်တမ်း၊ သို့ ရော်ရမ်း၍
စိတ်ဝမ်းမသာ၊ ရှိသည်တကား။

သူ့ ရွာသူ့ပြည်၊ သာလှသည်တည့်
စည်ပင်ချမ်းမြ၊ ၀ပြောစွဟု
ကြားရတိုင်းသာ၊ လှမြေချာသို့ 
သွားပါလိုမိ၊ နေမထိခဲ့။

ဤယနေ့သော်
ချမ်းမြေ့ကြည်လင်၊ စိတ်ဝယ်ရွှင်တည့်
မြေပြင်ကျယ်ဝန်း၊ လယ်ယာခင်းနှင့်
အင်းအိုင်မြစ်ချောင်း၊ ရှုမညောင်းတည့်
တောင်စောင်းတောင်ထိပ်၊ စေတီရိပ်ဝယ်
ဆွေမိတ်တူဆုံ၊ ဖူးရတုံသော်
အာရုံသန့် စင်၊ ကြည်ဘ၀င်နှင့်
မိခင်မြေမြ၊ သာလေစွဟု
နှုတ်ကဖန်ဖန်၊ ဆိုမိသံသည်
မိုးယံပဲ့တင် ထပ်လိမ့်တည်း။

သူ့ ရွာသူ့ပြည်၊ သာမောသည်ဟု
နှုတ်ရည်စကား၊ ဘယ်သို့ကြားလည်း
ငါကား မတုန်လှုပ်ပြီတကား။ ။

ခေတ်စမ်းလင်္ကာ ငွေတာရီ(၁၉၅၇)



ကျွန်တော်အနှစ်သက်ဆုံး ကဗျာတစ်ပုဒ် ဖြစ်ပါတယ်။ ဖွဲ့ ထားပုံနှင့် ကာရံယူထားပုံ ရိုးရှင်းသည့် အတွက်လည်း ဖတ်ရသူအဖို့လွယ်ကူစွာနားလည်နိုင်ပါတယ်။

နိုင်ငံရပ်ခြားတွင် ရှိကြကုန်သော ညီအစ်ကိုမောင်နှမများခင်ဗျား...

ကျွန်တော်တို့တစ်တွေသည် တိုင်းတစ်ပါးဝယ် ရောက်ရှိနေပေသော်ငြားလည်း မိမိတို့ အားမွေးဖွားပေးရာ မိခင်နိုင်ငံအား မေ့ကာသွားသင့်ပေ။ အကြောင်းမသင့်၍သာ ယခုအခါ ၀ယ် အမိပြည်အား တိမ်တိုက်မည်းများ ဖုံးလွှမ်းနေခြင်းဖြစ်၏။ သို့ သော်လည်း အမိပြည်အား ပစ်ကာမထားကြရန်ပြောကြားလိုပါသည်။ ကမ္ဘာ့မြေပုံ ပေါ်ကြည့်ရှုပါလော့ ...ဒေါင်းမလေး ကနေ ဟန်တည်ရှိနေသည့် ကျွန်တော်တို့နိုင်ငံကဲ့သို့လှပသော နိုင်ငံအား ဘယ်မှာရှာနိုင်မည်နည်း။ ပြည်သူအများကိုပင်ကြည့်ပါလေ။ တစ်ခြားသူများနှင့်မတူခြင်းကား ကျွန်တော်တို့မျက်နှာများသည် ယခုချိန်ဝယ် ဒုက္ခဆင်းရဲများနှင့် ကြုံတွေ့ နေသော်ငြား အပြုံးများနှင့်ပြည့်နှက်နေခြင်းဖြစ်၏။ ဟန်ဆောင်ပန်ဆောင် ပြုံးထားခြင်းမဟုတ် ပင်ကိုယ်သဘာဝ ဖော်ရွေတတ်သည့်သဘောကိုပြသနေခြင်းသာဖြစ်ပါ သည် ။ အားနာတတ်ခြင်း၊ ဖော်ရွေတတ်ခြင်း နှင့်ဟန်ဆောင်မှု ကင်းခြင်း သည် ကျွန်တော်တို့ လူများ၏ပင်ကိုဂုဏ်ပင်ဖြစ်သည်။ ဘုရား၊ တရား အား ရိုသေကိုင်းရှိုင်းမှု သရုပ်သကန် အား တောင်စောင်းတောင်ထိပ် ၀ယ်ကိန်းဝပ် စံပယ်နေကြကုန်သော ပုထိုးစေတီများအား သက်သေထားပြောကြားနိုင်ပေသည်။ ဤသို့ လှပစွာ တည်ရှိသော အမိပြည် အားကျွန်တော်တို့ လူများပင် ပြုပြင်လိုစိတ်မရှိသော် မည်သူကလုပ်ဆောင်ပါမည်နည်း။ သူ့ ရွာသူ့ ပြည်၏ ဓလေ့စရိုက်ဝယ် မိန်းမောမနေ ပဲ အမိမြေအား ကမ္ဘာ အလယ်တွင် ဂုဏ်ဝင့်နိုင်အောင် ကျွန်တော်တို့ ကိုယ်တိုင်ပင်လုပ်ဆောင်သင့်ပါသည် ဟု တိုက်တွန်းမိပါသည်။

"အာရုံသန့် စင် ကြည်ဘ၀င်နှင့်
မိခင်မြေမြ သာလေစွဟု
နှုတ်ကဖန်ဖန် ဆိုမိသံသည်
မိုးယံပဲ့တင် ထပ်လိမ့်မည်။"

(ရေးရင်းနဲ့ စကားပြေလို ဖြစ်သွားလို့  တစ်ခုလုံးကို ဒီပုံစံ အတိုင်းရေးလိုက်တာပါ...)

ရွှေဗဟိုရ်စည်

ရွှေဗဟိုရ်စည်သံများကိုလ
မကြားရကြာချေပြီ
လေးလရာသီ။

တိုင်းဋ္ဌာနီ
မဟုတ်ကယ်ပါပြီ လို့ 
ကြက်သံကိုဗဟိုပြုရတယ်
တောသူ့ ရွာမို့ ။ ။

ရာဇဓါတုကလျာဖွဲ့ရတု

တင့်လှပေဟန်
ဖက်မဲ့ရန်တည့်၊ခြောက်တန်နတ်ရွာ၊
ဘုံက-လာသို့
ပြာပြာလတ်လတ်၊မွတ်မွတ်ညက်ညက်
ရွှန်းရွှန်းစက်မျှ
ဝင်းလက်ရောင်ရွှေ
အခေါင်ပေတည့်
တောင်နေနတ်ဟန်
မြတ်သစ်ကြန်နှင့်
ပန်းမှန်ရေးချ
ထုံးနေမကျော
ပန်းရောဆံကြာ
ချတိုင်းသာလျှင်
ရွှေဝါဖိတ်ရွှင်း
ထည်ချင်းစံပယ်
နံ့ကြွယ်လှိုင်ကြူ
မဉ္ဇူ မျက်မည်း
ပေါ်ထပ်စည်းနှင့်
မရည်းမထင်
ဖြုတ်ချည်းမြင်က
နတ်ပင်ယိုးမှား
ဝိုးဝါးတွေးချွတ်
စိတ်လုံးညွတ်သည်။
ဘုံထွတ် နန်းတောင် နေတို့လော။ ။

နတ်သျှင်နောင်

ဖိုးသူတော်ဦးမင်း

ဒီနှစ်တွင် ကြုံပြန်ရ
ကျား, မ နှင့် ဂမ္ဘီ။
မောင်ကြီး ကြိုးတွေသိုင်းပါလို့
စစ်ကိုင်းဆို ဇေယျာမြို့ကို
ကူးပို့ပြန်ပြီ။
ယင်းရဲ့ ကျောက်ဆောင်ဆိပ်ဆီက
လွမ်းစိတ်နဲ့ မယ်တို့ဆီ
မျှော်ပြီကွယ် … ၀ူး … ။
မောင့်နည်းတူပင်
မောင်ကြီးလှေငယ်တင်၍
ကူးပြန်လျှင် မနေစိမ့်ပါနှင့်
သောတာပန်ဆိုတဲ့ ဆိပ်ကိုကွယ်
(အို … ရှင်) လှိုင်းတိတ်မှ … ကူး ။


PS: could anyone tell me the name of the poem?

"သူတည်းတစ်ယောက်" အစချီမျက်ဖြေလင်္ကာ

သူတည်းတစ်ယောက်၊ ကောင်းဖို့ ရောက်မူ သူတစ်ယောက်မှာ ပျက်လင့်ကာသာ ဓမ္မတာတည်း။

ရွှေအိမ်နန်းနှင့် ကြငှာန်းလည်းခံ မတ်ဗိုလ်ရံ၍ ပျော်စံရိပ်ငြိမ် စည်းစိမ်မကွာ မင်းချမ်သာကား သမုဒ္ဒရာ ရေမျက်နှာထက် ခဏတက်သည့် ရေပွက်ပမာ အသက်လျာတည်း။

ကြင်နာသနား ငါ့အားမသတ် ယခုလွှတ်လည်း ၀ိပါက်ကြမ္မာ လူတကာတို့ ခန္ဓာခိုင်ကြည် အတည်မမြဲ ဘောက်လှဲတတ်သည် မချွတ်စသာ သတ္တ၀ါတည်း။

ရှိခိုးကော်ရော် ပူဇော်အကျွန် ပန်ခဲ့တုံ၏ ခိုက်ကြုံဝိပါက် သံသာစက်၌ ကြိုက်လတ်တွန်မူ တုံ့မယူလို စိတ်မြဲသို၍ ကြည်ညိုလွှတ်ပြန် သခင်မှန်ကို ချန်ဘိစိစစ် အပြစ်ဖယ်ရေး ခွင့်လျင်ပေး၏ သွေးသည်အနိစ္စာ ငါ့ခန္ဓာတည်း။ ။

အနန္တသူရိယအမတ်ကြီး(ပုဂံခေတ်)

ထိပ်ဆုံးသို့ 

တစ်တောင်ပေါ်တစ်တောင်ဆင့်
တောင်အမြင့်ပတ်ခြံရံ
တစ်တောင်ဆုံးပြန်တော့တစ်လုံး ကျန်ပြန်ပေတမို့ 
ဖန်ဖန်လေ အားအင် နှိုးလို့ ရယ်
ကြိုးလျှောက်ရပြန်။

ခါတစ်လေ တကယ်ပန်းတာကြောင့်
တော်ပါဘီ ဆက်မလှမ်းချင်ဘု
ရပ်တန်းကရပ်မည်ကြံ
အမှန်တော့ ဖြစ်နိုင်မလား။

စခဲ့မိဟာပေါ့ တစ်နေ့ မှာဆုံးရာရောက်ပါလိမ့်
အားလျှော့ကာဆုတ်ချင် စမ်း ပါ နဲ.
မာလာငွေကန်ရေအေးရယ်နှင့်
ငှက်တေးကို အာရုံဆင်လို့ 
မူတစ်သွင်အားအင်သစ် လိုက်ပါ့
ချစ်ဖွယ့်လူသား။ ။



လေးချိုး အမည်မသိရှေးစာဆို

သင်သေသွားသော်

ဪ....လူ့ ပြည်လောက လူ့ ဘ၀ကား
အိုရနာရ သေရအုံးမည်
မှန်ပေသည်တည်သည့်။

သို့တပြီးကား သင်သေသွားသော်
သင်ဖွားသောမြေ သင်တို့ မြေသည်
အခြေတိုးမြင့် ကျန်ကောင်းသင့်၏။

သင်၏မျိုးသား စာစကားလည်း
ကြီးပွားတက်မြင့် ကျန်ကောင်းသင့်၏။

သင်ဦးချ၍ အမျှဝေရာ
စေတီသာနှင့် သစ္စာအရောင်
ဥာဏ်တန်ဆောင်လည်း
ပြောင်လျက်ဝင်းလျက် ကျန်စေသတည်း။ ။

ဆရာဇော်ဂျီ

လက်ဆောင်

ကလူ၏မြှူ၏သို့

ပိတောက်ရွှေဝါ

ရှုလေယဉ်လေ

တို့တိုင်းပြည်

ပန်းချီမနိုင်

ရုန်းရင်းကန်ရင်း

Friday, September 4, 2009

When things are different from what we think...

Jack:Look, I'm just trying to be honest here, OK? I'm the wrong guy.

Sara:A wise human once said,"You are what you think you are."

Jack:Why don't you find that guy and ask him?

Seth:It was the Buddha. He's unavailable.

From Race to witch mountain.

Forgiveness is...

Any weak man can say sorry. It takes a strong heart to forgive.

From Beyond Good and Evil

"He who fights with monsters should be careful lest he thereby become monster. And if thou gaze long into an abyss, the abyss will also gaze into thee."


From Beyond Good and Evil- Friedrich Nietzche

From Audacity of Hope (Opportunity)

အဲဒီထဲက ဆုံးဖြတ်ရမယ့် ဆုံးဖြတ်ချက်တစ်ခုကတော့ လွှတ်တော်အမတ်တွေက private jets တွေကို ဈေးပေါပေါ ပထမတန်းစား(First-class) လက်မှတ်ခပေးရုံနဲ့ စီးနင်းသွားလာနိုင်တဲ့အလေ့အကျင့်ကို ရပ်တန့်ဖို့ပါပဲ။ တကယ်တော့ ဒီကိစ္စကို လွှတ်တော်မှာ မဲခွဲဆုံးဖြတ်မယ်ဆိုရင် မအောင်မြင်မှာက သေချာသလောက်ရှိနေပါတယ်။

ဒါပေမယ့် ဒီမိုကရက်တစ်ပါတီ လူမှုရေးရာပြန်လည်တည်ဆောက်မှုမှာ ပြောရေးဆိုခွင့်ရှိသူ တစ်ယောက်အနေနဲ့ ဒီအလေ့အကျင့်ကို ကိုယ်ကိုကိုယ်တိုင်တားမြစ်ဖို့ ကျွန်တော့်ရဲ့ အကြံပေးတွေက တိုက်တွန်းပြာဆိုလာပါတယ်။

အဲဒီအကြံပေးမှုဟာလိုက်နာဖို့ကောင်းမွန်တဲ့ အချက်ဆိုတာကျွန်တော်သိပါတယ်။ ဒါပေမယ့် private jet စီးသွားရတာ ဘယ်လောက်အဆင်ပြေသလည်းဆိုတာကိုလည်း ကျွန်တော် မလိမ်ချင်ပါဘူး။

တစ်ခေါက်က ကျွန်တော် မြို့လေးမြို့ကို ၂ရက်တည်းနဲ့ ဆက်တိုက်သွားဖို့ကိစ္စကြုံလာပါတယ်။ ကျွန်တော်အဲဒီတုန်းက စီးနင်းသွားခဲ့တာကတော့ commercial class လေယာဉ်ပါ။ စိတ်ပျက်စရာတွေနဲ့ကြုံခဲ့တာပေါ့ဗျာ။ ပထမဆုံးက အိုဟာရီမှာ ကားကြပ်တဲ့ဒုက္ခ။ ဟိုရောက်တော့လည်း မန်းဖစ်ကိုသွားဖို့လေယာဉ်ကလည်း နောက်ကျတာနဲ့ကြုံရော။ နောက်ဆုံးပိတ်အနေနဲ့ကလေးတစ်ယောက်က ကျွန်တော့် ဖိနပ်ပေါ်မှာ လိမ္မော်ရည်တွေ မှောက်ချပါလေရောဗျာ။

အဲဒီမှာသွားဖို့တန်းစီနေတုန်းမှာ အသက်သုံးဆယ်အရွယ်လောက် ရှိတဲ့ လူတစ်ယောက်က ကျွန်တော့်ဆီကို လှမ်းလာပြီး စကားပြောပါတယ်။

သူပြောချင်တာက stem cell reserach နဲ့ပါတ်သက်ပြီး လွှတ်တော်က ဒီနှစ်မှာတစ်ခုခုကို ဆုံးဖြတ်ပေးဖို့ပါ။ သူကသူ့မှာ ပထမအဆင့် parkinson ရောဂါရှိတဲ့အကြောင်း၊ ပြီးတော့ သူ့မှာ ၃နှစ်အရွယ်ပဲ ရှိသေးတဲ့ သားလေးတစ်ယောက်လည်းရှိတဲ့အကြောင်းပြောပါတယ်။ သူကသူ့မှာ သူ့သားလေးနဲ့အတူ ကစားနိုင်ခွင့်အခွင့်အရေးရဖို့အတော်လေးနည်းပါးပါတယ်။ သူ့အတွက်လည်းအချိန်က တ်ာတော်လေးနောက်ကျနေပြီး ဆိုတာသိပါတယ်။ ဒါပေမယ့် တစ်ခြားသူတွေလည်း သူ့လိုမျိုး အဖြစ်မျိုးကြုံမှာကို လက်မခံလိုတဲ့ ဆန္ဒနဲ့တောင်းဆိုချင်တာပါလို့ ရင်နင့်ဖွယ်ပြောကြားပါတယ်။

ခုမှကျွန်တော်ပြန်စဉ်းစားမိတာက private jet နဲ့သာသွားလိုက်ရင် ဒီလိုတန်ဖိုးမဖြတ်နိုင်တဲ့အခွင့်အရေးမျိုးကို ဘယ်လိုလုပ်ပြီးကြုံနိုင်တော့မလည်းဆိုတာပါပဲ။
အရာရာတိုင်းမှာ အကောင်းနဲ့အဆိုးဒွန်တွဲနေပါတယ်ဗျာ။

Translated from "Opportunity-Audacity of Hope by Barack Obama"

From Audacity of Hope

At the end of our conversation he shook my hand.

"I still think you're wrong," he said, "but at least it seems like you've thought about it. Hell, you'd probably disappoint me if you agreed with me all the time."


Tuesday, September 1, 2009

ဆုတောင်း

ပညာမျက်စိ၊ မြင်မရှိလျက်
မသိတရား၊ အယူမှားပြီး
တိမ်းပါးနိုင်သူ၊ မဖြစ်မူ၍
တစ်ပါးသူအား၊ ချစ်ကြည်ဖြူထား
ချစ်သနားသော၊ ပညာပြည့်ဝ
နှလုံးလှသူ၊ ဖြစ်ရလို၏ ။ ။

I am not like that. It just sounds nice.

Time 8:00 pm 01.09.2009

မြန်မာကားများကြည့်ပြီး ရရှိလာသော ဗဟုသုတ ..၁၀၀......(အတွေး)

၁။ မြန်မာလူမျိုးများသည် ခဏခဏ အတိတ်ကို ပြန်သတိရလေ့ရှိသူများဖြစ်ကြပြီး
များသောအားဖြင့် အတိတ်ကို အဖြူအမည်းဖြင့်သာ သတိရလေ့ရှိသည်။

၂။ သီချင်းနားထောင်လေ့ရှိသူမျာြး
ဖစ်ပြီး သီချင်းနားထောင်နေရင်း
အတိတ်အကြောင်းများ ပြန်တွေးလေ့ရှိသူများဖြစ်ကြသည်။

၃။ စားသောက်ဆိုင်တွင် စကားစမြည်ပြောမည်ဆိုပါက .. အစာလုံးဝမစားရ။
(သိပ်စားချင်လျှင် အရည်တခုခု သို့မဟုတ် အနည်းငယ်မျှ စားခွင့်ရှိသည်။ )

၎။ မိန်းကလေးများ ကားပျက်လျှင် အနီးအနားတွင် ကူညီပေးချင်သော ယောက်ျားလေးများ
အများအပြားရှိသည်။

၅။ ထိုယောက်ျားလေးများအားလုံးသည် ကားပြင်တတ်သူများသာဖြစ်ကြသည်။

၆။ ထိုမိန်းကလေးသည် Handphone ရှိသော်လည်း များသောအားဖြင့်
လမ်းသွားလမ်းလာများကိုသာ အကူအညီတောင်းလေ့ရှိသည်။

၇။ Professional Graphic Designer တစ်ယောက်သည် Laptop ဖြင့် Touch pad ကို
သုံးပြီး အံသြလောက်ဖွယ်ကောင်းသော ဒီဇိုင်းများကို Microsoft paint ဖြင့်
ဖန်တီးလေ့ရှိသည်။

၈။ Instant Messenger / Chat Client ဆိုသည်မှာ Pagemaker / MS Word ကို
ဆိုလိုခြင်းဖြစ်သည်။

၉။ ကွန်ပျူတာပညာရှင်များသည် စာရွက်များဖြင့်သာ အလုပ်ရှုပ်နေတတ်ကြပြီး
ကွန်ပျူတာသုံးလေ့မရှိကြ။

၁၀။ သူခိုးများသည် အသံမကြားအောင် ခြေဖျားထောက်ပြီး လမ်းလျောက်လေ့ရှိသည်။

၁၁။ ဆင်းရဲသားများ ရန်အလွန်ဖြစ်ကြသည်။

၁၂။ ရုပ်ဆိုးသူများသည် လူဆိုး၊လူမိုက်များဖြစ်ကြသည်။

၁၃။ လူမိုက်များသည် ဘောင်းဘီသာဝတ်ကြပြီး ပုဆိုးဝတ်လေ့မရှိကြ။

၁၄။ လူဆိုးခေါင်းဆောင်အများစုသည် ကုတ်အကျီ (သို့) Leather Jacket ၀တ်လေ့ရှိပြီး
တခါတရံ ဦးထုပ်ဆောင်းတတ်ကြသည်။

၁၅။ လူဆိုးများသည် ခြံကျယ်ကြီးများ၊ တိုက်ပျက်ကြီးများတွင် စခန်းချလေ့ရှိသည်။

၁၆။ ထောင်မှထွက်လာသူများသည် ကောင်းမွန်စွာလုပ်ကိုင်စားလေ့ မရှိဘဲ လူဆိုး
များဖြင့်သာ ပြန်လည်ပေါင်းသင်းပြီး ဆက်လက်ဆိုးသွမ်းကြသည်။

၁၇။ Snooker ကစားသူ အများစုသည် အကျင့်ပျက် လူပွေများသာဖြစ်လေ့ရှိသည်။

၁၈။ မြန်မာလူမျိုးများသည် ရေကူးကန်နားသို့ရောက်လျှင် မည်သူ့ကိုမဆို
ရေထဲသို့တွန်းချလေ့ရှိသည်။

၁၉။ စီးပွါးရေးသမားအများစုသည် အနောက်တိုင်းဝတ်စုံကို
ဝတ်စုံပြည့်ဝတ်ဆင်သွားလာလေ့ရှိ သည်။

၂၀။ ထိုလူအများစုသည် အနက်ရောင် လက်ဆွဲသေတ္တာများကိုင်ဆောင် လေ့ရှိကြသည်။

၂၁။ ဖန်ခွက်ကျကွဲလျှင် ထိုသူနှင့်ပါတ်သက်သူ တစုံတယောက်မှာ
သေဘေး(သို့)အန္တရာယ်နှင့် ကြုံနေရသည်မှာ အသေအချာပင်။

၂၂။ သေခါနီးလူမမာများသည် စကားအလွန်များသောသူများဖြစ်ြ ကသည်။

၂၃။ သူတို့စကားပြောလို့ မပြီးမချင်း သေလေ့မရှိ။

၂၄။ ကျေးရွာတိုင်းတွင် ထန်းတောရှိတတ်ပြီး၊ အဆိုပါထန်းတောတွင် အချိန်ပြည့်
မူးရူးနေသူများဖြင့် ပြည့်နေသော ထန်းရည်ဆိုင်ရှိသည်။

၂၅။ တက္ကသိုလ် ကျောင်းသားဘ၀သည် ကင်တင်းတွင် တနေကုန်ထိုင်ပြီး ရီစရာဟာသများပြောကာ
ကောင်မလေးများကို ထိုင်ငမ်းနေသော နေ့ရက်များဖြစ်သည်။

၂၆။ တက္ကသိုလ်ကျောင်းဆိုသည်မှာ Myanmar Info Tech ( ICT Park ) နှင့်
အင်းလျားကန်ဘောင်ကို ဆိုလိုခြင်းဖြစ်သည်။

၂၇။ စာသင်ခန်းထဲတွင် စိတ်ကြိုက်စကားပြောခွင့်ရှိသည်။

၂၈။ ကျောင်းသူ မိန်းကလေးအများစုသည် အသံစွာကျယ်စွာကျယ် စကားပြောလေ့ရှိပြီး၊
ကင်တင်းတွင် ဟီးဟီးဟားဟား လုပ်လေ့ရှိသူများဖြစ်ကြသည်။

၂၉။ ထိုမိန်းကလေးများသည် ဆိုင်ထဲသို့ ယောက်ျားလေးတစ်ယောက်လာလျှင်
ဝိုင်းစတတ်ကြသည်။

၃၀။ အစခံရသော ယောက်ျားလေးတိုင်း ရှက်ပြီး အမှားမှား အယွင်းယွင်း
များလုပ်လေ့ရှိသည်။

၃၁။ အသက်မည်မျှပင်ကြီးစေကာမူ အထက်တန်းကျောင်း တက်လေ့ရှိကြသည်။

၃၂။ လူငယ် ယောက်ျားလေး မိန်းကလေးများသည် ၃ယောက် ၄ယောက် အဖွဲ့လိုက်သာ
ပေါင်းသင်းလေ့ရှိကြသည်။ တယောက်တည်း နေလေ့သိပ်မရှိ။

၃၃။ ယောက်ျားလေးအဖွဲ့မှ တယောက်ယောက်နှင့် မိန်းကလေးအဖွဲ့မှ တယောက်ယောက်
ချစ်သူရည်းစားဖြစ်သွားလျှင် ယောက်ျားလေးများသည် ထိုမိန်းကလေးအဖွဲ့မှ အခြားသော
မိန်းကလေးများနှင့် ရည်းစားဖြစ်သွားလေ့ရှိသည်။

၃၄။ သမီးရည်းစားများသည် သီချင်းဖွင့်ထားသော ပန်းခြံထဲတွင်
ပြေးလွှားနေကြလေ့ရှိသည်။

၃၅။ မိန်းကလေးများ အော့အန်ပါက ကိုယ်ဝန်ရှိနေပြီဖြစ်သည်။

၃၆။ ကိုယ်ဝန်ရှိသောမိန်းကလေး ချော်လဲလျှင် ကိုယ်ဝန်ပျက်ကျဖို့ ၉၀% သေချာသည်။

၃၇။ မွေးလာသော ကလေးမှာ ယောက်ျားလေးဖြစ်လျှင် လင်ယောက်ျားမှာ
အလွန်ပျော်ရွှင်လေ့ရှိသည်။

၃၈။ မြန်မာမိန်းကလေးများသည် စိတ်ဆိုးလျှင် ပါးရိုက်လေ့ရှိကြသည်။

၃၉။ အသည်းကွဲသူများသည် အလွမ်းသီချင်းများ နားထောင်ပြီး ငိုကြွေးလေ့ရှိကြသည်။

၄၀။ မိန်းကလေးတစ်ယောက်နှင့် ရန်ဖြစ်ပါက အဆိုပါမိန်းကလေးနှင့်
ရည်းစားဖြစ်တတ်သည်။

၄၁။ မိန်းကလေးတစ်ယောက်သည် ယောက်ျားလေးတစ်ယောက်အား မကျေနပ်၍ လက်စားခြေလိုလျှင်
သမီးရည်းစားအဖြစ်တွဲလေ့ရှိသည်။

၄၂။ အရက်မူးလာရင် အာလေး လျှာလေးဖြင့် စကားပြောတတ်ပြီး ..
ပြောသမျှစကားအများစုမှာ ရန်စကားများသာဖြစ်ကြသည်။

၄၃။ အရက်ဆိုင်အတွင်းရန်ဖြစ်လျှင် များသောအားဖြင့် ရဲလာဖမ်းလေ့မရှိ။

၄၄။ မူးရူးပြီးအိမ်ပြန်လာလျှင် အိမ်ရှိကောင်မလေးများအား မတရားပြုကျင့်တတ်ကြသည်။
ထိုအချိန်တွင် စားပွဲပေါ်မှ ပန်းအိုလဲသွားခြင်း၊ ကျကွဲခြင်း၊
ပန်းပွင့်ကြွေခြင်းများဖြစ်တတ် သည်။

၄၅။ အခန်းတစ်ခန်းအတွင်းမှ ထွက်လာပြီး ပုဆိုးပြင်ဝတ်လျှင် မုဒိန်းကောင်ဖြစ်သည်။
(မူးနေသူဖြစ်ပြီး မျက်နှာတွင် အဆီပြန်နေပါက ၁၀၀% သေချာသည်။)

၄၆။ မတရားပြုကျင့်ခံရသူတိုင်း ကိုယ်ဝန်ရှိလာကြသည်။

၄၇။ သူတို့သည် အများအားဖြင့် တရားစွဲလေ့မရှိကြ။

၄၈။ ကိုယ်ဝန်ဖျက်ချလေ့လဲမရှိသည့်အြ ပင် ကလေးကို တောရွာတခုခုသို့သွားပြီ
ခက်ခဲဆင်းရဲစွာ မွေးလေ့ရှိသည်။

၄၉။ အိမ်များတွင် ချောမောလှပသော အိမ်ဖေါ်ကောင်မလေးများရှိတတ်သည်။

၅၀။ ထိုအိမ်ဖေါ်ကောင်မလေးများသည် အိမ်ရှင်၏ သားများနှင့် ငြိစွန်းသွားတတ်ကြသည်။

၅၁။ ရုပ်ဆိုးသောအိမ်ဖေါ်အား မည်သူမျှ မတရားပြုကျင့်ခြင်းမရှိ။

၅၂။ ခေတ်လူငယ်အများစုသည် Shopping Mall များ၊ Snack Shop များတွင် တချိန်လုံး
အချိန်ဖြုန်းနေတတ်ကြသည်။

၅၃။ အဆိုပါ ဆိုင်များတွင် တွေ့သမျှ ကောင်မလေးများအား မျက်စပစ်ပြခြင်း စသည်
စသည်များ စိတ်ကြိုက်လုပ်ခွင့်ရှိသည်။

၅၄။ မိန်းကလေးများ အဖွဲ့လိုက် ခရီးထွက်ပါက ယောက်ျားလေးအဖွဲ့တဖွဲ့နှင့်
လမ်းခရီးမှာ ကြုံတွေ့လေ့ရှိပြီး ချစ်သူရည်းစားဖြစ်သွားလေ့ရှိသည် ။

၅၅။ ယောက်ျားလေးမိန်းကလေးအဖွဲ့များ တွင် အချောဆုံးတယောက်မှ လွဲပြီး ကျန်သော
သူငယ်ချင်းများမှာ တချိန်လုံး ဟာသလုပ်ပြီး ရီစရာများပြောနေတတ်ကြသည်။

၅၆။ ခေတ်လူငယ်အများစုမှာ မိဘ တစ်ဦး(သို့)နှစ်ဦးစလုံး မရှိတတ်ကြ။ ဦးလေး အဒေါ်များ
သူငယ်ချင်းများဖြင့်သာနေလေ့ရြှိ ကသည်။

၅၇။ စတိုးဆိုင်ရှိ အရောင်းစာရေးမများအား စိတ်ကြိုက် ရည်းစား
စကားပြောခွင့်ရှိသည်။

၅၈။ (အရောင်းတာဝန်ခံ/မန်နေဂျာ/ Security) မည်သူကမျှ မတားဆီးကြ၊
အနှောင့်အယှက်မပေးလေ့မရှိကြ။

၅၉။ မည်သူမဆို Taxi ငှားစီးလျှင် မည်သည့်အခါမှ ဈေးမဆစ်ကြ။

၆၀။ အသက်၄၀ကျော် မိန်းမကြီး ၉၀% ခန့်မှာ အတင်းပြောတတ်သူများသာဖြစ်ကြသည်။

၆၁။ ရှုပ်ပွေသော မိန်းမများသည် အချိန်ပြည့် ဖဲရိုက်နေလေ့ရှိသည်။

၆၂။ အိမ်တစ်အိမ်တွင် အဖိုး၊အဖွားများသည် သြဇာအရှိဆုံးလူများ ဖြစ်ကြသည်။

၆၃။ ညအချိန်မတော် လမ်းမပေါ်တွင် သီချင်းအကျယ်ကြီးဆိုပြီး ဂစ်တာတီးနေသူများကို
တရပ်ကွက်လုံးက သည်းညည်းခံကြသည်။

၆၄။ ဂစ်တာတလုံးထဲဖြင့် Drum/Keyboard အသံများထွက်အောင် တီးတတ်ကြသည်။

၆၅။ ကောင်မလေးများသည် အဖေါ်မပါဘဲ ညအချိန်မတော် လူပြတ်သော လမ်းများတွင်
သွားလာလေ့ရှိသည်။

၆၆။ ထိုလမ်းများတွင် အဖေါ်မပါသော ကောင်မလေးအား ဆွဲလားရမ်းလားလုပ်ဖို့
အရက်မူးနေသော လူရမ်းကားများ လူဆိုးများ စောင့်နေတတ်သည်။

၆၇။ ထိုမိန်းကလေးများသည် အများအားဖြင့် အော်ဟစ်အကူအညီတောင်းလေ့မရှိကြ။

၆၈။ ယောက်ျားလေးများသည် တစ်ယောက်တည်းပင်ဖြစ်စေကာမူ ၂ယောက်၃ယောက်မကသော လူဆိုး၊
လူမိုက်များနှင့် ရန်ဖြစ်လေ့ရှိသည်။ ရန်ဖြစ်သည့်အခါများတွင် တိုက်ဆိုင်စွာ
ဘောင်းဘီရှည်သာ ၀တ်ထားလေ့ရှိသည်။

၆၉။ ရန်ဖြစ်သည့်အချိန်တွင် လဲကျသွားပါက ရှုံးပြီဖြစ်သည်။

၇၀။ အလွန်ချောမောလှပသော ကောင်မလေးများတွင် ခပ်ပေါပေါခပ်ချာချာ အစ်ကိုတစ်ယောက်
ရှိနေတတ်သည်။


၇၁။ ထိုမိန်းကလေး၏ အဖေသည် သူ၏သားမက်လောင်းအား မည်သည့်အခါမျှ မျက်နှာကျောမတည့်။

၇၂။ နယ်မှ တယောက်တည်းလာနေသော မိန်းကလေးများသည် သိန်းချီပေးရသော
အခန်းများငှားနေတတ်ကြပြီး ဘတ်စ်ကားဖြင့် သွားလာလေ့ရှိသည်။

၇၃။ ဆင်းရဲသား အလုပ်သမားများသည် စုတ်ချာသော (တခါတရံ) စုတ်ပြဲနေသော
အ၀တ်အစားများသာ အမြဲလိုလိုဝတ်ဆင်ကြသည်။

၇၄။ ချမ်းသာသူတို့၏ သားသမီးများသည် ဘွဲ့ရပြီးသည်အထိ အလုပ် လုပ်လေ့မရှိကြ။

၇၅။ အသည်းကွဲသူများသည် မီးရထားလမ်းဘေးတွင် လမ်းလျောက်နေလေ့ရှိသည်။

၇၆။ ပိုက်ဆံချမ်းသာသော လုပ်ငန်းရှင်သူဌေးများသည် ဆင်းရဲပြီးချောမောလှပသော
ကောင်မလေးအား လက်ထပ်ခွင့်ရရန် ယောက်ခမလောင်းများအား ငွေဖြင့် သိမ်းသွင်းတတ်သည်။

၇၇။ အဖြူရောင်ကုတ်အကျီရှည်ဝတ်ထားပြီ
း နားကျပ်လည်ပင်းတပ်ထားသူတိုင်း ဆရာဝန်များဖြစ်ကြသည်။ (သို့) ဆရာဝန်တိုင်း
ဂျူတီကုတ်ဝတ်ပြီး နားကျပ်လည်ပင်းဆွဲထားတတ်ကြသည်။

၇၈။ ခွဲစိတ်ကုသမှုမအောင်မြင်လျှင် ခွဲစိတ်ဆရာဝန်ကြီးသည် ခွဲခန်းအတွင်းမှ
ခေါင်းယမ်း၍ (သို့) မျက်နှာပျက်၍ ထွက်လာတတ်သည်။

၇၉။ မင်းသား(သို့) မင်းသမီး၏ အမေများတွင် နှလုံးရောဂါ (သို့)
သွေးတိုးရောဂါများရှိတတ်သည်။


၈၀။ တယ်လီဖုန်းမှ သတင်းဆိုးကြားရလျှင် တယ်လီဖုန်းပြောနေရင်းမှ
မူးမေ့လဲသွားတတ်သည်။

၈၁။ အလွန်တော်သောမိန်းမများသည် အသုံးမကျသော (သို့) အလွန်မာနကြီးသော
ယောက်ျားများကို ကြိုက်နှစ်သက်ကြသည်။

၈၂။ အလွန်ထက်မြက်သော မိန်းမများ၏ အိမ်ထောင်ရေးသည် အဆင်မပြေ။

၈၃။ လူငယ်များ၏ နာမည်အများစုမှာ ခေါ်ရခက်သော တောက်ညင်ကတ်ဖွယ်နာမည်များ
ဖြစ်လေ့ရှိသည်။

၈၄။ တခါတရံ မည်သို့မျှ တွေးတောယူဖွယ်မရလောက်သော နာမည်မျိုးရှိသည်။

၈၅။ ထိုတောက်ညင်ကတ်ဖွယ်နာမည်ဆိုးကို မည်သူကမျှ စခြင်းနောက်ခြင်း
ပြောင်လှောင်ခြင်းမပြုကြ။

၈၆။ ယောက်ျားနောက် ခိုးရာလိုက်ပြေးသွားသော မိန်းကလေးများသည် မိဘများအား
ခိုးရာလိုက်သွားပြီဖြစ်ကြောင်း .. လိုက်မရှာရန် နှင့် ခွင့်လွှတ်စေချင်ကြောင်း
.. အစရှိသဖြင့် စာရေးထားတတ်ကြပြီး .. အိပ်ယာပေါ် သို့မဟုတ် အိပ်ယာဘေးက
စားပွဲပေါ်တင်ထားလေ့ရှိကြသည်။

၈၇။ ထိုစာအများစုတွင် သမီးမိုက် ဆိုသော စာသား ပါလေ့ရှိသည်။

၈၈။ ယောက်ျားလေးအများစုကတော့ မိဘကို မိန်းမခိုးမည့်ကိစ္စနှင့်ပါတ်သက် ပြီး လုံးဝ
အသိပေးလေ့မရှိ။

၈၉။ နှဲသံကြားပါက (နာတာရှည်) မမာမကျန်းဖြစ်နေသူများ သေတတ်သည်။

၉၀။ ယောက်ျားလေးများ၏အခန်းသည် လူမနေသည့်အခန်းကဲ့သို့
အစဉ်အမြဲရှင်းလင်းနေတတ်ပြီး သန့်ရှင်းနေလေ့ရှိသည်။

၉၁။ အိမ်ဖေါ်မိန်းမများ၊ ခြံစောင့်များသည် အိမ်ရှင်၏ သမီးအား မမလေး ဟုသာ
ခေါ်လေ့ရှိသည်။

၉၂။ အခုနောက်ပိုင်းတွင် ပေါ့ပေါ့ပါးပါးစကားများကိုပင် လေးနက်အောင် တမင်ကြိုးစား
ဖျစ်ညှစ်ပြောတတ်သော အကျင့်များရှိလာကြသည်။

၉၃။ လူကြားထဲတွင် အိနြေ္ဒပျက်လောက်အောင် တကိုယ်လုံးနှင့် လက်များရမ်းခါလှုပ်ပြီး
စကားပြောတတ်သူများကို .. မထူးခြားသယောင် ဆက်ဆံပြောဆိုတတ်ကြသည်။

၉၄။ လူငယ်များသည် ပူအိုက်သောရာသီမှာပင် အနွေးထည်များဝတ်ဆင်ကြလေ့ရှိသည်။

၉၅။ ကျောင်းသားကျောင်းသူ အများစုမှာ စာကြိုးစားသည်ကို မတွေ့ရ။

၉၆။ ဖယောင်းတိုင်များထွန်းထားလျှင် အလွန်ပင်ရိုမန်တစ်ဖြစ်သည်။

၉၇။ သင်္ကြန်လည်ရာတွင် မည်သူမျှ အရက်မသောက်ကြ။

၉၈။ နိုင်ငံခြားသွားပြီး ပညာသင်လာပါက မြန်မာပြည်တွင် အလွန်အောင်မြင်သော
စီးပွားရေးလုပ်ငန်းရှင် (သို့) ပညာရှင်အဖြစ် ရပ်တည်နိုင်သည်။

၉၉။ ယောက်ျားဖြစ်ပြီး နှုတ်ခမ်းမွှေးမရှိရင် အတုတပ်ထားတတ်ကြတယ်။

၁၀၀။ မြန်မာလူမျိုးများသည် မည်မျှပင် ဒေါသထွက်စေကာမူ ဆဲဆိုခြင်းမပြုကြ။

50 Romantic things to do with your love

> 1. Watch the sunset together.
> 2. Whisper to each other.
> 3. Cook for each other.
> 4. Walk in the rain.
> 5. Hold hands
> 6. Buy gifts for each other.
> 7. Roses.
> 8. Find out their favorite cologne/perfume and wear it every time
> you're together.
> 9. Go for a long walk down the beach at midnight.
> 10. Write poetry for each other.
> 11. Hugs are the universal medicine.
> 12. Say I love you, only when you mean it and make sure they know you mean it.
> 13. Give random gifts of flowers/candy/poetry etc.
> 14. Tell her that she's the only girl you ever want. Don't lie!
> 15. Spend every second possible together.
> 16. Look into each other's eyes.
> 17. Very lightly push up her chin, look into her eyes, tell her you
> love her, and kiss her lightly.
> 18. When in public, only flirt with each other.
> 19. Put love notes in their pockets when they aren't looking.
> 20. Buy her a ring.
> 21. Sing to each other.
> 22. Always hold her around her hips/sides.
> 23. Take her to dinner and do the dinner for two deal.
> 24. Spaghetti? (Ever see Lady and the Tramp?)
> 25. Hold her hand, stare into her eyes, kiss her hand and then put it
> over your heart.
> 26. Dance together.
> 27. I love the way a girl looks right after she's fallen asleep with
> her head in my lap.
> 28. Do cute things like write I love you in a note so that they have
> to look in a mirror to read it.
> 29. Make excuses to call them every 5 minutes
> 30. Even if you are really busy doing something, go out of your way to
> call and say I love you.
> 31. Call from your vacation spot to tell them you were thinking about them.
> 32. Remember your dreams and tell her about them.
> 34. Tell each other your most sacred secrets/fears.
> 35. Be Prince Charming to her parents.
> 36. Brush her hair out of her face for her.
> 37. Hang out with his/her friends.
> 38. Go to church/pray/worship together.
> 39. Take her to see a romantic movie and remember the parts she liked.
> 40. Learn from each other and don't make the same mistake twice.
> 41. Describe the joy you feel just to be with him/her.
> 42. Make sacrifices for each other.
> 43. Really love each other, or don't stay together.
> 44. Let there never be a second during any given day that you aren't
> thinking about them, and make sure they know it.
> 45. Love yourself before you love anyone else.
> 46. Learn to say sweet things in foreign languages.
> 47. Dedicate songs to them on the radio.
> 48. Fall asleep on the phone with each other.
> 49. Stand up for them when someone talks trash.
> 50. Never forget the kiss goodnight and always remember to say, "Sweet dreams."

ရေတွင်းထဲက မြည်း

တစ်နေ.မှာ လယ်သမားတစ်ယောက်ရဲ.မြည်းဟာ ရေတွင်းထဲကျသွားတယ်။ လယ်သမားက ဘာလုပ်ရမလဲလို. ကြိုးစားအဖြေရှာ နေတုန်းမြည်းကတော့နာရီများစွာ သနားစဖွယ်အော်ငို နေ ပါတယ်။

နောက်ဆုံးတော့ လယ်သမားက မြည်းဟာ အသက်လည်းကြီးပြီ ရေတွင်းကလည်း ဘယ်နည်း နဲ.မဆို ဖို.ပစ်ဖို. လိုအပ်နေပြီမို. မြည်းကိုပြန်မရယူသင့်တော့ဘူးလို. ဆုံးဖြတ်လိုက်ပါတယ်။

ဒါကြောင့်လည်း လယသမားက အိမ်နီးချင်းတွေကို လာကူဖို. ဖိတ်ခေါ်လိုက်ပါတယ်။သူတို.အား

လုံးဟာ ဂေါ်ပြားတွေကိုကိုင်ပြီး မြေကြီးတွေကို ရေတွင်းထဲ ယက်ထည်.ကြပါတော့တယ်။

အဲဒီအခြင်းအရာတွေကြောင့် လယ်ယာမြေထဲက တခြားတိရစ်ဆာန်တွေအားလုံးဟာ အလွန်ပဲ

ချောက်ချားသွားခဲ့ကြပါတယ်။အကြောင်းကတော့ မြည်းဟာ သူတို.ရဲ. သူငယ်ချင်း ဖြစ်နေလို.ပါပဲ။ဒါပေမယ့် သူတို.က သူကို ဘာမှ မကူညီနိုင်တာကို သိထားခဲ့ကြပါတယ်။

မြည်းဟာ ပထမတော့ ဘာဖြစ်နေတယ်ဆိုတာကို သဘောပေါက်သွားပြီး ထိတ်လန်.တကြား

အော်ဟစ်ငိုယိုပါတယ်။အဲဒီနောက် သူက ငြိမ်ငြိမ်သက်သက် နေပြလို. အားလုံးကအံ့အားသင့်

သွားကြတယ်။ဂေါ်ပြားနဲ.မြေကြီးအနည်းငယ် ယက်ထည်.ပြီးတဲ့အချိန်မှာ လယ်သမားဟာ ရေ

တွင်းထဲကို ငုံ.ကြည်.လိုက်မိတယ်။ကြည်.ပြီးတော့အံ့အားသင့် သွားပါတယ်။

မြည်းဟာ သူ.ကျောကုန်းပေါ် မြေကြီးတွေကျလာတိုင်း အံ့ဖွယ်တစ်စုံတစ်ခုကို ပြုလုပ်နေပါ

တော့တယ်။ သုဟာမြေကြီးတွေကို ခါချတယ်။ ပြီးတော့ အဲဒီ မြေကြီးတွေပေါ် ခြေထောက်နဲ.

နင်းတက်ပြီး မြေဖို.ပါတယ်။ လယ်သမားရဲ. အိမ်နီးချင်းတွေက မြေကြီးတွေကို သူ.ကိုယ်ပေါ်

ဆက်လက်ယက်ချနေတာကြောင့် သူကလည်း အဲဒါတွေကို ခါချပြီး ခြေထောက်နဲ.နင်းဖို.နေ

လိုက်တယ်။ သိပ်မကြာခင်မှာပဲ မြည်းဟာ ရေတွင်းနှူတ်ခမ်းဘောင်ပေါ် ခြေထောက်နဲ. နင်း

တက်ပြီး ခပ်သွက်သွက်လျှောက်သွားပါတော့တယ်။

သင်ခန်းစာ- ဘ၀က ဂေါ် ပြားဖြင့်မြေကြီးမှန်သမျှကို သင့်အပေါ် ကို ယက်ချပါလိမ့်မည်။

ဒုက်ခအသီးသီးဟာ အပ်ါသို.တက်ရာအဆင့်တစ်ဆင့်ဖြစ်နိုင်၏။ သင်တွေ.ကြုံရ

သောအဖြစ်အပျက်သည် အဲဒီအပေါ် သင်ဘယ်လိုတုံ.ပြန်သည် ဆိုတာလောက်

အရေးမကြီးပါ။ လက်မလျှော့ခြင်းဖြင့် ကျွန်ုပ်တို.ဟာ အနက်ဆုံးရေတွင်းထဲက

ထွက်လာနိုင်ပါတယ်။

Credit to original uploader

မျောက်တစ်အုပ်နဲ့ ဦးထုပ်သည်(ကောင်းသန့်)

တစ်ခါတုန်းက ဦးထုပ်ရောင်းသမားတစ်ယောက်ဟာ သူ့အိမ်ကထွက်ပြီး ဈေးကို
သွားရောင်းတယ်….။

ဦးထုပ်တွေကို ခြင်းကြီးနှစ်လုံးထဲမှာထည့်ပြီး အလယ်က၀ါးလုံးနဲ့လျှိုပြီး
ထမ်းလာတယ်…။

နေပူလို့ ဦးထုပ်တစ်လုံးကို သူဆောင်းထားတယ်…။ လမ်းတစ်ဝတ်မှာ
ညောင်ပင်ကြီးတစ်ပင်အောက်သူရောက်လာတယ်…။

ခြင်းတောင်းကြီးနှစ်တောင်းကို နေပူထဲမှာ ထမ်းလာရတော့ သူအလွန်မောနေပြီး…။

ညောင်ပင်ကြီးရဲ့ အရိပ်အောက်ရောက်တော့ အေးမြသွားတယ်..။
ခေတ္တထိုင်နားချင်စိတ်ပေါက်သွားတယ်…။ ခြင်းတောင်းကြီးကို ပစ်ချပြီး
ညောင်ပင်ကြီးကို မှီနားလိုက်တယ်…။ ခြေပစ်လက်ပစ် အနားယူရင်း
သူအိပ်ပျော်သွားတယ်…။ အိပ်ယာက နိုးလို့ ကြည့်လိုက်တော့
သူ့ခြင်းတောင်းထဲမှာ ဦးထုပ်တွေ တစ်လုံးမှမရှိတော့ဘူး..။

သူ့ရင်ဘတ်မှာ ကပ်ထားတဲ့သူ့ဦးထုပ်ပဲကျန်တော့တယ်…။ ဦးထုပ်တွေ
ဘယ်ပျောက်သွားသလဲလိုက်ရှာတော့ ညောင်ပင်ပေါ်က
မျောက်တစ်အုပ်ရဲ့ခေါင်းတွေပေါ်ရောက်ကုန်တယ်…။ အဲဒီဦးထုပ်တွေ သူပြန်ရအောင်
ဘယ်လိုလုပ်ရပါ့မလဲဆိုပြီး အကြံထုတ်တယ်…။ သူက အားတဲ့အချိန်မှာ
အမြဲစာဖတ်တဲ့အကျင့်ရှိတော့ ပြဿနာတစ်ခုကို ခေါင်းအေးအေးထားပြီး
စဉ်းစားဖြေရှင်းတတ်တယ်…။ နာရီဝက်လောက်စဉ်းစားပြီး သူအကြံရသွားတယ်…။

သူ့လက်ထဲက ဦးထုပ်ကို ခေါင်းပေါ်မှာ ပြန်ဆောင်းပြီး
မျောက်တွေမြင်သာတဲ့နေရာကို ထွက်လိုက်တယ်…။
မျောက်တွေမြင်လောက်ပြီထင်တော့မှ ဦးထုပ်ကိုချွတ်ပြီး ခေါင်းကုတ်ပြတယ်…။
မျောက်တွေကလည်း သူ့ကို အတုခိုးပြီး ဦးထုပ်ချွတ်ခေါင်းကုတ်ကြတယ်…။
ဒါနဲ့ပူလွန်းလို့ ဦးထုပ်တောင်မကိုင်ချင်တဲ့ပုံစံနဲ့ သူက ဦးထုပ်ကို
မြေကြီးပေါ်ကို ပစ်ချလိုက်တယ်…။ မျောက်တွေကလည်း သူလုပ်တာမြင်ပြီး
သူတို့လက်ထဲက ဦးထုပ်တွေကို ပစ်ချလိုက်ကြတယ်…။ ဒီတော့မှ သူဟာ
မျောက်တွေပစ်ချတဲ့ဦးထုပ်တွေ အလျင်အမြန်ကောက်ပြီး
ခြင်းထဲထည့်လိုက်တော့တယ်…။

ဒီနည်းနဲ့ မျောက်တွေလက်ထဲက ဦးထုပ်အားလုံးကို သူပြန်ရလိုက်သတဲ့…။

နောင်နှစ်ပေါင်း (၂၀) ကြာတဲ့အခါ စောစောက ဦးထုပ်သည်ကြီးရဲ့ မြေးကလေးက
ဦးထုပ်အရောင်းထွက်သတဲ့…။
သူ့အဘိုးအိပ်စက်နားခဲ့တဲ့ညောင်ပင်ကြီးအောက်ရောက်တော့
ဦးထုပ်တောင်းကိုချပြီး အနားယူပြန်သတဲ့….။ ခြေပစ်လက်ပစ်နားရင်း
အိပ်ပျော်သွားတယ်…။

အိပ်ရာက နိုးတော့ခြင်းထဲက ဦးထုပ်တွေမရှိတော့ဘူး…။ ညောင်ပင်ပေါ်က
မျောက်တွေခေါင်းပေါ်ရောက်နေတယ်…။ ဒီတော့ သူ့အဘိုးပြောခဲ့ဖူးတာ အမှတ်ရပြီး
သူ့အဘိုးနည်းအတိုင်း ဦးထုပ်တွေပြန်ရအောင် ကြိုးစားတယ်…။ သူက
ဦးထုပ်ကိုချွတ်ပြီး ခေါင်းကုတ်တယ်..။ မျောက်တွေကလည်း
သူ့လိုလိုက်လုပ်တယ်..။ သူက ဦးထုပ်တွေနဲ့ ယပ်ခတ်ပြပြန်တယ်…။
မျောက်တွေကလည်း သူတို့ဦးထုပ်တွေနဲ့ ယပ်ခတ်ကြပြန်တယ်…။

နောက်ဆုံးမှာ သူကလက်ထဲက ဦးထုပ်ကိုလွှင့်ပစ်လိုက်တယ်…။ ပြီးတော့
သူ့လိုဦးထုပ်တွေ ပစ်ချမလားဆိုပြီး မျောက်တွေကို မော့ကြည့်တယ်…။
ဘယ်မျောက်မှ ဦးထုပ်ကို ပစ်မချကြတော့ဘူး…။ လက်ထဲမှာ
အသေဆုပ်ကိုင်ထားကြတယ်…။သူလည်းအံ့သြငေးမောကြည့်နေတုန်း မျောက်တစ်ကောင်က
သူပစ်ချလိုက်တဲ့ဦးထုပ်ကို ကောက်ပြီး သစ်ပင်ပေါ်တက်သွားသတဲ့…။

သစ်ပင်ပေါ် ပြေးမတက်ခင် အဲဒီမျောက်က သူ့ကိုစကားတစ်ခွန်းပြောသွားတယ်…။



´´မင်းမှာ အဘိုးရှိသလို တို့မှာလည်း အဘိုးရှိတယ်ဆိုတာ မမေ့နဲ့လေ´´ တဲ့…..။



အခက်အခဲတစ်ခုခု တွေ့ကြုံလို့ လုပ်နေကျ နည်းဟောင်းအတိုင်း ဖြေရှင်းဖို့
တွေးမိတဲ့အခါ ဒီပုံပြင်လေးကို အမှတ်ရပါစေ…။



ပုံပြင်လေးကတော့ဒါပါပဲ….။

သင်္ချာနဲ့ လော့ဂျစ်

တစ်ခါက သင်္ချာလို့ခေါ်တဲ့ မယ်သီလရှင်နဲ့ လောဂျစ် (Logic) လို့ခေါ်တဲ့
မယ်သီလရှင်တို့ရှိကြတယ်။ မယ်သီလရှင်နှစ်ဦးဟာ ညကြီးမိုးချုပ်ညတစ်ညမှာ
အဝေးတစ်နေရာကနေ ကျောင်းကိုပြန်ခဲ့ကြတယ်။

သင်္ချား နင့်သတိထားမိလား? ငါတို့နောက်မှာ လူတစ်ယောက်လိုက်နေတာ ၃၈မိနစ်နဲ့
စက္ကန့် ၃ဝရှိပြီ။ သူဘာလုပ်ချင်တာလဲ မသိဘူး?

လောဂျစ်း ဒါယုတ္တိတန်တယ်။ ငါတို့ကို စော်ကားချင်လို့ဖြစ်မယ်။

သင်္ချား ဘုရားသခင်ရေ! ဒီလိုခြေလှမ်းမျိုးနဲ့ဆို (၁၅)မိနစ်အတွင်း
ငါတို့ကို သူမီလိမ့်မယ်။ ဘယ်လိုလုပ်ရမလဲ?

လောဂျစ်း ယုတ္တိတန်အောင် ငါတို့မြန်မြန်လျှောက်ရအောင်..

သင်္ချား မရတော့ဘူးထင်တယ်။

လောဂျစ်း အင်း.. မရတော့ဘူး။ အဲဒီလူက ယုတ္တိရှိရှိ မြန်သထက်မြန်လာခဲ့ပြီ။

သင်္ချား ငါတို့ဘယ်လိုလုပ်ကြမလဲ? ဒီလိုခြေလှမ်းမျိုးနဲ့ဆို တစ်မိနစ်အတွင်း
ငါတို့ကို သူမီနိုင်တယ်။

လောဂျစ်း တစ်ခုတည်းသော ယုတ္တိတန်တဲ့နည်းက ငါတို့လမ်းခွဲပြီး
ပြေးကြဖို့ပဲ။ နင်ဟိုဖက်ကသွား၊ ငါဒီဖက်ကသွားမယ်။ နှစ်ယောက်လုံးကို
သူဖမ်းမှာတော့ မဟုတ်ဘူး။

ဒီလိုနဲ့ မင်္သကာစရာယောက်ျားက လောဂျစ်နောက် ဆက်လိုက်သွားခဲ့တယ်။
သင်္ချာကကျောင်းကို ချောချောမောမော ရောက်သွားခဲ့ပေမယ့် လောဂျစ်ကို
စိတ်ပူနေခဲ့တယ်။ ခဏကြာတော့ ကျောင်းပေါက်ဝကို လောဂျစ်ရောက်လာခဲ့တယ်။

သင်္ချား အိုး.. ဘုရားသခင် ကျေးဇူးတင်လိုက်တာ နင်ပြန်လာပြီ!
ဘာတွေဖြစ်ခဲ့လဲ ငါ့ကို မြန်မြန်ပြောပါဦး!

လောဂျစ်း အင်း... နှစ်ယောက်လုံးနောက် သူမလိုက်နိုင်တော့ ငါ့နောက်ကို
ယုတ္တိရှိရှိ သူလိုက်ခဲ့တယ်။

သင်္ချား အဲဒီနောက် ဘာဖြစ်လဲ!

လောဂျစ်း ယုတ္တိရှိတဲ့ လုပ်ရပ်တစ်ခုဖြစ်ခဲ့တယ်။ ငါ အားကုန်ပြေးတယ်။
သူအားကုန်လိုက်တယ်။

သင်္ချား ပြီးတော့ရော?

လောဂျစ်း ယုတ္တိရှိတဲ့ လုပ်ရပ်တစ်ခုဖြစ်ခဲ့တယ်။ ငါ့ကို သူဖမ်းမိသွားတယ်။

သင်္ချား ဘုရားသခင်! နင့်ကို သူဘာလုပ်လိုက်လဲ?

လောဂျစ်း ယုတ္တိရှိတဲ့ လုပ်ရပ်တစ်ခုက ငါ ဂါဝန် မ,လိုက်တယ်။

သင်္ချား ဘုရား.. ဘုရား.. အဲဒီလူရော!

လောဂျစ်း သူလဲ ယုတ္တိရှိတဲ့ လုပ်ရပ်တစ်ခုလုပ်လိုက်တယ်။ သူ သူ့ဘောင်းဘီကိုဆွဲချတယ်။

သင်္ချား ဘုရား.. ဘုရား.. အဲဒီနောက်?

လောဂျစ်း အဲဒီနောက်.... ဂါဝန်မ,ထားတဲ့ သီလရှင်တစ်ယောက်က
ဘောင်းဘီဆွဲချထားတဲ့ ယောက်ျားတစ်ယောက်ထက် ပိုအပြေးမြန်ခဲ့တယ်လေ။ ကဲ
ယုတ္တိမတန်ဘူးလား! ခုနားက နင် လျှောက်တွေးနေတယ် မဟုတ်လား! "အာမင်" လို့
မြန်မြန်ရွတ်လိုက်...

credit to နိုင်းနိုင်းစနေ

အဘ၏ ဂျီတောက်နှင့် ရာဟု မစိန်ကြာ

ကျွန်ုသည် ရန်ကုန်မြို့တွင်း မြို့နယ်တစ်ခု၏
ဆင်ခြေဖုန်းရပ်ကွက်တစ်ခုတွင်နေပါသည်။ ဆင်ခြေဖုန်းရပ်ကွက် ဆိုသည့်
အတွက်ကြောင့် အိမ်ခြေက ပြွတ်သိပ်ခဲလျှက်၊ ကြပ်ညပ်လို့နေသည်။
ခေါင်းရင်းအိမ်က ကြံ့ဖွတ် အတွင်းရေးမှူး အိမ်ဖြစ်သည်။ ထို့အပြင် အဆိုပါ
အတွင်းရေမှူးဆိုသူ နေအိမ်သည် ရပ်ကွက်ထဲမှ ရေဖိုး၊ မီးဖိုး၊ ဘာကြေး၊
ညာကြေးများ ကောက်ခံသူတို့ဖြင့် အမြဲခြေချင်းလိမ်ရာ နေရာလည်း ဖြစ်သည်။
ဒါတင်မကသေး ရပ်ကွက်ထဲရှိ ငမူး၊ ငရူးများ မကြာခဏဆိုသလို ၀ိုင်းဖွဲ့အရက်
သောက်ရာ စားသောက်ရုံဟုဆိုလည်း မမှား။
ကျနော့်နှင့် လမ်းထဲရှိတက္ကသိုလ်ကျောင်းသား အုပ်စုမှာမူ
ထိုကြံ့ဖွတ်အတွင်းရေးမှူးဆိုသူကို အသေသတ်ချင် လောက်အောင်ကို မုန်းသည်။
အနှီ အတွင်းရေးမှူးဆိုသူမှာ ကျနော်တို့ တက္ကသိုလ်ကျောင်းများ စာမေးပွဲပြီး
အားလပ်ရက် ပိတ်ပြီး၍ ကျောင်းပြန်ဖွင့် သည့်အခါတိုင်းတွင် ရပ်ကွက်ထဲရှိ
တက္ကသိုလ်ကျောင်းသားများ ရှိရာအိမ်များသို့ ကျောင်းသားနာမည်များ
လိုက်မှတ်ပြီး၊ ကျောင်းတက်စဉ်အတွင်း ကျောင်းတွင်ဆူပူ မှုမလုပ်ရန်၊
ကျောင်းတွင် နိုင်ငံရေးနှင့် ပက်သက်သော စာရွက်စာတမ်းများ
ကိုင်ဆောင်ခြင်း၊ နံရံတွင် ကပ်ခြင်း၊ ဝေခြင်းများ မပြုလုပ်ပါ
ဆိုသောအချက်နှင့် ထိုကဲ့သို့ ပြုလုပ်ပါက သက်ဆိုင်ရာက
အရေးယူမည်ဆိုသည့်အချက်ကို သိပါကြောင်း စသည့်အကြောင်းအရာများ ရေးထားသည့်
စာရွက်ပေါ်တွင် လက်မှတ်ထိုးခိုင်းသည်။ ထိုကြံ့ဖွတ် အတွင်းရေးမှူးဆိုသူသည်
စစ်တပ်အသိုင်းအ၀ိုင်းမှ အထက်ပိုင်းအရာရှိ တော်တော်များများ နှင့်ပေါင်းကာ
လုပ်စားနေသူလည်းဖြစ်သောကြောင့် ရပ်ကွက်ထဲမှ လူဆိုး၊ သူခိုးများမှ လွဲ၍
လူအတော်များများက သူ့ကို ချဉ်ကြ သည်။ ကွယ်ရာတွင် သူ့နာမည်ကို မခေါ်။
“ဖွတ်” ဟုသာ အမြင်ကတ်ကတ်ဖြင့် ခေါ်ကြသည်။
တစ်နေ့သ၌ ကျနော် ကျောင်းမှ ပြန်လာသောအခါ ထိုဖွတ်က ကျနော့်အိမ်သို့လာကာ
အောက်ပါစကားများကို အပြန်လှန် ပြောဖြစ်ကြပါသည်။
ဖွတ်။ ။ “မင်းက ကွန်ပြူတာ တက္ကသိုလ်တက်နေတာဆိုတော့ ကွန်ပြူတာတော့
တော်တော်ကျွမ်းမှာပေါ့နော်”
ကျနော်။ ။ “ရတော့ ရပါတယ်။ မဆိုးပါဘူး။ ဘာဖြစ်လို့လဲ”
ဖွတ်။ ။ “ငါ့ အဘကို ငါ့အိမ်နားမှာ ကွန်ပြူတာ တက္ကသိုလ်
တက်နေတဲ့ကောင်လေးတစ်ယောက်ရှိတယ်လို့ ပြောလိုက်တာ၊ အဲဒါနဲ့ အဘက မင်းကို
တွေ့ချင်တယ်လို့ပြောလို့ မနက်ဖြန် မင်း ကျောင်းကပြန်လာရင်
လိုက်တွေ့လိုက်ပါဦး”
ကျနော်။ ။ “အစ်ကို့ အဘက ဘယ်ကလဲ၊ ရန်ကုန်မှာဘဲနေတာလား”
ဖွတ်။ ။ ။ “အေး….အလုံမှာနေတာလေ။ မင်းမနက်ဖြန် ကျောင်းကနေ
ဘယ်အချိန်လောက်ပြန်ရောက်မလဲ”
ကျနော်။ ။ “အင်း….ညနေ ခြောက်နာရီလောက်ဆိုရင် အိမ်ရောက်ပါပြီ။
ရတယ်လေ…..ကျနော် အိမ်ပြန်ရောက်ရင် လှမ်းအော် လိုက်မယ်”
ကျနော်လည်း စိတ်ဝင်စားသွားသည်။ အကြောင်းမှာ အချို့ကျနော့်အသိ အိမ်များက
ကျနော့်အားတစ်ခါတစ်ရံ ကွန်ပြူတာ ၀ယ်ချင်လျှင် သော်လည်းကောင်း၊ ကွန်ပြူတာ
တစ်ခုခုဖြစ်လျှင်သော်လည်းကောင်း၊ ကွန်ပြူတာနှင့် ပက်သက်၍ တစ်ခုခု
မေးချင်လျှင်သော် လည်းကောင်း ကျနော့်အားခေါ်ပါသည်။ ထို့အတွက် ကျနော်
ကျောင်းအသုံးစရိတ်လေးဘာလေး တော့ရသည်။ ယခုလည်း ကွန်ပြူတာ တစ်ခုခုဖြစ်၍
ပြချင်တာလည်း ဖြစ်နိုင်သည်။ သို့တည်းမဟုတ် ကွန်ပြူတာ ၀ယ်ချင်သည့်အတွက်
အရောင်းဆိုင်သို့ ခေါ်သွားချင်တာလည်း ဖြစ်နိုင်သည်။
သို့နှင့် နောက်တစ်နေ့ ကျောင်းမှ ပြန်ရောက်သောအခါ ကျနော်
ခေါင်းရင်းအိမ်ဘက်သို့ ကျနော် ပြန်ရောက်ကြောင်း အသံပြုလိုက်သည်။
တစ်ခဏကြာသောအခါ ခေါင်းရင်းအိမ်မှ “ဖွတ်” က ကျနော့်ကို လာခေါ်သည်။ တက္ကစီ
စီးသွားကြသည်။ ကားပေါ်တွင် ဖွတ်က “မင်း ဟိုရောက်ရင် အဘကို
ကောင်းကောင်းမွန်မွန်ဆက်ဆံနော်”။ သူ့စကားက လူကိုစော်ကား လိုက်သလို။
သို့နှင့် ကျနော်က “ဟေ့လူ…ခင်ဗျား စကားပြောတာကြည့်ပြော၊ ကျုပ်
တက္ကသိုလ်ကျောင်းသား တစ်ယောက်ဆိုတာ သိထား၊ လမ်းဘေးက ကလေကဝ
တစ်ယောက်မဟုတ်ဘူး”။ ကိုယ့်ရပေါက်ရလမ်း မို့လို့သာ လိုက်သွားသည်။ ပြီးတော့
ကျောင်းအသုံးစရိတ်က ဒီလဆိုလျှင် အပြင်စာအုပ်တွေပါ
ဝယ်ဖတ်လိုက်ရသည့်အတွက်ကြောင့် မလောက်ငှချင်။ ဒင်း ကိုတော့ သိပ်မကြည်။
မျက်စိထဲ ကန့်လန့်ကန့်လန့် ဖြစ်နေတာကြာပြီ။
လေးဆယ့်ငါးမိနစ်ခန့် စီးပြီးသောအခါ အလုံ ဆင်မင်းဈေးအနီးရှိ
လမ်းသွယ်တစ်ခု၏ထိပ်တွင် ဆင်းသည်။ နှစ်ယောက်သား ထိုလမ်းသွယ်ထဲသို့
လမ်းလျှောက်လာပြီး ခြံဝင်းကျယ်တစ်ခုရှေ့တွင် ရပ်လိုက်ကြသည်။ ဖွတ် က
အထဲရှိလူတစ်ဦး၏ အမည်ကို လှမ်းခေါ်လိုက်ရာ လူတစ်ယောက်မှ လာ၍
တံခါးဖွင့်ပေးသည်။ သို့နှင့် အခန်းတစ်ခန်းဆီသို့ရောက်သွားသည်။ ဖွတ်က
ထိုအခန်းတွင် ကျနော့်ကို ထားခဲ့ပြီး အခန်းပြင်ထွက်သွားသည်။ ခဏကြာသောအခါ
ကျနော့်ကို သူ့နောက်လိုက်ခဲ့ရန်ခေါ်ပြီး အခြားအခန်းတစ်ခန်းဆီသို့
ဝင်သွားသည်။ ကျနော်လည်း နောက်မှ လိုက်သွားသည်။ အခန်းထဲတွင် အသက် ၄၅
နှစ်အရွယ်ခန့်ရှိ အမျိုးသားတစ်ဦးကို တွေ့ရသည်။ ဖွတ် က ထိုအမျိုးသားအား
“အဘ… ကျနော်ပြောထားတဲ့ ကောင်လေးကို ခေါ်လာပါပြီ”၊ ထိုအခါ အသက် ၄၅
နှစ်အရွယ်ခန့်ရှိ အဘ ဆိုသူက “အေးအေး…မင်းသွားနိုင်ပါပြီ၊ သူ့ကိုတော့
ထားခဲ့” ဟုဆိုကာ ကျနော့်အား သူ့ရှေ့ရှိ ဆိုဖာစတီ ပေါ်တွင် ထိုင်ခိုင်းသည်။
ဖွတ်က တော့ အခန်းထဲက ထွက်သွားပြီ။
ထိုအဘ ဆိုသူကို ကျနော် တော်တော်စိတ်ဝင်စားသွားသည်။ တစ်ချို့ဦးလေးအရွယ်၊
အဒေါ်အရွယ်များဆို သူများတွေက ကိုယ့်ကို အစ်ကို၊ အစ်မ ဟုခေါ်က
သိပ်ပြီးသဘောခွေ့ သည်။
အချို့အဒေါ်အရွယ်အမျိုးသမီးကြီးများဆို ၄င်းတို့အား “မမ” ဟုခေါ်က လွန်စွာမှ
သဘောကျကြသည်။ ဦးလေးအရွယ်ရှိ သူတို့က ဦးလေးဟု အခေါ်ခံရခြင်းထက် “အစ်ကို”
ဟုခေါ်ခံရပါက ပိုပြီးသဘောကျကြသည်။ ထိုသို့အခေါ်ခံရပါက မိမိတို့၏ ရုပ်ရည်သည်
မရင့်သေး၊ နုနယ်ပျိုမြစ်သော အရွယ်ကို ဆောင်ကြသည် ဟုသတ်မှတ်ကြသည်။
သဘော့ခွေ့သည်။ ပြုံးကြသည်။ ပီတိဖြစ်ကြသည်။ ယခုမူ ကျနော့်ရှေ့၌
ထိုင်နေသောသူသည်ကား ကျနော့် အစ်ကိုအကြီးဆုံးအရွယ်လောက်ပင်မရှိသေး။ ဖွတ်က
၎င်း အား “အဘ” ဟုခေါ် လိုက်ခြင်းမှာ သူမသိ၍ခေါ်လိုက်ခြင်းပင်ဖြစ်မည်။
နာမည်ကိုက “ဖွတ်” ဖြစ်သည် မဟုတ်ပါလား။ အခေါ်ခံရသည့် သူကလည်း “အဘ”
ဟုအခေါ်ခံလိုက်ရတာတောင် မျက်နှာအနည်းငယ်ပင် ပျက်သွားခြင်း မရှိ။ မျက်နှာက
အရယ်အပြုံးမရှိ။ သြော်….တစ်ကယ်တည် ငြိမ်သည့် ပုဂ္ဂိုလ် ပေပဲ။ တရားသမားလည်း
ဖြစ်နိုင်သည်။ သို့မဟုတ် အချို့သူများက ဗေဒင် ဟောစားသူများ၊ ဗိန္ဓော ဆရာ
များကိုလည်း အဘဟု ခေါ်ကြသည့်အတွက် ကြောင့် ထိုပုဂ္ဂိုလ်မှာ ဗေဒင်ဆရာ
သို့မဟုတ် ဗိန္ဓော ဆရာလည်း ဖြစ်နိုင်သည်။
ဘာဘဲဖြစ်ဖြစ် ကိုယ်ကတော့ အသက်အရွယ်ကိုလိုက်ပြီး
ခွဲခြားခေါ်တတ်ကြောင်းကိုတော့ ပြမှဖြစ်မည်။ ပြီးတော့ တက္ကသိုလ် ကျောင်းသား
တစ်ယောက်ဖြစ်ပြီး အထင်သေးမခံချင်။ ဖွတ် ကိုတော့ ထိုကိစ္စမှာ အနည်းငယ်
ခွင့်လွှတ်မိပါသည်။ သူက လမ်းဘေးဒုက္ခသည် ဘ၀ကနေ ဖွတ်ဘ၀ ရောက်လာသည်မို့လို့
ရှိစေတော့။ ဘ၀င်စိတ်ကလေးနှင့် တွေးနေခိုက် အဘဆိုသော ပုဂ္ဂိုလ်က ကျုပ်ကို
စပြီး ……..
အဘ။ ။ “ကဲ…မင်း နာမည်ပြောစမ်းပါဦး”
ကျနော်။ ။ “ဟုတ်ကဲ့… ကျနော့်နာမည် xxxxx ပါ။ အစ်ကို့နာမည်ရော သိပါရစေခင်ဗျာ။”
အဘ။ ။ “အစ်ကိုလို့မခေါ်နဲ့။ အဘ လို့ခေါ်ဟုတ်ပြီလား။ ငါက ဗိုလ်မှူးကြီး xxxx
ကွ။ အားလုံးခေါ်သလို အဘ လို့ပဲခေါ်။”
ကျနော်။ ။ “ဟုတ်ကဲ့၊ အစ်ကို….အဲ….အ….အဘ” (စိတ်ထဲမှာတော့ ကျနော့်ကို
မကောင်းဆိုးဝါးလက်ထဲသို့ အပ်ခဲ့သည့် ဖွတ်ကို ကြိမ်ဆဲနေမိသည်။) “အဘ
ကျနော့်ကို ခေါ်တဲ့အကြောင်းကို သိပါရစေခင်ဗျ”
ထိုအခါ ၄င်း အဘ ဆိုသူက ကျနော့်အား အီးမေးလိပ်စာ တစ်ခုရေးထားသော
စာရွက်အပိုင်း အစတိုလေးတစ်ခု ကို ပေးပြီး အောက်ပါအတိုင်း စကားဆိုပါသည်။
အဘ။ ။ “ရော့…မင်း ဒီလိပ်စာကိုဖွင့်ပေး”
ကျနော်။ ။ “အဘ အီးမေးလ်ပတ်စ်ဝက်ဒ် မေ့နေလို့ ဖွင့်မရတာလား ခင်ဗျ”
အဘ။ ။ “ပတ်စ်ဝက်ဒ် ဆိုတာဘာလဲ”
ဘုရားရေ….Laptop တစ်လုံးလုံးဘေးမှာထားပြီး ပတ်စ်ဝက်ဆိုတာ မသိဘူးတဲ့။
ဟုတ်ရောဟုတ်ရဲ့လား။ သို့တည်းမဟုတ် ကျနော် အင်္ဂလိပ်လို “Password”
ဟုသုံးလိုက်မိသည့်အတွက် နားမလည်သွားတာများလား။ ထို့ကြောင့် ……
ကျနော်။ ။ “အဘ..ပတ်စ်ဝက်ဒ် ဆိုတာ လျှို့ဝှက်ကုဒ် ကိုပြောတာပါ ခင်ဗျာ၊
အီးမေးလ်းလိပ်စာက စာတိုက်သေတ္တာ နံပါတ် နဲ့ တူပြီး လျှို့ဝှက်ကုဒ် ကတော့
အဲဒီ သေတ္တာ ကိုဖွင့်တဲ့သော့နဲ့ တူပါတယ်”
အဘ။ ။ “အေး…ဟုတ်ပြီ။ ငါ ရှင်းသွားပြီ။ အခုဟာက ငါ့လိပ်စာမဟုတ်ဘူးကွ။ ငါ
စုံစမ်းနေတဲ့ ကောင်တစ်ယောက်ရဲ့ အီးမေးလ် လိပ်စာဘဲ။ သူ့လိပ်စာကို
ဖွင့်လို့ရရင် သူဘာလုပ်နေတယ်ဆိုတာကို သိမယ်။ ဒါကြောင့် သူ့လိပ်စာကို
ငါဖွင့်ချင်တာ”
ဟူး…ခက်ပါရောလား။ လူအခွင့်အရေး အပိုဒ် ၁၂ က ဆိုထားရာဝယ် “မည်သူမျှ
မိမိသဘောအတိုင်း အေးချမ်းလွတ်လပ်စွာ နေထိုင်ခြင်းကို သော်လည်းကောင်း၊
မိမိ၏ မိသားစုကို သော်လည်းကောင်း၊ မိမိနေအိမ် အသိုက်အ၀န်းကို
သော်လည်းကောင်း၊ စာပေးစာယူကို သော်လည်းကောင်း ဥပဒေအရ မဟုတ်သော
ဝင်ရောက်စွက်ဖက်ခြင်း မခံစေရ။” ဟူ၏။ ဒီ အဘ ဆိုသူ နဲ့တော့ ခက်နေပါပြီ။
ကျနော်။ ။ “အီးမေးလ်လိပ်စာတစ်ခုအထဲက စာတွေကို ဖတ်ဖို့ဆိုရင် ခုနကပြောတဲ့
လိပ်စာရယ်၊ လျှို့ဝှက်ကုဒ် ရယ် နှစ်ခုလုံးသိမှ ဖွင့်လို့ရတာပါ အဘ”
အဘ။ ။ “အေး…အေး။ ဒါဆိုလည်း မင်းပြန်နိုင်ပါပြီ။ ရော…ရော့” ဟုဆိုကာ
ကျနော့်အား တစ်ထောင်တန် အခေါက်တစ်ထပ်ကို ပေးပါသည်။ ကျနော့်တွင်
ပိုက်ဆံပါသည်ဟု ပြောပြီး ကျနော်မယူခဲ့ပါ။
နောက်တစ်နေ့ မနက် အိပ်ယာထပြီး အိမ်ရှေ့တွင် မျက်နှာသစ်နေခိုက်၊
ဟိုဘက်အိမ်က ဖွတ်က ရုတ်တရက်လှမ်း၍ “ဟေ့ကောင်… မင်းမနေ့က အဆင်ပြေရဲ့လား။
အဘက မုန့်ဖို့ဘယ်လောက်ပေးလိုက်လဲ။” ကျနော်လည်း မနက်စောစောစီးစီး ဖွတ်
မျက်နှာကို မြင်ပြီး အကုသိုလ် ပွားရတော့သည်။ “ဘယ်လောက်ပေးပေး
ခင်ဗျားအပူလား။” အခုလို ပိတ်ပြောပစ်တာတောင် ဒင်းက မရပ်သေး။ ဆက်ပြီး
“အောင်မာ….မင်းက ငါလိုက် ပို့လို့ အဘဆီကို တစ်ခေါက်ပဲယောက်ဖူးသေးတာ။
မင်းက အဘအားကိုးနဲ့ ငါ့ကို မိုက်တော့မယ်ပေါ့ဟုတ်လား။”
ကျနော်လည်း မနက်စောစောစီးစီးမို့ ပါးစပ်က အယုတ်တ၊ အနတ္တ
မထွက်ချင်သည့်အတွက်ကြောင့် မျက်နှာသစ်လက်စဖြင့် ရေခွက်ကို တိုင်ကီထဲသို့
ဗွမ်းကနဲ ပစ်ချပစ်လိုက်ပြီး အိမ်ထဲသို့ ၀င်ခဲ့တော့သည်။
သို့နှင့် တစ်ပတ်လောက်ကြာသော် ဖွတ် မိန်းမ (ဖွတ်မ) က ကျနော့်အမေအား ဖွတ်က
အဘ ဆိုသူထံမှ ကျနော်သည် အင်တာနက်အကြောင်း ကိုကောင်းစွာသိရှိထားကြောင်း၊
သူ (အဘဆိုသူ) မရှင်းလင်းသည့် အကြောင်းများကိုလည်း စိတ်ရှည်လက်ရှည်
ရှင်းပြနိုင်ကြောင်း ကျနော့်အမေ ပြန်ပြောပြ၍ သိရသည်။ သို့သော် ကျနော်
စိတ်မ၀င်စားပါ။ Password ဆိုသည့်စကားလုံးကို ဂိမ်းဆိုင်မှာ ဂိမ်းဆော့နေကြ
သည့် မူလတန်း၊ အလယ်တန်း အဆင့် ကလေးတွေပင် ကောင်းကောင်း သိပါသည်။
တစ်နေ့တွင် ဖွတ် က ကျနော် ကျောင်းသွားနေခိုက် ညနေကျနော်
ကျောင်းကပြန်လာလျှင် အဘ ဆိုသည့် ပုဂ္ဂိုလ်အိမ်သို့ သွားရဦးမည်ဖြစ်
ကြောင်း ကျနော့်အမေအား မှာထားခဲ့၍ ကျနော်ကျောင်းကပြန်ရောက် သောအခါ
သိရသည်။ ကျနော် သူငယ်ချင်းအိမ်တွင် စာသွားလုပ်စရာရှိ သည်ဟု
အကြောင်းပြသည်။ သို့သော် အမေမျက်နှာမကောင်း၍ ကျနော် ဖွတ်နှင့်အတူ ဒုတိယ
အကြိမ် အဘ ဆိုသူ အိမ်သို့ လိုက်သွားရပြန်သည်။ အမေက ဘယ်သူနှင့် မှ
ပြဿနာတက်မည်ကို မလိုလား။ စကားများများမပြောချင်။
ဖွတ်က အရင်တစ်ခေါက်တုန်းကလိုပင် ကျနော့်အား အခန်းထဲတွင်ထားခဲ့ပြီး
ပြန်သွားသည်။ ကျနော့်မှာမူ အဘနှင့် နှစ်ပါးသွားရတော့သည်။ “အေး…မောင်XXXX၊
ထိုင်ကွာ၊ မင်းကို အဘမေးစရာတွေရှိလို့။ ဂျီတောက် ဆိုတာဘာလဲသိလား”။ ကျနော်
ရုတ်တရက်ကြောင်သွားသည်။ ထို့နောက် အတန်ငယ်စဉ်းစားပြီးမှ …..
ကျနော်။ ။ “ဟုတ်ကဲ့အဘ။ ကျနော်အဲဒီ ဗဟုသုတတော့ သိပ်မရှိပါဘူး။
မုဆိုးတွေပြောတာတော့ ကျားတို့၊ ခြင်္သေ့တို့ဆိုရင် ဟိန်းတယ်။ မျောက်တို့၊
ဆင်တို့ဆိုရင် အော်တယ်။ ဂျီ ဆိုရင် တောက်တယ်။ ကြက်တို့၊ ဒေါင်းတို့
ဆိုရင် တွန်…”
အဘ။ ။ “ဟာ….၊ မဟုတ်ဘူးလေကွာ၊ ကွန်ပြူတာမှာလေ.. တစ်ယောက်နဲ့တစ်ယောက်
စကားပြောကြတာ။ ဂျီတောက်လေ…ဂျီတောက်။”
ကျနော်။ ။ “သြော်…ဟုတ်ကဲ့၊ အဲဒါ ဂျီတော့ခ် လို့ခေါ်ပါတယ် အဘ။
တစ်ခြားတစ်နေရာမှာ ရှိတဲ့သူတစ်ယောက် ယောက်နဲ့ ကိုယ်နဲ့ အင်တာနက်ပေါ်က
ဂူဂဲလ် စကားပြောစနစ်ကို သုံးပြီးတော့ တွေ့ကြ၊ စာရေးပြီး စကားပြောကြ၊
နားကြပ် တပ်ပြီး စကားပြောကြတာကို ဂျီတော့ခ်လို့ခေါ်ပါတယ်”
သို့နှင့် ကျနော့်အား ဂျီတော့ခ်ပေါ်တွင် စမ်းပြီးစကားပြောချင်သည်ဟု
ပြောသည့်အတွက်ကြောင့် ဂျီမေးလ် အကောင့်တစ်ခုကို သူ့အတွက် ဖွင့်ပေးပြီး၊
ကျနော့်အတွက်လည်း သူနှင့် စကားပြောရန် နောက်ထပ် ဂျီမေးလ်အကောင့်တစ်ခု
ထပ်ဖွင့်ပါသည်။ အစမ်းလေ့ကျင့်ရန် ကွန်ပြူတာ နှစ်လုံးရှိရမည်
ဖြစ်ကြောင်းပြောရာ ၄င်းအိမ်အပေါ်ထပ်မှ ကွန်ပြူတာနောက်ထပ်တစ်လုံးကို
အမျိုးသား တစ်ဦးက ရွှေ့လာပါသည်။ သို့နှင့် အခန်း ထောင့်နှစ်ထောင့်တွင်
ကွန်ပြူတာ တစ်လုံးစီကို ထားပြီး ဂျီတော့ခ်ပေါ်တွင် စကား ပြောကြပါသည်။
ကျနော်တို့ ဂျီတော့ခ်ပေါ်တွင် ပြောခဲ့ကြသော စကားများမှာ
အောက်ပါအတိုင်းဖြစ်ပါသည်။
အဘ။ ။ “ဟဲလို…ဟဲလို။ ကြားရလား….ကြားရလား။ ကြားရင် အကြောင်းပြန်”
ကျနော်။ ။ “ဟုတ်ကဲ့ကြားရပါတယ်။” (ကြားရမှာပေါ့။ တစ်ခန်းထဲမှာ ဒီလောက်
အာသံဗြဲကြီးနဲ့ နားမခံသာအောင် အော်နေတာ)
အဘ။ ။ “ဟေး….မင်းနေကောင်းလား”
ကျနော်။ ။ “ဟုတ်ကဲ့ကောင်းပါတယ်။” (စိတ်ပျက်ဖို့)
အဘ။ ။ “ကောင်းပါတယ် အဘလို့ပြော” (အရေးထဲ ထ ထ ဖောက်နေပြန်ပြီ။ တစ်ကယ်….ပါ။
စိတ်ပိန်တယ်)
ကျနော်။ ။ “ကောင်းပါတယ် အဘ”
အဘ။ ။ “အေး…အေး။ မင်းဘာလုပ်နေလဲ” (သိသိကြီးနဲ့ မေးပြန်ပြီ…။ စိတ်ရော၊ လူရော ညစ်တယ်)
ကျနော်။ ။ “အဘ နဲ့ စကားပြောနေတယ်လေ” (အမှန်ကို ဆိုတာပါ၊ မလိမ်ပါ)
အဘ။ ။ “အော်..အေး၊ ဟုတ်သားပဲ” (ဒီလိုဘဲ ဖြီးနေကျ)
သည်လိုနှင့် စကားပြောကြရာ တစ်နာရီခန့်ကြာသွားသည်။
ပါးစပ်တွေလဲညောင်းလှပြီ၊ နားတွေလည်း အူလှပြီ။ တစ်နည်းအားဖြင့် (ယခုခေတ်
စကားနှင့် ဆိုရပါမူ) နားမုဒိန်းကျင့်ခံနေရသည့် ဒုက္ခ။ သို့နှင့်…….
ကျနော်။ ။ “အဘ….ဂျီတော့ခ်က တစ်ခါတစ်ခါ ဗိုင်းရပ်စ်တွေ ပါတတ်တယ်။ ကျောင်းက
သူငယ်ချင်းတစ်ယောက်တောင် သူ့သူငယ်ချင်းနဲ့ ဂျီတော့ခ်ပြောရင်း
ကွန်ပြူတာထဲကို ဗိုင်းရပ်စ်ဝင်လာပြီး ပျက်သွားရော”
(အိမ်လည်းပြန်ချင်လှပြီ - အဖြူရောင် မုသားသုံးလိုက်ရသည်)
အဘ။ ။ “ဟာ…ဒီအတွက်တော့မပူနဲ့။ ငါ့မှာ နောက်တစ်လုံးရှိသေးတယ်” (ဒီကလေးနဲ့
ခက်ပါပြီကော)။
ကျနော်။ ။ “မဟုတ်ဘူး အဘ။ ဗိုင်းရပ်က ကွန်ပြူတာထဲ ကနေ တစ်ဆင့် နားကြပ်
ထဲကိုရောက်နိုင်ပြီး ဦးနှောက်ထဲအထိ ရောက်တယ်။ ပြီးတော့
ဦးနှောက်ထိခိုက်ပြီး အသက်ပါဆုံးတယ်လို့ ပြောတယ်အဘရဲ့။ မနေ့ကတင် ကျနော်
အင်တာနက် သတင်းတစ်ပုဒ်မှာ ဖတ်လိုက်ရတယ်။ အဲဒီအထဲမှာ အနောက်နိုင်ငံတစ်ခုက
ကျောင်းသားတစ်ယောက် ဂျီတော့ခ်ပြောရင်း နားကြပ်တန်းလန်းနဲ့ သေနေတာကို
တွေ့ရတယ်တဲ့။ ဆရာဝန်က စစ်ဆေးကြည့်တော့ ကွန်ပြူတာ ထဲက ဗိုင်းရပ်စ်ပိုးက
ဂျီတော့ခ်ကနေ နားကြပ်ထဲ၊ နားကြပ်ထဲကနေ တစ်ဆင့် ဦးနှောက်ထဲကို ၀င်ပြီး
ဦးနှောက်ကို ဒုက္ခပေးတာတဲ့။ နောက်ပြီး ကွန်ပြူတာ ဗိုင်းရပ်ပိုးက
ဦးနှောက်ထဲကို ၀င်သွားပြီးရင် အဲဒီလူကို နာရီပိုင်းအတွင်း
သေစေနိုင်တယ်တဲ့။ အဲဒါ ကျနော် အဘအတွက် စိုးရိမ်လို့ပါ အဘ။ ”
အဘ။ ။ “ဟေ…ဟုတ်လား။ ဒါဆိုရင် ဂျီတော့ခ် ပြောတာ အသက်အန္တရာယ်နဲ့ နီးစပ်တယ်။
တော်ပြီ နောက်ဆိုရင် ဂျီတော့ခ် မပြောတော့ဘူး။ ရာဟု မစိန်ကြာ နဲ့ဘဲ
စကားပြောတော့မယ်။ ညက ငါ့ ရဲဘော်တွေနဲ့ ဘီယာသောက်ရင်း သူတို့ပြောပြတာ။
ဂျီတောက်..အဲ..ဂျီတော့ခ် နဲ့ စကားပြောရတာ အဆင်မပြေရင် ရာဟု မစိန်ကြာ နဲ့
စကားပြောလို့ရတယ်တဲ့။ အဲဒါ မင်းလုပ်ပေး”
ဘုရား….ဘုရား။ ဒုက္ခတွေတော့ ဖြစ်ကုန်ပြီနဲ့တူတယ်။ ဘယ်က ရာဟု မစိန်ကြာ လဲ။
အရေးထဲ အောင်သွယ်လုပ်ခိုင်းနေပြန်ပြီ နဲ့တူတယ်။
ကျနော်။ ။ “အဘ….ကျနော့် အသိထဲမှာ ရာဟု မစိန်ကြာဆိုတာ မရှိဘူးခင်ဗျ။
ဟို…ဟို။ ဒါမှ မဟုတ် မစိန်ကြာဆိုတာ…”
အဘ။ ။ “မစိန်ကြာ မဟုတ်ဘူးလေကွာ။ ရာဟု ပါသေးတယ်။ ရာဟု မစိန်ကြာ”
စနေနေ့မှာမွေးတဲ့သူတွေဆို စနေမောင်မောင်တို့၊ စနေမ တို့ဆိုပြီး နာမည်
ပေးကြတော့ ဧကန္တ မစိန်ကြာကို ရာဟု နေ့မှာမွေးလို့ ရာဟု မစိန်ကြာလို့
ပေးထားတာဘဲနေမှာ။
အဘ။ ။ “ဟေ့ကောင်…ဘာငေးကြည့်နေတာလဲ…။ ငါ ရာဟု မစိန်ကြာ နဲ့
စကားပြောချင်တယ်ဆို။ အင်တာနက်ထဲမှာ ရာဟု မစိန်ကြာ ရှိတယ်”
ကျနော်။ ။ “ဟို…ဟို..အဘ။ ကျနော် အင်တာနက် သုံးလာတာ ကြာပါပြီ။ ကျနော် ရာဟု
မစိန်ကြာဆိုတာ တစ်ခါမှ မကြားဖူးပါဘူး”
ထိုအခါကျမှ အဘ က သူ့ အိပ်ကပ်ထဲမှ စာရွက်အပိုင်းအစလေးကို ထုတ်ကာ… “ဒီမှာ
တွေ့လား၊ မနေ့က ငါ့ရဲဘော်တွေ ရေးပေးလိုက်တာ… ဘာတဲ့ Y-A-H-O-O…ရာဟု၊
M-E-S-S-E-N-G-E-R…မစိန်ကြာ တဲ့။ အဲဒီမှာ စကားပြောလို့ ရတယ်လို့ပြောတယ်”။
ကျနော်။ ။ “ဟာ…အဘ အဲဒါ ရာဟူး မတ်စင်ဂျာ လို့ခေါ်တယ်။ ဗိုင်းရပ်ပိုး
အများဆုံးဝင်တာ အဲဒီကပေါ့။ အင်တာနက်ပေါ်မှာ
စကားပြောတဲ့လူတော်တော်များများကို ဒုက္ခပေးတာ။ ရာဟူး မတ်စင်ဂျာ မှာ
စကားပြောရင်း သေတဲ့သူ အရေအတွက်က၊ ဂျီတော့ခ် မှာစကားပြောရင်
သေဆုံးသူအရေအတွက်ထက်ပိုများတယ်။
အဘ။ ။ “မင်းကွာ….အဲဒီလို ဖြစ်တတ်တယ်ဆိုတာ စောစောက ငါ့ကို ဘာလို့ကြိုမပြော
တာတုန်း။ အခုလိုကြားရ တာတောင် နိမိတ်မကောင်းဘူး။ မင်းလည်း
နောက်ဆိုငါ့အိမ်ကို မလာတော့နဲ့။ ဒါ…ဟိုကောင်တွေ ငါ့ကို သက်သက်
သေကြောင်းကြံတာ….တောက်၊ တွေ့ကြသေးတာပေါ့ကွာ၊ ဟင်း…ဟင်း”။

Credit to original writer

မတူညီသောတူညီမှု

အဆောက်အဦးတစ်ခုရှေ့မှာ မျက်မမြင်ကောင်လေးတစ်ယောက် ဦးထုပ်တစ်လုံးကို ခြေထောက်နားချထားပြီး ထိုင်နေတယ်။ “ကျွန်တော်မျက်မြင်တစ်ယောက်ပါ..ကျေးဇူးပြုပြီး ကူညီကြပါ.” ဆိုတဲ့ ဆိုင်းဘုတ်လေးချပြီးတော့ပေါ့။ ဦးထုပ်ထဲမှာတော့ အကြွေစေ့လေးအနည်းငယ်ပဲ တွေ့ရတယ်.
အဆောက်အဦးတစ်ခုရှေ့မှာ မျက်မမြင်ကောင်လေးတစ်ယောက် ဦးထုပ်တစ်လုံးကို ခြေထောက်နားချထားပြီး ထိုင်နေတယ်။ “ကျွန်တော်မျက်မြင်တစ်ယောက်ပါ..ကျေးဇူးပြုပြီး ကူညီကြပါ.” ဆိုတဲ့ ဆိုင်းဘုတ်လေးချပြီးတော့ပေါ့။ ဦးထုပ်ထဲမှာတော့ အကြွေစေ့လေးအနည်းငယ်ပဲ တွေ့ရတယ်.

ဒီအချိန်မှာပဲ လူတစ်ယောက် အဲဒီကောင်လေးအနားဖြတ်လျှောက်လာတယ်။ သူ့အိတ်ထောင်ထဲက အကြွေစေ့ အနည်းငယ် ထုတ်ပြီး ကောင်လေးရဲ့ ဦးထုပ်ထဲ ပစ်ထည့်လိုက်တယ်။ ပြီးတော့.. ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့၀ိုက်ကြည့်လိုက်ပြီး.. ကောင်လေးထောင်ထားတဲ့ ဆိုင်းဘုတ်လေးကို ကောက်ယူလိုက်ပြီး.. စာအနည်းငယ်ကို နောက်ကျောမှာရေးလိုက်တယ်။ ပြီးတော့ လူတိုင်းမြင်နိုင်မဲ့ ဘက်ကို သူရေးထားတဲ့စာလေးမြင်သာအောင် ဆိုင်းဘုတ်လေးကိုထောင်ထားလိုက်တယ်။


မကြာခင်မှာပဲ.. ဦးထုပ်လေးထဲမှာ ပြည့်လုပြည့်ခင်ပါပဲ။ လူတွေက အဲဒီမျက်မမြင်ကောင်လေးကို ထည့်ပေးလိုက်တဲ့ ငွေသားတွေပေါ့။ အဲဒီ နေ့မွန်းလွဲပိုင်းမှာပဲ ကောင်လေးရဲ့ဆိုင်းဘုတ်ကို စာပြောင်းရေးခဲ့တဲ့သူ ပြန်ရောက်လာတယ်.. သူရေးခဲ့တာ ဘယ်လောက်အကျိုးဝင်တယ်ဆိုတာ ကြည့်ရန်ပေါ့.။ ကောင်လေးက လဲ အဲဒီလူရဲ့ခြေသံကို မှတ်မိတယ်လေ.. သူကိုမေးလိုက်တာပေါ့..“ခင်ဗျားက..ဒီမနက်မှာ ကျွန်တော့်ဆိုင်းဘုတ်ကို ပြောင်းလိုက်တဲ့သူ မဟုတ်လား? ခင်းဗျားဘာတွေရေးခဲ့တာလဲဗျ?”
အဲဒီလူကပြန်ပြောတယ် “ငါအမှန်တရားကိုပဲ ရေးလိုက်တာပါ. ဒါပေမယ့် ငါရေးလိုက်တာနဲ့ မင်းရေထားတာက နည်းလမ်းမတူဘူးကွ”။ အဲဒီလူ ဘာရေးခဲ့သလဲဆိုတော့..
“ ဒီနေ့က အရမ်းသာယာလှပတဲ့နေ့တစ်နေ့ပါပဲ..ကျွန်တော်ကတော့ မမြင်တွေ့နိုင်ဘူးလေ”
ခင်ဗျားတို့ ပထမဆိုင်းဘုတ်နဲ့ ဒုတိယဆိုင်းဘုတ် အတူတူပဲလို့ထင်သလား?


တူတာပေါ့ဗျာ.. ဆိုင်းဘုတ်နှစ်ခုလုံးက ကောင်လေးဟာမျက်မမြင် တစ်ယောက်ပါဆိုတာ ဖော်ပြထားတာပါပဲ။ ဒါပေမယ့် ပထမဆိုင်းဘုတ်က ကောင်လေးမျက်မမြင်ဘူးဆိုတာ ရိုးရိုးလေးရေထားတာလေ။ ဒုတိယဆိုင်းဘုတ်ကျတော့.. လူတွေ အရမ်းကိုကံကောင်းကြတာပဲ. သူတို့တွေက မျက်မမြင်တွေ မဟုတ်လို့လေ။

ဒုတိယဆိုင်းဘုတ်က အကျိုးဖြစ်တယ်ဆိုတာ ကျွန်တော်တို့အံ့အားသင့်ဖွယ်တွေ့မြင်ရပြီမဟုတ်လား?
လူတစ်ဖက်သားကို ကျေးဇူးတင်ရာမှာ ကိုယ့်မှာ ရှိတဲ့ အတွေးအခေါ်တွေ၊ စဉ်းစားကြံစမှုတွေကို လိုက်လျောညီထွေစွာ ပြောဆိုဖေါ်ပြတတ်ဖို့ပါပဲ...
တခြားသူများကို..ကောင်းမွန်သော ဥာဏ်ပညာနှင့် ဖိတ်ခေါ်ပါ။ ဘ၀မှာ ဆင်ခြေဆင်လက်တွေ၊ ပူဆွေးဝမ်းနည်းစရာ အချစ်ကိစတွေနဲ့ မနေထိုင်ပါနဲ့။ ဘ၀က မင်းကို ငိုကျွေးစရာ အခု ၁၀၀ ပေးလာခဲ့လျှင်.. မင်းမှာ ရယ်ရွှင်ကြည်နူးဖွယ်ရာ အခု ၁၀၀၀ လောက် ဘ၀ကို ပြန်ပြလိုက်ပါ။ မင်းမှာ ၀မ်းနည်းပူဆွေးစရာတွေ မရှိခဲ့ဖူးလို့ သဘောထားလိုက်ပါ။ လက်ရှိဘ၀ကို ယုံကြည်မှုတွေနဲ့ ဆုပ်ကိုင်ထားလိုက်ပါ။ အနာဂတ်အတွက် ကြောက်ရွံမှုတွေကင်းရှင်းအောင်ပြင်ဆင်ထားလိုက်ပါ။ ယုံကြည်မှုကို ချုပ်ကိုင်ထားပြီးတော့ ကြောက်ရွံမှုကို ဖယ်ရှားလိုက်ပါ။

Great men say, 'Life has to be an incessant process of repair and reconstruction, of discarding evil and developing goodness…. In the journey of life, if you want to travel without fear, you must have the ticket of a good conscience.'

The most beautiful thing is to see a person smiling…
And even more beautiful is, knowing that you are the reason behind it!!!

ဒီအချိန်မှာပဲ လူတစ်ယောက် အဲဒီကောင်လေးအနားဖြတ်လျှောက်လာတယ်။ သူ့အိတ်ထောင်ထဲက အကြွေစေ့ အနည်းငယ် ထုတ်ပြီး ကောင်လေးရဲ့ ဦးထုပ်ထဲ ပစ်ထည့်လိုက်တယ်။ ပြီးတော့.. ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့၀ိုက်ကြည့်လိုက်ပြီး.. ကောင်လေးထောင်ထားတဲ့ ဆိုင်းဘုတ်လေးကို ကောက်ယူလိုက်ပြီး.. စာအနည်းငယ်ကို နောက်ကျောမှာရေးလိုက်တယ်။ ပြီးတော့ လူတိုင်းမြင်နိုင်မဲ့ ဘက်ကို သူရေးထားတဲ့စာလေးမြင်သာအောင် ဆိုင်းဘုတ်လေးကိုထောင်ထားလိုက်တယ်။


မကြာခင်မှာပဲ.. ဦးထုပ်လေးထဲမှာ ပြည့်လုပြည့်ခင်ပါပဲ။ လူတွေက အဲဒီမျက်မမြင်ကောင်လေးကို ထည့်ပေးလိုက်တဲ့ ငွေသားတွေပေါ့။ အဲဒီ နေ့မွန်းလွဲပိုင်းမှာပဲ ကောင်လေးရဲ့ဆိုင်းဘုတ်ကို စာပြောင်းရေးခဲ့တဲ့သူ ပြန်ရောက်လာတယ်.. သူရေးခဲ့တာ ဘယ်လောက်အကျိုးဝင်တယ်ဆိုတာ ကြည့်ရန်ပေါ့.။ ကောင်လေးက လဲ အဲဒီလူရဲ့ခြေသံကို မှတ်မိတယ်လေ.. သူကိုမေးလိုက်တာပေါ့..“ခင်ဗျားက..ဒီမနက်မှာ ကျွန်တော့်ဆိုင်းဘုတ်ကို ပြောင်းလိုက်တဲ့သူ မဟုတ်လား? ခင်းဗျားဘာတွေရေးခဲ့တာလဲဗျ?”
အဲဒီလူကပြန်ပြောတယ် “ငါအမှန်တရားကိုပဲ ရေးလိုက်တာပါ. ဒါပေမယ့် ငါရေးလိုက်တာနဲ့ မင်းရေထားတာက နည်းလမ်းမတူဘူးကွ”။ အဲဒီလူ ဘာရေးခဲ့သလဲဆိုတော့..
“ ဒီနေ့က အရမ်းသာယာလှပတဲ့နေ့တစ်နေ့ပါပဲ..ကျွန်တော်ကတော့ မမြင်တွေ့နိုင်ဘူးလေ”
ခင်ဗျားတို့ ပထမဆိုင်းဘုတ်နဲ့ ဒုတိယဆိုင်းဘုတ် အတူတူပဲလို့ထင်သလား?


တူတာပေါ့ဗျာ.. ဆိုင်းဘုတ်နှစ်ခုလုံးက ကောင်လေးဟာမျက်မမြင် တစ်ယောက်ပါဆိုတာ ဖော်ပြထားတာပါပဲ။ ဒါပေမယ့် ပထမဆိုင်းဘုတ်က ကောင်လေးမျက်မမြင်ဘူးဆိုတာ ရိုးရိုးလေးရေထားတာလေ။ ဒုတိယဆိုင်းဘုတ်ကျတော့.. လူတွေ အရမ်းကိုကံကောင်းကြတာပဲ. သူတို့တွေက မျက်မမြင်တွေ မဟုတ်လို့လေ။

ဒုတိယဆိုင်းဘုတ်က အကျိုးဖြစ်တယ်ဆိုတာ ကျွန်တော်တို့အံ့အားသင့်ဖွယ်တွေ့မြင်ရပြီမဟုတ်လား?
လူတစ်ဖက်သားကို ကျေးဇူးတင်ရာမှာ ကိုယ့်မှာ ရှိတဲ့ အတွေးအခေါ်တွေ၊ စဉ်းစားကြံစမှုတွေကို လိုက်လျောညီထွေစွာ ပြောဆိုဖေါ်ပြတတ်ဖို့ပါပဲ...
တခြားသူများကို..ကောင်းမွန်သော ဥာဏ်ပညာနှင့် ဖိတ်ခေါ်ပါ။ ဘ၀မှာ ဆင်ခြေဆင်လက်တွေ၊ ပူဆွေးဝမ်းနည်းစရာ အချစ်ကိစတွေနဲ့ မနေထိုင်ပါနဲ့။ ဘ၀က မင်းကို ငိုကျွေးစရာ အခု ၁၀၀ ပေးလာခဲ့လျှင်.. မင်းမှာ ရယ်ရွှင်ကြည်နူးဖွယ်ရာ အခု ၁၀၀၀ လောက် ဘ၀ကို ပြန်ပြလိုက်ပါ။ မင်းမှာ ၀မ်းနည်းပူဆွေးစရာတွေ မရှိခဲ့ဖူးလို့ သဘောထားလိုက်ပါ။ လက်ရှိဘ၀ကို ယုံကြည်မှုတွေနဲ့ ဆုပ်ကိုင်ထားလိုက်ပါ။ အနာဂတ်အတွက် ကြောက်ရွံမှုတွေကင်းရှင်းအောင်ပြင်ဆင်ထားလိုက်ပါ။ ယုံကြည်မှုကို ချုပ်ကိုင်ထားပြီးတော့ ကြောက်ရွံမှုကို ဖယ်ရှားလိုက်ပါ။

Great men say, 'Life has to be an incessant process of repair and reconstruction, of discarding evil and developing goodness…. In the journey of life, if you want to travel without fear, you must have the ticket of a good conscience.'

The most beautiful thing is to see a person smiling…
And even more beautiful is, knowing that you are the reason behind it!

Credit to original writer

Sunday, August 23, 2009

မျက်မမြင်၅ယောက်နှင့် ကွန်ပျူတာ

တခါက ပေါ့ကွယ် …မျက်မမြင် ၅ ယောက်ရှိကြပါသတဲ့ …
သူတို့ဟာ တစ်ဦးနဲ့ တစ်ဦး အကြောင်းအရာ တစ်ခုခုကို နေ့စဉ် ပြောဆိုဆွေးနွေးငြင်းခုန်ကြပါသတဲ့ …

တစ်နေ့တော့ ..သူတို့ဟာ …အင်တာနက် ဆိုတဲ့ အကြောင်းအရာကစပြီး ဆွေးနွေးလာလိုက်ကြတာ နောက်ဆုံးတော့ ကွန်ပျူတာ ဆိုတာ ဘယ်လိုဟာလဲ ဆိုတဲ့ မေးခွန်း ကို ရောက်သွားကြပါသတဲ့ …
လေသန်သန်နဲ့ ..အင်တာနက် အကြောင်းကိုသာ ရွှီးနေကြတာ …ကွန်ပျူတာ ဆိုတာ ဖြူ သလား မဲသလား ..မသိကြဘူး ကွဲ့ ..အဲလေ ..ဘယ်သိမှာလဲ သူတို့က မျက်မမြင်တွေကိုး ..

တစ်နေ့တော့ ..သူတို့ ၅ ဦး ဆုံပြီး ..ကွန်ပျူတာ ဆိုတာ ဘယ်လို ဟာလဲ သိဘို့ …အတွက် ..ကိုကြီးကျော် ရဲ့ ရုံးခန်းကို ရောက်လာကြပါသတဲ့ … ရောက်လာတယ်ဆိုရင်ဘဲ ကိုကြီးကျော် ကို အကျိုးအကြောင်း ပြောပြတော့ ..ကိုကြီးကျော်လဲ အတော် သဘောတွေ ကျသွားပါသတဲ့ …
" အမယ် တယ်ဟုတ်ပါလား ..ကို့ ညီတို့ ကိုတော့ လေးစာသွား ပဟ …အစ်ကို ကူညီမယ် "
ဆိုပြီး ..သူ့ရဲ့ ဧည့်ခန်းထဲကို ထိုင်ခိုင်း ပါသတဲ့ …
ပြီးတော့ ..သူ့ရုံးခန်းမှာလဲ ဧည့်သည်တွေ မရှိတော့ အိုကေဘဲပေါ့
သူဖတ်ဖူးတဲ့ ဟိုပုံပြင်ထဲက မျက်မမြင်တွေ ဆင်ကြီးကို စမ်းသလိုမျိုး စမ်းပြီး ကွန်ပျူတာကို ဘယ်လို ဥပမာပေးကြမလဲ ဆိုတာ သိပ်သိချင်နေတာပေါ့

ဒီလိုနဲ့ဘဲ ပထမ ဦးဆုံးတစ်ယောက်ကို ..အခန်းထဲကို ၀င်ခိုင်းပြီး စမ်းစေပါသတဲ့
ခဏနေတော့ ..သူ ပြန်ထွက်လာပြီး ကိုကြီးကျော်ကို ပြောသတဲ့ ..
" ကိုကြီးရာ ..တကယ်တော့ ကွန်ပျူတာဆိုတာ …အပျိုမလေး ရဲ့ ဗိုက်သား လိုပါဘဲလား ဗျာ ..မျက်နှာပြင်ကလေးက ချောမွေ့ နေတာကိုး " တဲ့
ကိုကြီးကျော် သဘောကျ သွားသပေါ့ …
ဥပမာ ကလေးက ကောင်းတော့ သဘောတွေ ကျသပေါ့
" အင်း …ဒီကောင် မော်နီတာ မျက်နှာပြင်ကို စမ်းမိ သွားပြီဘဲ "

နောက်တစ်ယောက် ၀င်သွားပါသတဲ့ …
သူလဲ ..ပြန်ထွက်လာပြီး …
" အော် ကွန်ပျူတာ ဆိုတာ ..အပျိုမ ကလေးရဲ့ ခြေထောက် ကလေးတွေ လိုပါဘဲ " တဲ့
" အမ် …မင်းက ဘယ်လို စမ်းတာလဲ " ဆိုတော့
" ကျနော် ထိုင်ပြီး စမ်းတာပါ" …တဲ့ "
" အော်…ဒီကောင် …ကွန်ပျူတာ တင်ထားတဲ့ ..စားပွဲခြေထောက်ကို စမ်းမိတာပါလား ….ဟားဟား …"

နောက်ထပ် တစ်ယောက် ၀င်ပါသတဲ့ကွယ် ..
သူလဲ ပြန်ထွက်လာတော့ ပြုံးစေ့စေ့နဲ့ ..
" ကွန်ပျူတာဆိုတာ ..အပျို မ ကလေးရဲ့ …အသားလိုပါဘဲ ..နှိပ်လိုက်ရင် ခွက်ဝင်သွားတယ်နော် …" တဲ့
" အော် ဒီကောင် ကီးဘုတ်ကို စမ်းမိတာကိုး "
ကိုကြီးကျော် လန့်တောင်နေပါတယ်တဲ့ ..
ဒီကောင်တွေရဲ့ ဥပမာက အပျို မ ထဲကကို မထွက် လို့ လေ

နောက်တစ်ယောက်လဲ ထွက်လာပြီး ..
" အပျိုမကလေးရဲ့ ကျောပြင် ကလေးလိုပါဘဲ ညီညာပြန့်ပြူး လို့ "
" အော် ဒီကောင်က မာသာဘုတ် ကို စမ်းမိတာကိုး "

နောက်ဆုံးတစ်ယောက် အထဲကို ၀င်သွားတော့ ကိုကြီးကျော် …စိတ်ဝင်တစား စောင့်နေမိတယ် …
သူတို့ ဥပမာပေးတွေက ကောင်းလွန်းနေတာကိုး ကွယ်

နောက်ဆုံးဝင်သွားတဲ့ တစ်ယောက်ကတော့ ..အတင်း ၀ုန်းဒိုင်း ကျဲပြီး ပြေးထွက်ရင်း ပြောသတဲ့
" ဟာ ….ကွန်ပျူတာ ဆိုတာ ပါးကို ရိုက်တတ် သဟ " လို့ ဆိုပြီး ရဲတွတ်နေတဲ့ ပါးကို လက်နဲ့ ပွတ်ရင်း ပြောသတဲ့ ..
ကိုကြီးကျော် ပါးစပ်ဟောင်းသား ဖြစ်နေချိန်မှာဘဲ အခန်းထဲက …မိန်းကလေးတစ်ဦးထွက်လာပြီး
" ဒီမယ် ကိုကြီးကျော် ..ရှင့် ကုမ္ပဏီမှာ အတွင်းရေးမှူးလုပ်လာတာ ကြာပြီ ..ဒီနေ့ ဘာအချိုး ချိုးတာလဲ ပါးကျိုးသွားချင်လို့လား ..တော်ပြီ ရှင့် အလုပ်က ထွက်တယ် …" ဆိုပြီး ထွက်သွားပါသတဲ့ ..သည်တော့မှ ကိုကြီးကျော်လဲ..

" ဟိုက် …ငါ့ ..အတွင်းရေးမှူးမ ကို အခန်းထဲက ထွက်ခိုင်းဖို့ မေ့သွားပါလား …တောက် ..ဟိုကောင်တွေ ဥပမာတွေက ကောင်းလှပါတယ် အောက်မေ့နေတာ …" တဲ့လေ။