တစ်ခါက သင်္ချာလို့ခေါ်တဲ့ မယ်သီလရှင်နဲ့ လောဂျစ် (Logic) လို့ခေါ်တဲ့
မယ်သီလရှင်တို့ရှိကြတယ်။ မယ်သီလရှင်နှစ်ဦးဟာ ညကြီးမိုးချုပ်ညတစ်ညမှာ
အဝေးတစ်နေရာကနေ ကျောင်းကိုပြန်ခဲ့ကြတယ်။
သင်္ချား နင့်သတိထားမိလား? ငါတို့နောက်မှာ လူတစ်ယောက်လိုက်နေတာ ၃၈မိနစ်နဲ့
စက္ကန့် ၃ဝရှိပြီ။ သူဘာလုပ်ချင်တာလဲ မသိဘူး?
လောဂျစ်း ဒါယုတ္တိတန်တယ်။ ငါတို့ကို စော်ကားချင်လို့ဖြစ်မယ်။
သင်္ချား ဘုရားသခင်ရေ! ဒီလိုခြေလှမ်းမျိုးနဲ့ဆို (၁၅)မိနစ်အတွင်း
ငါတို့ကို သူမီလိမ့်မယ်။ ဘယ်လိုလုပ်ရမလဲ?
လောဂျစ်း ယုတ္တိတန်အောင် ငါတို့မြန်မြန်လျှောက်ရအောင်..
သင်္ချား မရတော့ဘူးထင်တယ်။
လောဂျစ်း အင်း.. မရတော့ဘူး။ အဲဒီလူက ယုတ္တိရှိရှိ မြန်သထက်မြန်လာခဲ့ပြီ။
သင်္ချား ငါတို့ဘယ်လိုလုပ်ကြမလဲ? ဒီလိုခြေလှမ်းမျိုးနဲ့ဆို တစ်မိနစ်အတွင်း
ငါတို့ကို သူမီနိုင်တယ်။
လောဂျစ်း တစ်ခုတည်းသော ယုတ္တိတန်တဲ့နည်းက ငါတို့လမ်းခွဲပြီး
ပြေးကြဖို့ပဲ။ နင်ဟိုဖက်ကသွား၊ ငါဒီဖက်ကသွားမယ်။ နှစ်ယောက်လုံးကို
သူဖမ်းမှာတော့ မဟုတ်ဘူး။
ဒီလိုနဲ့ မင်္သကာစရာယောက်ျားက လောဂျစ်နောက် ဆက်လိုက်သွားခဲ့တယ်။
သင်္ချာကကျောင်းကို ချောချောမောမော ရောက်သွားခဲ့ပေမယ့် လောဂျစ်ကို
စိတ်ပူနေခဲ့တယ်။ ခဏကြာတော့ ကျောင်းပေါက်ဝကို လောဂျစ်ရောက်လာခဲ့တယ်။
သင်္ချား အိုး.. ဘုရားသခင် ကျေးဇူးတင်လိုက်တာ နင်ပြန်လာပြီ!
ဘာတွေဖြစ်ခဲ့လဲ ငါ့ကို မြန်မြန်ပြောပါဦး!
လောဂျစ်း အင်း... နှစ်ယောက်လုံးနောက် သူမလိုက်နိုင်တော့ ငါ့နောက်ကို
ယုတ္တိရှိရှိ သူလိုက်ခဲ့တယ်။
သင်္ချား အဲဒီနောက် ဘာဖြစ်လဲ!
လောဂျစ်း ယုတ္တိရှိတဲ့ လုပ်ရပ်တစ်ခုဖြစ်ခဲ့တယ်။ ငါ အားကုန်ပြေးတယ်။
သူအားကုန်လိုက်တယ်။
သင်္ချား ပြီးတော့ရော?
လောဂျစ်း ယုတ္တိရှိတဲ့ လုပ်ရပ်တစ်ခုဖြစ်ခဲ့တယ်။ ငါ့ကို သူဖမ်းမိသွားတယ်။
သင်္ချား ဘုရားသခင်! နင့်ကို သူဘာလုပ်လိုက်လဲ?
လောဂျစ်း ယုတ္တိရှိတဲ့ လုပ်ရပ်တစ်ခုက ငါ ဂါဝန် မ,လိုက်တယ်။
သင်္ချား ဘုရား.. ဘုရား.. အဲဒီလူရော!
လောဂျစ်း သူလဲ ယုတ္တိရှိတဲ့ လုပ်ရပ်တစ်ခုလုပ်လိုက်တယ်။ သူ သူ့ဘောင်းဘီကိုဆွဲချတယ်။
သင်္ချား ဘုရား.. ဘုရား.. အဲဒီနောက်?
လောဂျစ်း အဲဒီနောက်.... ဂါဝန်မ,ထားတဲ့ သီလရှင်တစ်ယောက်က
ဘောင်းဘီဆွဲချထားတဲ့ ယောက်ျားတစ်ယောက်ထက် ပိုအပြေးမြန်ခဲ့တယ်လေ။ ကဲ
ယုတ္တိမတန်ဘူးလား! ခုနားက နင် လျှောက်တွေးနေတယ် မဟုတ်လား! "အာမင်" လို့
မြန်မြန်ရွတ်လိုက်...
credit to နိုင်းနိုင်းစနေ
Showing posts with label ဟာသများ. Show all posts

Tuesday, September 1, 2009
အဘ၏ ဂျီတောက်နှင့် ရာဟု မစိန်ကြာ
ကျွန်ုသည် ရန်ကုန်မြို့တွင်း မြို့နယ်တစ်ခု၏
ဆင်ခြေဖုန်းရပ်ကွက်တစ်ခုတွင်နေပါသည်။ ဆင်ခြေဖုန်းရပ်ကွက် ဆိုသည့်
အတွက်ကြောင့် အိမ်ခြေက ပြွတ်သိပ်ခဲလျှက်၊ ကြပ်ညပ်လို့နေသည်။
ခေါင်းရင်းအိမ်က ကြံ့ဖွတ် အတွင်းရေးမှူး အိမ်ဖြစ်သည်။ ထို့အပြင် အဆိုပါ
အတွင်းရေမှူးဆိုသူ နေအိမ်သည် ရပ်ကွက်ထဲမှ ရေဖိုး၊ မီးဖိုး၊ ဘာကြေး၊
ညာကြေးများ ကောက်ခံသူတို့ဖြင့် အမြဲခြေချင်းလိမ်ရာ နေရာလည်း ဖြစ်သည်။
ဒါတင်မကသေး ရပ်ကွက်ထဲရှိ ငမူး၊ ငရူးများ မကြာခဏဆိုသလို ၀ိုင်းဖွဲ့အရက်
သောက်ရာ စားသောက်ရုံဟုဆိုလည်း မမှား။
ကျနော့်နှင့် လမ်းထဲရှိတက္ကသိုလ်ကျောင်းသား အုပ်စုမှာမူ
ထိုကြံ့ဖွတ်အတွင်းရေးမှူးဆိုသူကို အသေသတ်ချင် လောက်အောင်ကို မုန်းသည်။
အနှီ အတွင်းရေးမှူးဆိုသူမှာ ကျနော်တို့ တက္ကသိုလ်ကျောင်းများ စာမေးပွဲပြီး
အားလပ်ရက် ပိတ်ပြီး၍ ကျောင်းပြန်ဖွင့် သည့်အခါတိုင်းတွင် ရပ်ကွက်ထဲရှိ
တက္ကသိုလ်ကျောင်းသားများ ရှိရာအိမ်များသို့ ကျောင်းသားနာမည်များ
လိုက်မှတ်ပြီး၊ ကျောင်းတက်စဉ်အတွင်း ကျောင်းတွင်ဆူပူ မှုမလုပ်ရန်၊
ကျောင်းတွင် နိုင်ငံရေးနှင့် ပက်သက်သော စာရွက်စာတမ်းများ
ကိုင်ဆောင်ခြင်း၊ နံရံတွင် ကပ်ခြင်း၊ ဝေခြင်းများ မပြုလုပ်ပါ
ဆိုသောအချက်နှင့် ထိုကဲ့သို့ ပြုလုပ်ပါက သက်ဆိုင်ရာက
အရေးယူမည်ဆိုသည့်အချက်ကို သိပါကြောင်း စသည့်အကြောင်းအရာများ ရေးထားသည့်
စာရွက်ပေါ်တွင် လက်မှတ်ထိုးခိုင်းသည်။ ထိုကြံ့ဖွတ် အတွင်းရေးမှူးဆိုသူသည်
စစ်တပ်အသိုင်းအ၀ိုင်းမှ အထက်ပိုင်းအရာရှိ တော်တော်များများ နှင့်ပေါင်းကာ
လုပ်စားနေသူလည်းဖြစ်သောကြောင့် ရပ်ကွက်ထဲမှ လူဆိုး၊ သူခိုးများမှ လွဲ၍
လူအတော်များများက သူ့ကို ချဉ်ကြ သည်။ ကွယ်ရာတွင် သူ့နာမည်ကို မခေါ်။
“ဖွတ်” ဟုသာ အမြင်ကတ်ကတ်ဖြင့် ခေါ်ကြသည်။
တစ်နေ့သ၌ ကျနော် ကျောင်းမှ ပြန်လာသောအခါ ထိုဖွတ်က ကျနော့်အိမ်သို့လာကာ
အောက်ပါစကားများကို အပြန်လှန် ပြောဖြစ်ကြပါသည်။
ဖွတ်။ ။ “မင်းက ကွန်ပြူတာ တက္ကသိုလ်တက်နေတာဆိုတော့ ကွန်ပြူတာတော့
တော်တော်ကျွမ်းမှာပေါ့နော်”
ကျနော်။ ။ “ရတော့ ရပါတယ်။ မဆိုးပါဘူး။ ဘာဖြစ်လို့လဲ”
ဖွတ်။ ။ “ငါ့ အဘကို ငါ့အိမ်နားမှာ ကွန်ပြူတာ တက္ကသိုလ်
တက်နေတဲ့ကောင်လေးတစ်ယောက်ရှိတယ်လို့ ပြောလိုက်တာ၊ အဲဒါနဲ့ အဘက မင်းကို
တွေ့ချင်တယ်လို့ပြောလို့ မနက်ဖြန် မင်း ကျောင်းကပြန်လာရင်
လိုက်တွေ့လိုက်ပါဦး”
ကျနော်။ ။ “အစ်ကို့ အဘက ဘယ်ကလဲ၊ ရန်ကုန်မှာဘဲနေတာလား”
ဖွတ်။ ။ ။ “အေး….အလုံမှာနေတာလေ။ မင်းမနက်ဖြန် ကျောင်းကနေ
ဘယ်အချိန်လောက်ပြန်ရောက်မလဲ”
ကျနော်။ ။ “အင်း….ညနေ ခြောက်နာရီလောက်ဆိုရင် အိမ်ရောက်ပါပြီ။
ရတယ်လေ…..ကျနော် အိမ်ပြန်ရောက်ရင် လှမ်းအော် လိုက်မယ်”
ကျနော်လည်း စိတ်ဝင်စားသွားသည်။ အကြောင်းမှာ အချို့ကျနော့်အသိ အိမ်များက
ကျနော့်အားတစ်ခါတစ်ရံ ကွန်ပြူတာ ၀ယ်ချင်လျှင် သော်လည်းကောင်း၊ ကွန်ပြူတာ
တစ်ခုခုဖြစ်လျှင်သော်လည်းကောင်း၊ ကွန်ပြူတာနှင့် ပက်သက်၍ တစ်ခုခု
မေးချင်လျှင်သော် လည်းကောင်း ကျနော့်အားခေါ်ပါသည်။ ထို့အတွက် ကျနော်
ကျောင်းအသုံးစရိတ်လေးဘာလေး တော့ရသည်။ ယခုလည်း ကွန်ပြူတာ တစ်ခုခုဖြစ်၍
ပြချင်တာလည်း ဖြစ်နိုင်သည်။ သို့တည်းမဟုတ် ကွန်ပြူတာ ၀ယ်ချင်သည့်အတွက်
အရောင်းဆိုင်သို့ ခေါ်သွားချင်တာလည်း ဖြစ်နိုင်သည်။
သို့နှင့် နောက်တစ်နေ့ ကျောင်းမှ ပြန်ရောက်သောအခါ ကျနော်
ခေါင်းရင်းအိမ်ဘက်သို့ ကျနော် ပြန်ရောက်ကြောင်း အသံပြုလိုက်သည်။
တစ်ခဏကြာသောအခါ ခေါင်းရင်းအိမ်မှ “ဖွတ်” က ကျနော့်ကို လာခေါ်သည်။ တက္ကစီ
စီးသွားကြသည်။ ကားပေါ်တွင် ဖွတ်က “မင်း ဟိုရောက်ရင် အဘကို
ကောင်းကောင်းမွန်မွန်ဆက်ဆံနော်”။ သူ့စကားက လူကိုစော်ကား လိုက်သလို။
သို့နှင့် ကျနော်က “ဟေ့လူ…ခင်ဗျား စကားပြောတာကြည့်ပြော၊ ကျုပ်
တက္ကသိုလ်ကျောင်းသား တစ်ယောက်ဆိုတာ သိထား၊ လမ်းဘေးက ကလေကဝ
တစ်ယောက်မဟုတ်ဘူး”။ ကိုယ့်ရပေါက်ရလမ်း မို့လို့သာ လိုက်သွားသည်။ ပြီးတော့
ကျောင်းအသုံးစရိတ်က ဒီလဆိုလျှင် အပြင်စာအုပ်တွေပါ
ဝယ်ဖတ်လိုက်ရသည့်အတွက်ကြောင့် မလောက်ငှချင်။ ဒင်း ကိုတော့ သိပ်မကြည်။
မျက်စိထဲ ကန့်လန့်ကန့်လန့် ဖြစ်နေတာကြာပြီ။
လေးဆယ့်ငါးမိနစ်ခန့် စီးပြီးသောအခါ အလုံ ဆင်မင်းဈေးအနီးရှိ
လမ်းသွယ်တစ်ခု၏ထိပ်တွင် ဆင်းသည်။ နှစ်ယောက်သား ထိုလမ်းသွယ်ထဲသို့
လမ်းလျှောက်လာပြီး ခြံဝင်းကျယ်တစ်ခုရှေ့တွင် ရပ်လိုက်ကြသည်။ ဖွတ် က
အထဲရှိလူတစ်ဦး၏ အမည်ကို လှမ်းခေါ်လိုက်ရာ လူတစ်ယောက်မှ လာ၍
တံခါးဖွင့်ပေးသည်။ သို့နှင့် အခန်းတစ်ခန်းဆီသို့ရောက်သွားသည်။ ဖွတ်က
ထိုအခန်းတွင် ကျနော့်ကို ထားခဲ့ပြီး အခန်းပြင်ထွက်သွားသည်။ ခဏကြာသောအခါ
ကျနော့်ကို သူ့နောက်လိုက်ခဲ့ရန်ခေါ်ပြီး အခြားအခန်းတစ်ခန်းဆီသို့
ဝင်သွားသည်။ ကျနော်လည်း နောက်မှ လိုက်သွားသည်။ အခန်းထဲတွင် အသက် ၄၅
နှစ်အရွယ်ခန့်ရှိ အမျိုးသားတစ်ဦးကို တွေ့ရသည်။ ဖွတ် က ထိုအမျိုးသားအား
“အဘ… ကျနော်ပြောထားတဲ့ ကောင်လေးကို ခေါ်လာပါပြီ”၊ ထိုအခါ အသက် ၄၅
နှစ်အရွယ်ခန့်ရှိ အဘ ဆိုသူက “အေးအေး…မင်းသွားနိုင်ပါပြီ၊ သူ့ကိုတော့
ထားခဲ့” ဟုဆိုကာ ကျနော့်အား သူ့ရှေ့ရှိ ဆိုဖာစတီ ပေါ်တွင် ထိုင်ခိုင်းသည်။
ဖွတ်က တော့ အခန်းထဲက ထွက်သွားပြီ။
ထိုအဘ ဆိုသူကို ကျနော် တော်တော်စိတ်ဝင်စားသွားသည်။ တစ်ချို့ဦးလေးအရွယ်၊
အဒေါ်အရွယ်များဆို သူများတွေက ကိုယ့်ကို အစ်ကို၊ အစ်မ ဟုခေါ်က
သိပ်ပြီးသဘောခွေ့ သည်။
အချို့အဒေါ်အရွယ်အမျိုးသမီးကြီးများဆို ၄င်းတို့အား “မမ” ဟုခေါ်က လွန်စွာမှ
သဘောကျကြသည်။ ဦးလေးအရွယ်ရှိ သူတို့က ဦးလေးဟု အခေါ်ခံရခြင်းထက် “အစ်ကို”
ဟုခေါ်ခံရပါက ပိုပြီးသဘောကျကြသည်။ ထိုသို့အခေါ်ခံရပါက မိမိတို့၏ ရုပ်ရည်သည်
မရင့်သေး၊ နုနယ်ပျိုမြစ်သော အရွယ်ကို ဆောင်ကြသည် ဟုသတ်မှတ်ကြသည်။
သဘော့ခွေ့သည်။ ပြုံးကြသည်။ ပီတိဖြစ်ကြသည်။ ယခုမူ ကျနော့်ရှေ့၌
ထိုင်နေသောသူသည်ကား ကျနော့် အစ်ကိုအကြီးဆုံးအရွယ်လောက်ပင်မရှိသေး။ ဖွတ်က
၎င်း အား “အဘ” ဟုခေါ် လိုက်ခြင်းမှာ သူမသိ၍ခေါ်လိုက်ခြင်းပင်ဖြစ်မည်။
နာမည်ကိုက “ဖွတ်” ဖြစ်သည် မဟုတ်ပါလား။ အခေါ်ခံရသည့် သူကလည်း “အဘ”
ဟုအခေါ်ခံလိုက်ရတာတောင် မျက်နှာအနည်းငယ်ပင် ပျက်သွားခြင်း မရှိ။ မျက်နှာက
အရယ်အပြုံးမရှိ။ သြော်….တစ်ကယ်တည် ငြိမ်သည့် ပုဂ္ဂိုလ် ပေပဲ။ တရားသမားလည်း
ဖြစ်နိုင်သည်။ သို့မဟုတ် အချို့သူများက ဗေဒင် ဟောစားသူများ၊ ဗိန္ဓော ဆရာ
များကိုလည်း အဘဟု ခေါ်ကြသည့်အတွက် ကြောင့် ထိုပုဂ္ဂိုလ်မှာ ဗေဒင်ဆရာ
သို့မဟုတ် ဗိန္ဓော ဆရာလည်း ဖြစ်နိုင်သည်။
ဘာဘဲဖြစ်ဖြစ် ကိုယ်ကတော့ အသက်အရွယ်ကိုလိုက်ပြီး
ခွဲခြားခေါ်တတ်ကြောင်းကိုတော့ ပြမှဖြစ်မည်။ ပြီးတော့ တက္ကသိုလ် ကျောင်းသား
တစ်ယောက်ဖြစ်ပြီး အထင်သေးမခံချင်။ ဖွတ် ကိုတော့ ထိုကိစ္စမှာ အနည်းငယ်
ခွင့်လွှတ်မိပါသည်။ သူက လမ်းဘေးဒုက္ခသည် ဘ၀ကနေ ဖွတ်ဘ၀ ရောက်လာသည်မို့လို့
ရှိစေတော့။ ဘ၀င်စိတ်ကလေးနှင့် တွေးနေခိုက် အဘဆိုသော ပုဂ္ဂိုလ်က ကျုပ်ကို
စပြီး ……..
အဘ။ ။ “ကဲ…မင်း နာမည်ပြောစမ်းပါဦး”
ကျနော်။ ။ “ဟုတ်ကဲ့… ကျနော့်နာမည် xxxxx ပါ။ အစ်ကို့နာမည်ရော သိပါရစေခင်ဗျာ။”
အဘ။ ။ “အစ်ကိုလို့မခေါ်နဲ့။ အဘ လို့ခေါ်ဟုတ်ပြီလား။ ငါက ဗိုလ်မှူးကြီး xxxx
ကွ။ အားလုံးခေါ်သလို အဘ လို့ပဲခေါ်။”
ကျနော်။ ။ “ဟုတ်ကဲ့၊ အစ်ကို….အဲ….အ….အဘ” (စိတ်ထဲမှာတော့ ကျနော့်ကို
မကောင်းဆိုးဝါးလက်ထဲသို့ အပ်ခဲ့သည့် ဖွတ်ကို ကြိမ်ဆဲနေမိသည်။) “အဘ
ကျနော့်ကို ခေါ်တဲ့အကြောင်းကို သိပါရစေခင်ဗျ”
ထိုအခါ ၄င်း အဘ ဆိုသူက ကျနော့်အား အီးမေးလိပ်စာ တစ်ခုရေးထားသော
စာရွက်အပိုင်း အစတိုလေးတစ်ခု ကို ပေးပြီး အောက်ပါအတိုင်း စကားဆိုပါသည်။
အဘ။ ။ “ရော့…မင်း ဒီလိပ်စာကိုဖွင့်ပေး”
ကျနော်။ ။ “အဘ အီးမေးလ်ပတ်စ်ဝက်ဒ် မေ့နေလို့ ဖွင့်မရတာလား ခင်ဗျ”
အဘ။ ။ “ပတ်စ်ဝက်ဒ် ဆိုတာဘာလဲ”
ဘုရားရေ….Laptop တစ်လုံးလုံးဘေးမှာထားပြီး ပတ်စ်ဝက်ဆိုတာ မသိဘူးတဲ့။
ဟုတ်ရောဟုတ်ရဲ့လား။ သို့တည်းမဟုတ် ကျနော် အင်္ဂလိပ်လို “Password”
ဟုသုံးလိုက်မိသည့်အတွက် နားမလည်သွားတာများလား။ ထို့ကြောင့် ……
ကျနော်။ ။ “အဘ..ပတ်စ်ဝက်ဒ် ဆိုတာ လျှို့ဝှက်ကုဒ် ကိုပြောတာပါ ခင်ဗျာ၊
အီးမေးလ်းလိပ်စာက စာတိုက်သေတ္တာ နံပါတ် နဲ့ တူပြီး လျှို့ဝှက်ကုဒ် ကတော့
အဲဒီ သေတ္တာ ကိုဖွင့်တဲ့သော့နဲ့ တူပါတယ်”
အဘ။ ။ “အေး…ဟုတ်ပြီ။ ငါ ရှင်းသွားပြီ။ အခုဟာက ငါ့လိပ်စာမဟုတ်ဘူးကွ။ ငါ
စုံစမ်းနေတဲ့ ကောင်တစ်ယောက်ရဲ့ အီးမေးလ် လိပ်စာဘဲ။ သူ့လိပ်စာကို
ဖွင့်လို့ရရင် သူဘာလုပ်နေတယ်ဆိုတာကို သိမယ်။ ဒါကြောင့် သူ့လိပ်စာကို
ငါဖွင့်ချင်တာ”
ဟူး…ခက်ပါရောလား။ လူအခွင့်အရေး အပိုဒ် ၁၂ က ဆိုထားရာဝယ် “မည်သူမျှ
မိမိသဘောအတိုင်း အေးချမ်းလွတ်လပ်စွာ နေထိုင်ခြင်းကို သော်လည်းကောင်း၊
မိမိ၏ မိသားစုကို သော်လည်းကောင်း၊ မိမိနေအိမ် အသိုက်အ၀န်းကို
သော်လည်းကောင်း၊ စာပေးစာယူကို သော်လည်းကောင်း ဥပဒေအရ မဟုတ်သော
ဝင်ရောက်စွက်ဖက်ခြင်း မခံစေရ။” ဟူ၏။ ဒီ အဘ ဆိုသူ နဲ့တော့ ခက်နေပါပြီ။
ကျနော်။ ။ “အီးမေးလ်လိပ်စာတစ်ခုအထဲက စာတွေကို ဖတ်ဖို့ဆိုရင် ခုနကပြောတဲ့
လိပ်စာရယ်၊ လျှို့ဝှက်ကုဒ် ရယ် နှစ်ခုလုံးသိမှ ဖွင့်လို့ရတာပါ အဘ”
အဘ။ ။ “အေး…အေး။ ဒါဆိုလည်း မင်းပြန်နိုင်ပါပြီ။ ရော…ရော့” ဟုဆိုကာ
ကျနော့်အား တစ်ထောင်တန် အခေါက်တစ်ထပ်ကို ပေးပါသည်။ ကျနော့်တွင်
ပိုက်ဆံပါသည်ဟု ပြောပြီး ကျနော်မယူခဲ့ပါ။
နောက်တစ်နေ့ မနက် အိပ်ယာထပြီး အိမ်ရှေ့တွင် မျက်နှာသစ်နေခိုက်၊
ဟိုဘက်အိမ်က ဖွတ်က ရုတ်တရက်လှမ်း၍ “ဟေ့ကောင်… မင်းမနေ့က အဆင်ပြေရဲ့လား။
အဘက မုန့်ဖို့ဘယ်လောက်ပေးလိုက်လဲ။” ကျနော်လည်း မနက်စောစောစီးစီး ဖွတ်
မျက်နှာကို မြင်ပြီး အကုသိုလ် ပွားရတော့သည်။ “ဘယ်လောက်ပေးပေး
ခင်ဗျားအပူလား။” အခုလို ပိတ်ပြောပစ်တာတောင် ဒင်းက မရပ်သေး။ ဆက်ပြီး
“အောင်မာ….မင်းက ငါလိုက် ပို့လို့ အဘဆီကို တစ်ခေါက်ပဲယောက်ဖူးသေးတာ။
မင်းက အဘအားကိုးနဲ့ ငါ့ကို မိုက်တော့မယ်ပေါ့ဟုတ်လား။”
ကျနော်လည်း မနက်စောစောစီးစီးမို့ ပါးစပ်က အယုတ်တ၊ အနတ္တ
မထွက်ချင်သည့်အတွက်ကြောင့် မျက်နှာသစ်လက်စဖြင့် ရေခွက်ကို တိုင်ကီထဲသို့
ဗွမ်းကနဲ ပစ်ချပစ်လိုက်ပြီး အိမ်ထဲသို့ ၀င်ခဲ့တော့သည်။
သို့နှင့် တစ်ပတ်လောက်ကြာသော် ဖွတ် မိန်းမ (ဖွတ်မ) က ကျနော့်အမေအား ဖွတ်က
အဘ ဆိုသူထံမှ ကျနော်သည် အင်တာနက်အကြောင်း ကိုကောင်းစွာသိရှိထားကြောင်း၊
သူ (အဘဆိုသူ) မရှင်းလင်းသည့် အကြောင်းများကိုလည်း စိတ်ရှည်လက်ရှည်
ရှင်းပြနိုင်ကြောင်း ကျနော့်အမေ ပြန်ပြောပြ၍ သိရသည်။ သို့သော် ကျနော်
စိတ်မ၀င်စားပါ။ Password ဆိုသည့်စကားလုံးကို ဂိမ်းဆိုင်မှာ ဂိမ်းဆော့နေကြ
သည့် မူလတန်း၊ အလယ်တန်း အဆင့် ကလေးတွေပင် ကောင်းကောင်း သိပါသည်။
တစ်နေ့တွင် ဖွတ် က ကျနော် ကျောင်းသွားနေခိုက် ညနေကျနော်
ကျောင်းကပြန်လာလျှင် အဘ ဆိုသည့် ပုဂ္ဂိုလ်အိမ်သို့ သွားရဦးမည်ဖြစ်
ကြောင်း ကျနော့်အမေအား မှာထားခဲ့၍ ကျနော်ကျောင်းကပြန်ရောက် သောအခါ
သိရသည်။ ကျနော် သူငယ်ချင်းအိမ်တွင် စာသွားလုပ်စရာရှိ သည်ဟု
အကြောင်းပြသည်။ သို့သော် အမေမျက်နှာမကောင်း၍ ကျနော် ဖွတ်နှင့်အတူ ဒုတိယ
အကြိမ် အဘ ဆိုသူ အိမ်သို့ လိုက်သွားရပြန်သည်။ အမေက ဘယ်သူနှင့် မှ
ပြဿနာတက်မည်ကို မလိုလား။ စကားများများမပြောချင်။
ဖွတ်က အရင်တစ်ခေါက်တုန်းကလိုပင် ကျနော့်အား အခန်းထဲတွင်ထားခဲ့ပြီး
ပြန်သွားသည်။ ကျနော့်မှာမူ အဘနှင့် နှစ်ပါးသွားရတော့သည်။ “အေး…မောင်XXXX၊
ထိုင်ကွာ၊ မင်းကို အဘမေးစရာတွေရှိလို့။ ဂျီတောက် ဆိုတာဘာလဲသိလား”။ ကျနော်
ရုတ်တရက်ကြောင်သွားသည်။ ထို့နောက် အတန်ငယ်စဉ်းစားပြီးမှ …..
ကျနော်။ ။ “ဟုတ်ကဲ့အဘ။ ကျနော်အဲဒီ ဗဟုသုတတော့ သိပ်မရှိပါဘူး။
မုဆိုးတွေပြောတာတော့ ကျားတို့၊ ခြင်္သေ့တို့ဆိုရင် ဟိန်းတယ်။ မျောက်တို့၊
ဆင်တို့ဆိုရင် အော်တယ်။ ဂျီ ဆိုရင် တောက်တယ်။ ကြက်တို့၊ ဒေါင်းတို့
ဆိုရင် တွန်…”
အဘ။ ။ “ဟာ….၊ မဟုတ်ဘူးလေကွာ၊ ကွန်ပြူတာမှာလေ.. တစ်ယောက်နဲ့တစ်ယောက်
စကားပြောကြတာ။ ဂျီတောက်လေ…ဂျီတောက်။”
ကျနော်။ ။ “သြော်…ဟုတ်ကဲ့၊ အဲဒါ ဂျီတော့ခ် လို့ခေါ်ပါတယ် အဘ။
တစ်ခြားတစ်နေရာမှာ ရှိတဲ့သူတစ်ယောက် ယောက်နဲ့ ကိုယ်နဲ့ အင်တာနက်ပေါ်က
ဂူဂဲလ် စကားပြောစနစ်ကို သုံးပြီးတော့ တွေ့ကြ၊ စာရေးပြီး စကားပြောကြ၊
နားကြပ် တပ်ပြီး စကားပြောကြတာကို ဂျီတော့ခ်လို့ခေါ်ပါတယ်”
သို့နှင့် ကျနော့်အား ဂျီတော့ခ်ပေါ်တွင် စမ်းပြီးစကားပြောချင်သည်ဟု
ပြောသည့်အတွက်ကြောင့် ဂျီမေးလ် အကောင့်တစ်ခုကို သူ့အတွက် ဖွင့်ပေးပြီး၊
ကျနော့်အတွက်လည်း သူနှင့် စကားပြောရန် နောက်ထပ် ဂျီမေးလ်အကောင့်တစ်ခု
ထပ်ဖွင့်ပါသည်။ အစမ်းလေ့ကျင့်ရန် ကွန်ပြူတာ နှစ်လုံးရှိရမည်
ဖြစ်ကြောင်းပြောရာ ၄င်းအိမ်အပေါ်ထပ်မှ ကွန်ပြူတာနောက်ထပ်တစ်လုံးကို
အမျိုးသား တစ်ဦးက ရွှေ့လာပါသည်။ သို့နှင့် အခန်း ထောင့်နှစ်ထောင့်တွင်
ကွန်ပြူတာ တစ်လုံးစီကို ထားပြီး ဂျီတော့ခ်ပေါ်တွင် စကား ပြောကြပါသည်။
ကျနော်တို့ ဂျီတော့ခ်ပေါ်တွင် ပြောခဲ့ကြသော စကားများမှာ
အောက်ပါအတိုင်းဖြစ်ပါသည်။
အဘ။ ။ “ဟဲလို…ဟဲလို။ ကြားရလား….ကြားရလား။ ကြားရင် အကြောင်းပြန်”
ကျနော်။ ။ “ဟုတ်ကဲ့ကြားရပါတယ်။” (ကြားရမှာပေါ့။ တစ်ခန်းထဲမှာ ဒီလောက်
အာသံဗြဲကြီးနဲ့ နားမခံသာအောင် အော်နေတာ)
အဘ။ ။ “ဟေး….မင်းနေကောင်းလား”
ကျနော်။ ။ “ဟုတ်ကဲ့ကောင်းပါတယ်။” (စိတ်ပျက်ဖို့)
အဘ။ ။ “ကောင်းပါတယ် အဘလို့ပြော” (အရေးထဲ ထ ထ ဖောက်နေပြန်ပြီ။ တစ်ကယ်….ပါ။
စိတ်ပိန်တယ်)
ကျနော်။ ။ “ကောင်းပါတယ် အဘ”
အဘ။ ။ “အေး…အေး။ မင်းဘာလုပ်နေလဲ” (သိသိကြီးနဲ့ မေးပြန်ပြီ…။ စိတ်ရော၊ လူရော ညစ်တယ်)
ကျနော်။ ။ “အဘ နဲ့ စကားပြောနေတယ်လေ” (အမှန်ကို ဆိုတာပါ၊ မလိမ်ပါ)
အဘ။ ။ “အော်..အေး၊ ဟုတ်သားပဲ” (ဒီလိုဘဲ ဖြီးနေကျ)
သည်လိုနှင့် စကားပြောကြရာ တစ်နာရီခန့်ကြာသွားသည်။
ပါးစပ်တွေလဲညောင်းလှပြီ၊ နားတွေလည်း အူလှပြီ။ တစ်နည်းအားဖြင့် (ယခုခေတ်
စကားနှင့် ဆိုရပါမူ) နားမုဒိန်းကျင့်ခံနေရသည့် ဒုက္ခ။ သို့နှင့်…….
ကျနော်။ ။ “အဘ….ဂျီတော့ခ်က တစ်ခါတစ်ခါ ဗိုင်းရပ်စ်တွေ ပါတတ်တယ်။ ကျောင်းက
သူငယ်ချင်းတစ်ယောက်တောင် သူ့သူငယ်ချင်းနဲ့ ဂျီတော့ခ်ပြောရင်း
ကွန်ပြူတာထဲကို ဗိုင်းရပ်စ်ဝင်လာပြီး ပျက်သွားရော”
(အိမ်လည်းပြန်ချင်လှပြီ - အဖြူရောင် မုသားသုံးလိုက်ရသည်)
အဘ။ ။ “ဟာ…ဒီအတွက်တော့မပူနဲ့။ ငါ့မှာ နောက်တစ်လုံးရှိသေးတယ်” (ဒီကလေးနဲ့
ခက်ပါပြီကော)။
ကျနော်။ ။ “မဟုတ်ဘူး အဘ။ ဗိုင်းရပ်က ကွန်ပြူတာထဲ ကနေ တစ်ဆင့် နားကြပ်
ထဲကိုရောက်နိုင်ပြီး ဦးနှောက်ထဲအထိ ရောက်တယ်။ ပြီးတော့
ဦးနှောက်ထိခိုက်ပြီး အသက်ပါဆုံးတယ်လို့ ပြောတယ်အဘရဲ့။ မနေ့ကတင် ကျနော်
အင်တာနက် သတင်းတစ်ပုဒ်မှာ ဖတ်လိုက်ရတယ်။ အဲဒီအထဲမှာ အနောက်နိုင်ငံတစ်ခုက
ကျောင်းသားတစ်ယောက် ဂျီတော့ခ်ပြောရင်း နားကြပ်တန်းလန်းနဲ့ သေနေတာကို
တွေ့ရတယ်တဲ့။ ဆရာဝန်က စစ်ဆေးကြည့်တော့ ကွန်ပြူတာ ထဲက ဗိုင်းရပ်စ်ပိုးက
ဂျီတော့ခ်ကနေ နားကြပ်ထဲ၊ နားကြပ်ထဲကနေ တစ်ဆင့် ဦးနှောက်ထဲကို ၀င်ပြီး
ဦးနှောက်ကို ဒုက္ခပေးတာတဲ့။ နောက်ပြီး ကွန်ပြူတာ ဗိုင်းရပ်ပိုးက
ဦးနှောက်ထဲကို ၀င်သွားပြီးရင် အဲဒီလူကို နာရီပိုင်းအတွင်း
သေစေနိုင်တယ်တဲ့။ အဲဒါ ကျနော် အဘအတွက် စိုးရိမ်လို့ပါ အဘ။ ”
အဘ။ ။ “ဟေ…ဟုတ်လား။ ဒါဆိုရင် ဂျီတော့ခ် ပြောတာ အသက်အန္တရာယ်နဲ့ နီးစပ်တယ်။
တော်ပြီ နောက်ဆိုရင် ဂျီတော့ခ် မပြောတော့ဘူး။ ရာဟု မစိန်ကြာ နဲ့ဘဲ
စကားပြောတော့မယ်။ ညက ငါ့ ရဲဘော်တွေနဲ့ ဘီယာသောက်ရင်း သူတို့ပြောပြတာ။
ဂျီတောက်..အဲ..ဂျီတော့ခ် နဲ့ စကားပြောရတာ အဆင်မပြေရင် ရာဟု မစိန်ကြာ နဲ့
စကားပြောလို့ရတယ်တဲ့။ အဲဒါ မင်းလုပ်ပေး”
ဘုရား….ဘုရား။ ဒုက္ခတွေတော့ ဖြစ်ကုန်ပြီနဲ့တူတယ်။ ဘယ်က ရာဟု မစိန်ကြာ လဲ။
အရေးထဲ အောင်သွယ်လုပ်ခိုင်းနေပြန်ပြီ နဲ့တူတယ်။
ကျနော်။ ။ “အဘ….ကျနော့် အသိထဲမှာ ရာဟု မစိန်ကြာဆိုတာ မရှိဘူးခင်ဗျ။
ဟို…ဟို။ ဒါမှ မဟုတ် မစိန်ကြာဆိုတာ…”
အဘ။ ။ “မစိန်ကြာ မဟုတ်ဘူးလေကွာ။ ရာဟု ပါသေးတယ်။ ရာဟု မစိန်ကြာ”
စနေနေ့မှာမွေးတဲ့သူတွေဆို စနေမောင်မောင်တို့၊ စနေမ တို့ဆိုပြီး နာမည်
ပေးကြတော့ ဧကန္တ မစိန်ကြာကို ရာဟု နေ့မှာမွေးလို့ ရာဟု မစိန်ကြာလို့
ပေးထားတာဘဲနေမှာ။
အဘ။ ။ “ဟေ့ကောင်…ဘာငေးကြည့်နေတာလဲ…။ ငါ ရာဟု မစိန်ကြာ နဲ့
စကားပြောချင်တယ်ဆို။ အင်တာနက်ထဲမှာ ရာဟု မစိန်ကြာ ရှိတယ်”
ကျနော်။ ။ “ဟို…ဟို..အဘ။ ကျနော် အင်တာနက် သုံးလာတာ ကြာပါပြီ။ ကျနော် ရာဟု
မစိန်ကြာဆိုတာ တစ်ခါမှ မကြားဖူးပါဘူး”
ထိုအခါကျမှ အဘ က သူ့ အိပ်ကပ်ထဲမှ စာရွက်အပိုင်းအစလေးကို ထုတ်ကာ… “ဒီမှာ
တွေ့လား၊ မနေ့က ငါ့ရဲဘော်တွေ ရေးပေးလိုက်တာ… ဘာတဲ့ Y-A-H-O-O…ရာဟု၊
M-E-S-S-E-N-G-E-R…မစိန်ကြာ တဲ့။ အဲဒီမှာ စကားပြောလို့ ရတယ်လို့ပြောတယ်”။
ကျနော်။ ။ “ဟာ…အဘ အဲဒါ ရာဟူး မတ်စင်ဂျာ လို့ခေါ်တယ်။ ဗိုင်းရပ်ပိုး
အများဆုံးဝင်တာ အဲဒီကပေါ့။ အင်တာနက်ပေါ်မှာ
စကားပြောတဲ့လူတော်တော်များများကို ဒုက္ခပေးတာ။ ရာဟူး မတ်စင်ဂျာ မှာ
စကားပြောရင်း သေတဲ့သူ အရေအတွက်က၊ ဂျီတော့ခ် မှာစကားပြောရင်
သေဆုံးသူအရေအတွက်ထက်ပိုများတယ်။
အဘ။ ။ “မင်းကွာ….အဲဒီလို ဖြစ်တတ်တယ်ဆိုတာ စောစောက ငါ့ကို ဘာလို့ကြိုမပြော
တာတုန်း။ အခုလိုကြားရ တာတောင် နိမိတ်မကောင်းဘူး။ မင်းလည်း
နောက်ဆိုငါ့အိမ်ကို မလာတော့နဲ့။ ဒါ…ဟိုကောင်တွေ ငါ့ကို သက်သက်
သေကြောင်းကြံတာ….တောက်၊ တွေ့ကြသေးတာပေါ့ကွာ၊ ဟင်း…ဟင်း”။
Credit to original writer

Sunday, August 23, 2009
မျက်မမြင်၅ယောက်နှင့် ကွန်ပျူတာ
တခါက ပေါ့ကွယ် …မျက်မမြင် ၅ ယောက်ရှိကြပါသတဲ့ …
သူတို့ဟာ တစ်ဦးနဲ့ တစ်ဦး အကြောင်းအရာ တစ်ခုခုကို နေ့စဉ် ပြောဆိုဆွေးနွေးငြင်းခုန်ကြပါသတဲ့ …
တစ်နေ့တော့ ..သူတို့ဟာ …အင်တာနက် ဆိုတဲ့ အကြောင်းအရာကစပြီး ဆွေးနွေးလာလိုက်ကြတာ နောက်ဆုံးတော့ ကွန်ပျူတာ ဆိုတာ ဘယ်လိုဟာလဲ ဆိုတဲ့ မေးခွန်း ကို ရောက်သွားကြပါသတဲ့ …
လေသန်သန်နဲ့ ..အင်တာနက် အကြောင်းကိုသာ ရွှီးနေကြတာ …ကွန်ပျူတာ ဆိုတာ ဖြူ သလား မဲသလား ..မသိကြဘူး ကွဲ့ ..အဲလေ ..ဘယ်သိမှာလဲ သူတို့က မျက်မမြင်တွေကိုး ..
တစ်နေ့တော့ ..သူတို့ ၅ ဦး ဆုံပြီး ..ကွန်ပျူတာ ဆိုတာ ဘယ်လို ဟာလဲ သိဘို့ …အတွက် ..ကိုကြီးကျော် ရဲ့ ရုံးခန်းကို ရောက်လာကြပါသတဲ့ … ရောက်လာတယ်ဆိုရင်ဘဲ ကိုကြီးကျော် ကို အကျိုးအကြောင်း ပြောပြတော့ ..ကိုကြီးကျော်လဲ အတော် သဘောတွေ ကျသွားပါသတဲ့ …
" အမယ် တယ်ဟုတ်ပါလား ..ကို့ ညီတို့ ကိုတော့ လေးစာသွား ပဟ …အစ်ကို ကူညီမယ် "
ဆိုပြီး ..သူ့ရဲ့ ဧည့်ခန်းထဲကို ထိုင်ခိုင်း ပါသတဲ့ …
ပြီးတော့ ..သူ့ရုံးခန်းမှာလဲ ဧည့်သည်တွေ မရှိတော့ အိုကေဘဲပေါ့
သူဖတ်ဖူးတဲ့ ဟိုပုံပြင်ထဲက မျက်မမြင်တွေ ဆင်ကြီးကို စမ်းသလိုမျိုး စမ်းပြီး ကွန်ပျူတာကို ဘယ်လို ဥပမာပေးကြမလဲ ဆိုတာ သိပ်သိချင်နေတာပေါ့
ဒီလိုနဲ့ဘဲ ပထမ ဦးဆုံးတစ်ယောက်ကို ..အခန်းထဲကို ၀င်ခိုင်းပြီး စမ်းစေပါသတဲ့
ခဏနေတော့ ..သူ ပြန်ထွက်လာပြီး ကိုကြီးကျော်ကို ပြောသတဲ့ ..
" ကိုကြီးရာ ..တကယ်တော့ ကွန်ပျူတာဆိုတာ …အပျိုမလေး ရဲ့ ဗိုက်သား လိုပါဘဲလား ဗျာ ..မျက်နှာပြင်ကလေးက ချောမွေ့ နေတာကိုး " တဲ့
ကိုကြီးကျော် သဘောကျ သွားသပေါ့ …
ဥပမာ ကလေးက ကောင်းတော့ သဘောတွေ ကျသပေါ့
" အင်း …ဒီကောင် မော်နီတာ မျက်နှာပြင်ကို စမ်းမိ သွားပြီဘဲ "
နောက်တစ်ယောက် ၀င်သွားပါသတဲ့ …
သူလဲ ..ပြန်ထွက်လာပြီး …
" အော် ကွန်ပျူတာ ဆိုတာ ..အပျိုမ ကလေးရဲ့ ခြေထောက် ကလေးတွေ လိုပါဘဲ " တဲ့
" အမ် …မင်းက ဘယ်လို စမ်းတာလဲ " ဆိုတော့
" ကျနော် ထိုင်ပြီး စမ်းတာပါ" …တဲ့ "
" အော်…ဒီကောင် …ကွန်ပျူတာ တင်ထားတဲ့ ..စားပွဲခြေထောက်ကို စမ်းမိတာပါလား ….ဟားဟား …"
နောက်ထပ် တစ်ယောက် ၀င်ပါသတဲ့ကွယ် ..
သူလဲ ပြန်ထွက်လာတော့ ပြုံးစေ့စေ့နဲ့ ..
" ကွန်ပျူတာဆိုတာ ..အပျို မ ကလေးရဲ့ …အသားလိုပါဘဲ ..နှိပ်လိုက်ရင် ခွက်ဝင်သွားတယ်နော် …" တဲ့
" အော် ဒီကောင် ကီးဘုတ်ကို စမ်းမိတာကိုး "
ကိုကြီးကျော် လန့်တောင်နေပါတယ်တဲ့ ..
ဒီကောင်တွေရဲ့ ဥပမာက အပျို မ ထဲကကို မထွက် လို့ လေ
နောက်တစ်ယောက်လဲ ထွက်လာပြီး ..
" အပျိုမကလေးရဲ့ ကျောပြင် ကလေးလိုပါဘဲ ညီညာပြန့်ပြူး လို့ "
" အော် ဒီကောင်က မာသာဘုတ် ကို စမ်းမိတာကိုး "
နောက်ဆုံးတစ်ယောက် အထဲကို ၀င်သွားတော့ ကိုကြီးကျော် …စိတ်ဝင်တစား စောင့်နေမိတယ် …
သူတို့ ဥပမာပေးတွေက ကောင်းလွန်းနေတာကိုး ကွယ်
နောက်ဆုံးဝင်သွားတဲ့ တစ်ယောက်ကတော့ ..အတင်း ၀ုန်းဒိုင်း ကျဲပြီး ပြေးထွက်ရင်း ပြောသတဲ့
" ဟာ ….ကွန်ပျူတာ ဆိုတာ ပါးကို ရိုက်တတ် သဟ " လို့ ဆိုပြီး ရဲတွတ်နေတဲ့ ပါးကို လက်နဲ့ ပွတ်ရင်း ပြောသတဲ့ ..
ကိုကြီးကျော် ပါးစပ်ဟောင်းသား ဖြစ်နေချိန်မှာဘဲ အခန်းထဲက …မိန်းကလေးတစ်ဦးထွက်လာပြီး
" ဒီမယ် ကိုကြီးကျော် ..ရှင့် ကုမ္ပဏီမှာ အတွင်းရေးမှူးလုပ်လာတာ ကြာပြီ ..ဒီနေ့ ဘာအချိုး ချိုးတာလဲ ပါးကျိုးသွားချင်လို့လား ..တော်ပြီ ရှင့် အလုပ်က ထွက်တယ် …" ဆိုပြီး ထွက်သွားပါသတဲ့ ..သည်တော့မှ ကိုကြီးကျော်လဲ..
" ဟိုက် …ငါ့ ..အတွင်းရေးမှူးမ ကို အခန်းထဲက ထွက်ခိုင်းဖို့ မေ့သွားပါလား …တောက် ..ဟိုကောင်တွေ ဥပမာတွေက ကောင်းလှပါတယ် အောက်မေ့နေတာ …" တဲ့လေ။

Jokes of the mail (2)
ကူညီပါ့မယ်
ဟင်းသီးဟင်းရွက်သည်ကို အဘွားကြီးကပြောသည်
"အားလူးငါးပိဿာဝယ်မလို့ သမီးရယ်။ ဒါပေမယ့် မသယ်နိုင်မှာ စိုးတယ်ကွယ်။"
"မပူပါနဲ့ အဘွား။ အဘွား သယ်နိုင်အောင် ကျွန်မချိန်ပေးလိုက်ပါ့မယ်"
မတိုင်နဲ့လေ
အိမ်ထောင်ပရိဘောဂဆိုင်သို့ လူကြီးတစ်ယောက် ၀င်လာပြီး ဆိုင်ရှင်ကို
မကျေမနပ် ပြောသည်။
"မနေ့က ခင်ဗျားဆိုင်က ကျွန်တော် ကုလာထိုင်ဝယ်သွားတယ်။ ဒီနေ့ ကျိုးသွားပါပကော။"
"မဟုတ်မှလွဲရော၊ တစ်ယောက်ယောက် တက်ထိုင်လိုက်ပြီ ထင်တယ်။"
နောက်ဆုံးပေါ်အိမ်သားသုံးစက္ကူ
ကမ္ဘာ့အကောင်းဆုံး အိမ်သားသုံးစက္ကူ ပြိုင်ပွဲကျင်းပသည်။ အမေရိကန်
ကိုယ်စားလှယ်က ခလုတ်ကို နှိပ်လိုက်သည်။ စက္ကူလိပ် အလိုအလျောက် လည်လာပြီး
လိုသလောက် ဖြတ်ပေးသည်။ ပရိသတ်အားလုံး အံ့သြတကြီး လက်ခုပ်တီး
သြဘာပေးကြသည်။
ပြင်သစ်ကိုယ်စားလှယ် မိမိနိုင်ငံထုတ်စက္ကူကို ပြသည်။ စက္ကူသည် Channel No.5
ရေမွှေးကဲ့သို့ သင်းပျံ့ထုံကြိုင်နေသည်။ ပရိသတ်များ အလုအယက် နမူနာ
တောင်းကြသည်။
ဂျပန်နိုင်ငံမှ ကိုယ်စားလှယ် စင်မြင့်ပေါ်မှ ဆင်းလာပြီး အကဲဖြတ်
ဒိုင်လူကြီးများကို ဆေးပြားတစ်ပြားစီ ပေးသည်။ ဒိုင်လူကြီးများ နေရာမှ
ထသွားကြသည်။
"ဘယ်လိုလဲ၊ ဘယ်နှယ့်လဲဟင်"
"ထုပ်ပိုးပြီးသား အိတ်ကလေးနဲ့ ပြန်ထွက်လာတယ်။ အံ့ရော"
လူစကား
လူစကားပြောတတ်သော ကြက်တူရွေးကို မိန်းမကြီး ၀ယ်လာသည်။
အိမ်သို့ရောက်ရောက်ချင်း ကြက်တူရွေးကို ပြောသည်။
"ငါပြောတဲ့အတိုင်း လိုက်ပြောစမ်း၊ ကျွန်ုပ်သည် လူဖြစ်သည်။ လူစကားကို
ပြောတတ်သည်လို့"
ကြက်တူရွေးက အံ့သြတကြီး ပြန်မေးသည်။
"ဘာ ဘာ. ခင်ဗျားလည်း လူစကား ပြောတတ်တယ် ဟုတ်လား"
ကြိုးစားကြည့်လေ
ဆရာက မေးသည်
"ငါးတွေ ဘာဖြစ်လို့ စကားမပြောသလဲ"
ပီတာက ချက်ချင်းပြန်ဖြေသည်။
"ရေထဲမှာ ဆရာ စကားပြောကြည့်ပါလား"
နောင်တ
"လက်မထပ်ခင်တုန်းက ငါ့မိန်းမကို ငါဘယ်လောက် ချစ်သလဲဆိုရင် တစ်ခါတလေ
သူ့ကို ကိုက်စားချင်စိတ် ပေါ်မိတယ်"
"အခုကော"
"မစားလိုက်မိတာ မှားလေခြင်းလို့ နောင်တရတယ်"
ဘယ်အချိန်လာရမလဲ
ဈေးမ၀ယ်ဖူးသော အမျိုးသားတစ်ယောက် ဈေးဝယ်ထွက်လာသည်။
အမျိုးသား - အမကြီး ခရမ်းသီး တစ်လုံး ဘယ်လောက်လဲ
ဈေးသည် - မောင်လေး ခရမ်းသီးက အချိန်နဲ့ ရောင်းတာကွဲ့
အမျိုးသား - အဲ့ဒါဆို ကျွန်တော် ဘယ်အချိန် လာဝယ်ရမလဲ?
ဘာမှမရှိဘူး
လူတစ်ယောက် စားသောက်ဆိုင်သို့ ၀င်လာပြီး စားပွဲထိုးကို မေးသည်
"ခင်ဗျားတို့ဆီမှာ ငါးဟင်းရလား"
"မရပါဘူး"
"အမဲနှပ်ရော"
ွှ"မရှိပါဘူး"
"ဟင်းသီးဟင်းရွက်ကြော်ကော"
"အဲဒါလည်း မရှိပါဘူး"
ယောက်ျားကြီး စိတ်ပျက်ပြီး ဆိုင်ထဲမှထွက်လာသည်။ နောက်မှ စားပွဲထိုး
ပြေးလိုက်လာပြီး အော်ပြောသည်။
"ကျွန်တော်တစ်ခု ပြောဖို့ မေ့သွားပါတယ်။ ကျွန်တော်တို့ဆိုင်မှာ
ဝက်သားဟင်းလဲ မရပါဘူး"
အကြံကောင်း
အရက်ဆိုင်ပိုင်ရှင်ကို ဧည့်သည်က ပြောသည်
"ခင်ဗျားတို့ဆိုင်က တစ်နေ့တစ်နေ့မှာ စည်ဘီယာ ဘယ်နှစ်လီတာ ရောင်းရသလဲ"
"လီတာ ၂၀၀ လောက်ပါ"
"တစ်နေ့ကို လီတာ ၃၀၀ လောက် မရောင်းရချင်ဘူးလား"
"ရောင်းချင်တာပေါ့ဗျာ. နည်းရှိရင် မစပါလား"
"ဖန်ခွက်ထဲကို ဘီယာ အပြည့်ထည့်"
မည်သူမပြု မိမိမှု
"အန်ကယ့်သမီး ကျွန်တော့်ကို လက်ထပ်ဖို့ သဘောတူလိုက်ပြီ ခင်ဗျ။"
ထိုအခါ အဖိုးကြီးက
"အဲဒါကတော့ မည်သူမပြု မိမိမှုပဲ၊ မောင်ရင်သာ အန်ကယ်တို့အိမ်ကို ညနေတိုင်း
မလာခဲ့ဘူးဆိုရင် ဒီလိုဖြစ်လာစရာ အကြောင်းမရှိဘူး"
ပေးစားချင်တာကြာပြီ
သမီးရည်စားနှစ်ယောက် ခိုးပြေးကြသည်။ ခရီးတွင်စေရန် တက်စီတစ်စီငှားကာ
ကောင်လေး သူငယ်ချင်းအိမ်သို့ သွားကြသည်။ အိမ်ရောက်သောအခါ ကောင်လေးက
တက်စီသမားအား ပိုက်ဆံထုတ်ပေးမည် အလုပ်တွင် တက်စီသမားက
"မပေးပါနဲ့တော့။ သတို့သမီးအဖေက ကျွန်တော့်ကို ပေးပြီးပါပြီ။"
ကျဉ်းမြောင်းသော ကမ္ဘာ
"ဒါလင်ရေ။ ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးဆိုတာ အမှန်ဘဲနော်။ ဒါလင်ရဲ့
တတိယဇနီးနဲ့ ကျွန်မရဲ့ ဒုတိယ ယောက်ျားတို့ဟာ ဒါလင် ဒုတိယဇနီးနဲ့ ကျွန်မ
ပထမယောက်ျားပိုင် ပင်လယ်ကမ်းစပ်က တိုက်အိမ်မှာ သူတို့ရဲ့
ပျားရည်ဆမ်းခရီးကို ကုန်လွန်ခဲ့တယ်ဆိုဘဲ"
ခင်ဗျားတို့ကိုး
ဆေးရုံမှ လင်မယာနှစ်ဦး ထွက်လာသည်။ လမ်းတွင် တက်စီငှားသည်။ မိန်းမက တက်စီသမားအား
"ကျေးဇူးပြုပြီး ဖြေးဖြေးမောင်းပေးပါနော်.ကျွန်မတို့နှစ်ယောက် မနေ့က
အမောင်းကြမ်းတဲ့ ဒရိုင်ဘာနဲ့တွေ့တာ ဆေးရုံတက်လိုက်ရတယ်။"
တက်စီသမား။ ။"ဪ....ခင်ဗျားတို့ကိုး။ ကြည့်စမ်း၊ ရုတ်တရက် မမှတ်မိဘူး"
ရပါတယ်
အဆိုသင်တန်းတွင် သင်တန်းသူတစ်ဦးက နည်းပြအားမေးသည်။
"ဆရာ။ ကျွန်မကို ရှင်းရှင်းပဲ ပြောပါဆရာ။ ကျွန်မအသံက ဘယ်နေရာမှာမှ
သုံးစားလို့ မရတော့ဘူးလား"
"ဟာ...ဒီလိုလဲ မဟုတ်ပါဘူး။ ဥပမာ - မီးလောင်တာတို့၊ ရေနစ်တာတို့၊
ဓပြတိုက်ခံရတာတို့ဆိုရင် ခင်ဗျားအသံဟာ အစားထိုးလို့ကို မရဘူး။
တကယ်ပြောတာ"
ဉာဏ်ကြီးရှင်
လေးနှစ်သားကိုတိုး နှင့် ခြောက်နှစ်သားကိုဖြိုးတို့ မျောက်ညီနောင်
သူတို့အဘွားအိမ်သို့ အလည်ရောက်နေသည်။ ညအိပ်ချိန်တွင် မျောက်ညီနောင်အား
အဘွားမှ ဘုရားရှိခိုး ခိုင်းဧ။်၊ ဘုရားရှိခိုးပြီးသောအခါ
ကိုတိုး ။ ။ စက်ဘီးတစ်စီးနဲ့ ဂိမ်းစက် တစ်လုံး ရ ရိုရပါလိုဧ။် ဘုရား
(ကျယ်လောင်စွာဆုတောင်းလေသည် )။
ကိုဖြိုး။ ။ ဟေ့ကောင် ဘာလို့ အကျယ်ကြီးဆုတောင်းနေတာတုန်းကွ ၊ ဘုရား က နားမလေးပါဘူး။
ကိုတိုး။ ။ အင်း ဘုရား က တော့ နားမလေးပါဘူး ၊ ဒါပေမယ့် အဘွားကတော့ နားလေးတယ်ဟ။
မှားပါတယ်
ကိုအူ တစ်ယောက် ရုပ်ရှင်ကြည့်ရန် လက်မှတ်ရုံတွင် လက်မှတ်ဖြတ်နေသည်။ တခဏာ
အကြာတွင် ကိုအူ တစ်ယောက် လက်မှတ်လာ ဖြတ်ပြန်သည်။ သိပ်မကြာလိုက်
လက်မှတ်ရုံသို့ ကိုအူ ပြန်ရောက်လာကာ လက်မှတ် ဖြတ်ပြန်သည်။
လက်မှတ်ရောင်းသူ- (အံသြ စွာဖြင့်) စောစောတုန်းက လက်မှတ်နှစ်ခါ လာဝယ်တာ
နောင်ကြီးပဲ မဟုတ်လား၊ ဒါကောဆို သုံး ခါရှိသွားပြီနော်။ ဘာလို့လဲဗျ။
ကိုအူ- ဘာဖြစ်ရမှာလဲဗျ။ ရုံပေါက်က လူပေါ့၊ တော်တော်ဆိုးတယ်ဗျာ
ကျုပ်လက်မှတ်ကို တောင်းပြီး စုတ်ဖြဲပစ်လိုက်တယ်။
လွဲ ချက်ကနာ
တောစပ်တစ်နေရာတွင် ကိုဖြူ၊ ကို ကြူ နှင့် ကိုအူ တို့သုံးဦးအား
ရာဇဝတ်မှုဖြင့် သေဒဏ်ပေးရန် ပြင်ဆင်နေသည်။ အစောင့်ဖြစ်သူက ကိုဖြူအား
အချုပ်ကားတွင်းမှ ပထမဆုံး ခေါ်ထုတ်လာသည်။ ထို့ နောက် အရာရှိဖြစ်သူက
သေနတ်သမားအား ပစ်မိန့်ပေးသည်။(အင်္ဂလိပ်လို အမိန့်ပေး)
အရာရှိ- "Ready",'Aim".
ကိုဖြူ-(အရာရှိ ဧ။် စကားမဆုံးခင် ရုတ်တရတ်ထအော်သည်) ,' Earthquake!'
လူအများ အလန့်တကြား နှင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားချိန်တွင် ကိုဖြူထွက်ပြေး
လွတ်မြောက်သွားသည်။
နောက် ကိုကြူအလှည့်
အရာရှိ-- 'Ready', 'Aim'
ကိုကြူ- 'Tornado!'
ရုတ်တရတ် လူများ အထိတ်တလန့် ဖြစ်သွားပြန်သည်၊ ကိုကြူလည်း ထွက်ပြေး
လွတ်မြောက်သွားပြန်သည်။
နောက်ဆုံး ကိုအူ့အလှည့်
အရာရှိ-' Ready', 'Aim'
ကိုအူလည်း ကျန်လူများကို အတုယူ၍ အော်လိုက် ပုံ က "Fire!"
အတတ်နိုင်ဆုံး ကြိုးစား၍ ဘာသာပြန်ပါသော်လည်း မိမိကိုယ်ကို
ကျေပ်မှုမရှိပါ။ ထို့ကြောင့် သီးခံပေးပါရန် တောင်းပန်အပ်ပါသည်။
(မှတ်ချက်။ ။ Fire ဆိုတာ ပစ်လို့ အမိန့်ပေးတာပါ၊ စကားလုံးတွေကို
သူ့နေရာနှင့် သူသုံးနိုင်ကြပါစေ)
ဒီလိုလားးးး
အမေရိကရှိ ဂျွန်၊ ဂျော့၊ မိုက် ဟူသော ခွဲစိတ်ဆရာဝန် သုံးဦးစကား လက်ဆုံကျနေသည်။
ဂျွန် - အမေရိကမှာ ငါက အတော်ဆုံး ခွဲစိတ်ဆရာဝန်ကွ။
ဂျော့နှင့်မိုက် - မင်းက ဘာတွေစွမ်း ဆောင်ခဲ့လို့လဲ ၊ လင်း စမ်းပါအုံး။
ဂျွန်- လက်ချောင်း (၇)ချောင်း ပြတ်သွားတဲ့ လူတစ်ယောက်ကို ငါလက်ချောင်းတွေ
ပြန်ဆက်ပေးဘူးတယ်၊ ငါဆက်တာ ကောင်းမကောင်းတော့မသိဘူး အခုသူ ကမ္ဘာကျော်
စန္ဒယား ပညာရှင်ဖြစ်နေပြီ။
ဂျော့-မင်းဟာက ဘာဟုတ်သေးလဲကွာ ။ ငါခြေနှစ်ဘက် ပြတ်သွားတဲ့ လူတစ်ယောက်ကို
ခြေထောက် ပြန်ဆက်ပေးခဲ့တယ်၊ ၂နှစ်လောက်လဲကြာရော အဲ့ဒီ့လူက ဧဝရတ်တောင်ကို
တတ်နိုင်သွားပြီကွ။
မိုက်- (အားငယ်စိတ်ပျက်သည့်လေသံဖြင့်)၊ အင်း မင်းတို့တွေ
တော်ကြပါတယ်ကွာ။ လွန်ခဲ့တဲ့ (၃) နှစ် လောက်က မြင်းစီးလာတဲ့
ဂျော်ကီတစ်ယောက် အရှန်ပြင်းတဲ့ကားနဲ့ တိုက်မိတာ လူကော မြင်းကော ခေါင်းတွေ
ပွင့်ကုန်တယ်၊ ဦးနှောက်တွေကို ဖွေးလို့ ။ အဲ့ဒီ့လူရဲ့ ခေါင်းကို ငါ
ပြန်ဆက်ပေးနိုင်ခဲ့တယ်၊ ဒါပေမယ့် --
ဂျော့နဲ့ဂျွန်- ဟာတော်လှချီလား၊ ဒါပေမယ့် ဘာဖြစ်လို့လဲဟ။
မိုက်- အရေးတကြီး နဲ့ဆိုတော့ မြင်းဦးနှောက် နဲ့ သူ့ဦးနှောက် လွဲပြီး
ထည့်ပေးလိုက်မိတယ်။
ဂျော့နဲ့ဂျွန် - အမယ်လေး ဒုက္ခပဲ ဒီလူ အခု အခြေအနေ ကောင်းရဲ့ လား။ သူဘယ်မှာလဲ။
မိုက် - ကောင်းမကောင်းတော့ မသိဘူးကွာ ။ အခုတော့ အမေရိကန် သမ္မတ ဖြစ်နေလေရဲ့။
အင်တာနက်မှ ဂျော့ဒဘလူဘုခ်ျကို ကျီစယ်သော ဟာသများကို ဆီလျော်အောင်
ဘာသာပြန်ပါသည်။ ဗြုန်းခနဲ ဝလုံးကွဲအောင် ရယ်ရမည် မဟုတ်ပါ၊
စိမ့်စိမ့်တွေး၍ ဖြေးဖြေးလေး ရယ်ပါ။
လာမကြောနဲ့ နာ ဘာမှ တိဘူး
ကောင်းကင်ဘုံတခါးဝတွင် ရောက်လာသူများကို ကောင်းကင်တမန်မှ စစ်ဆေးနေသည်။
ပထမလူ- ကျွန်တော်အိုင်စတိုင်းပါ ဝင်ခွင့်ပြုပါ၊
တမန် - အိုင်စတိုင်းဖြစ်ကြောင်း သက်သေပြပါ၊
ထိုအခါ ပထမလူသည် အိုင်စတိုင်းဧ။် သီအိုရီများကို ရှင်းပြလေသည်။ ထို့ကြောင့်
တမန်-ကောင်းပြီ ငါလက်ခံပါပြီ ၊ ဝင်ပါလေ။
ဒုတိယလူ - ကျွန်တော် ပီကာဆိုပါ
တမန် - ကောင်းပြီ ၊သက်သပြပါ၊
ဒုတိယလူသည် လှပသောပန်းချီကား တစ်ချပ်ကို လျှင်မြန်စွာရေးဆွဲပြလေသည်။
တမန်-ဟုတ်ပါပြီ ငါယုံကြည်ပါသည်၊ ဝင်ပါလေ။
တတိယလူ - ကျွန်တော် ဂျော့ဒဘလူဘုခ်ျပါ
တမန် - အင်း အိုင်စတိုင်းနဲ့ ပီကာဆို ကတော့ သက်သေ
ကောင်းကောင်းပြနိုင်ခဲ့တယ်၊ သင်လည်းပြပါ၊
တတိယလူ - (အတန်ငယ် စိတ်ရှုပ်ထွေးဟန်ဖြင့် စဉ်းစားပြီးနောက်) ၊သူတို့က
ဘယ်သူတွေလည်းဗျာ၊
တမန် - ဟာ--ကောင်းပြီ ဂျော့ ငါယုံကြည်ပါပြီ၊ သူတို့အထဲမှာရှိတယ်၊ ဝင်ပါလေ။
အင်တာနက်မှ ဟာသများကို သင့်လျှော်အောင် ပြန်ဆိုပါသည်။
ဘာသာပြန်ညံ့ဖျင်းမှုနှင့် တင်ပြပုံညံ့ဖျင်းမှုကို နားလည်
ခွင့်လွတ်ပေးပါရန်။
ဘ၀မှာ စိတ်ညစ်မှုတွေများနေတဲ့သူတွေအတွက် ကျွန်တော်ဖတ်ခဲ့တဲ့
ဘ၀အမောပြေလေးများကို ဖတ်စေချင်သောစေနာလေးများဖြင့်
စုစည်းတင်ပြလိုက်ပါတယ်.
စာရင်းကိုင်ဆိုတာ...........
စာရင်ကိုင်တစ်ဦး ဆရာဝန်ထံရောက်လာပြီး သူခံစားနေရသော ဝေဒနာလေးအား ပြောပြလေသည်။
စာရင်းကိုင်။ ။ ဒေါက်တာ......၊ ကျွန်တော် ညဘက်မှာအိပ်လို့မရဘူး။
ဆရာဝန်။ ။ ဒါဆိုရင်......ကိန်းဂဏာန်းတွေ တစ်ကနေပြီး ၅၀၀ အထိ ရေတွက်ပါ၊
အိပ်ပျော်သွားပါလိမ့်မယ်။
စာရင်းကိုင်။ ။ လုပ်ပြီးပါပြီ......အိပ်မပျော်မပါဘူး ဒေါက်တာ။
ဆရာဝန်။ ။ ခင်ဗျားက ကိန်းရဏာန်း ဘယ်လိုရေတွက်လို့လဲ။
စာရင်းကိုင်။ ။ အစဉ်လိုက်ချရေးပါတယ်.။ ရေးရင်းမှားလို့ပြင်ပါတယ်...။
ပြင်ရင်းမှားရင်းနဲ့ မိုးလင်းသွားလို့ပါ.။
ဆရာဝန်။ ။ ဗျာ...........။
ဈေးကြီးလိုက်တဲ့ ကြက်တူရွေး................
အိမ်မွေးတိရစ္ဆာန်များရောင်းသော ဆုင်တစ်ဆိုင်အတွင်း ၀ယ်သူတစ်ဦး ရောက်ရှိလာလေသည်။
ဝယ်သူ။ ။ ကြက်တူးရွေးတစ်ကောင်လောက် လိုချင်တယ်။
ဆိုင်ရှင်။ ။ ရပါတယ်။ ဒီကြက်တူရွေးက ဒေၞလာ ၅၀၀၊ ကွန်ပျူတာ
ကောင်းကောင်းအသုံးပြုတတ်တယ်။
ဝယ်သူ။ ။ တယ်ဟုတ်ပါလား။
ဆိုင်ရှင်။ ။ ဒီကြက်တူရွေးက ရုပ်မြင်သံကြား ဖွင့်တတ်၊ ပိတ်တတ်ပြီး
သီချင်းလည်းဆိုနိုင်ပါတယ်။ ဒေၞလာ ၁၀၀၀။
ဝယ်သူ။ ။ မဆိုးပါဘူး
ဆိုင်ရှင်။ ။ ဒီကြက်တူရွေးကတော့ ဒေၞလာ ၃၀၀၀ ပါ။
ဝယ်သူ။ ။ ဈေးကြီးလိုက်တာ ...။ သူကကောဘာတတ်ပါသလဲ.....။
ဝယ်သူ။ ။ ဘာမှတော့မတတ်ပါဘူး။
ဆိုင်ရှင်။ ။ ဟင်ဘာဖြစ်လို့ ဈေးကြီးတာလဲ။
ဆိုင်ရှင်။ ။ မနက်တိုင်း ဟိုကြက်တူရွေးနှစ်ကောင်က သူ့ကို ဆရာကြီးလို့ခေၞနေလို့ပါ။
ပျော်ရွှင်ရယ်မောနိုင်ကြပါစေ............
မတ်တပ်ပဲရပ်ပါ့မယ်..........................
ကျောင်းဆရာတစ်ဦးက သူကိုယ်တိုင် ထုလုပ်ခဲ့သော ရုပ်တုတစ်ခုကို စားပွဲပေၞ၌
တင်ထားကာ ကျောင်းသားများအား မေးမြန်းလေသည်။
ကျောင်းဆရာ ။ ။ ဒီရုပ်တုလက်ရာပေၞ မင်းတို့အမြင်တွေပြောရမယ်၊ ကဲ ဂျော်နီ
ထပြီးပြောပါဦး။
ဂျော်နီ ။ ။ ဘာရုပ်တုမှန်းကို မသိပါဘူးဆရာ။
ကျောင်းဆရာ ။ ။ မသိရင် အတန်းအပြင်ထွက်၊ မတ်တပ်ရပ်၊ ကဲ ဆန်နီ ထပြီးပြော။
ဆန်နီ ။ ။ ကျွန်တော် မတ်တပ်ပဲ ရပ်လိုက်ပါ့မယ် ဆရာ။
ကျောင်းဆရာ ။ ။ ဟေ................
မှတ်မိလိုက်ပုံက........
လူတစ်ဦးအား တိုက်ပြီးမောင်းပြေးသွားသော ယာဉ်တိုက်မှုဖြစ်ပွားသည့်နေရာသို့
ယာဉ်ထိန်းရဲတစ်ဦး
ရောက်ရှိလာပြီး အနီးရှိကလေးငယ်များအား အောက်ပါအတိုင်း မေးလေသည်။
ယာဉ်ထိန်းရဲ ။ ။ ယာဉ်တိုက်မှုဖြစ်တော့ မင်းတို့ဒီနေရာမှာ ရှိနေလား။
ကလေးငယ် ။ ။ ဟုတ်ကဲ့။ ကျွန်တော်တို့ရှိနေပါတယ်။
ယာဉ်ထိန်းရဲ ။ ။ ယာဉ်တိုက်တာမင်းတို့ တွေ့မှာပေါ့။
ကလေးငယ် ။ ။ ကျွန်တော်တို့ မြင်လိုက်ပါတယ်။
ယာဉ်ထိန်းရဲ ။ ။ ဒါဆိုရင် မောင်းပြေးသွားတဲ့ ကားနံပါတ်ကို မှတ်မိလား။
ကလေးငယ် ။ ။ ဟုတ်ကဲ့ မှတ်မိပါတယ်။
ယာဉ်ထိန်းရဲ ။ ။ ဒါဆိုရင် အဲဒီကားနံပါတ်ကို ပြောပြပါဦး။
ကလေးငယ် ။ ။ ဂါလန် ၁၅၀၀။
ယာဉ်ထိန်းရဲ ။ ။ ဟေ..................။
ကားအနီကြီးသာမောင်းလာခဲ့ပါ...............
မီးသတ်ဌာနသို့ အရေးပေၞတယ်လီဖုန်းဝင်လာသဖြင့် တာဝန်ကျ အရာရှိတစ်ဦးက ဖုန်းနား
ထောင်လေသည်။
အရာရှိ ။ ။ အမိန့်ရှိပါခင်ဗျ။
ဖုန်းဆက်သူ ။ ။ ဆရာ မြန်မြန်လေးလာခဲ့ပါ။ ဒီမှာမီးလောင်နေလို့။
အရာရှိ ။ ။ ဟုတ်လား............ ဘယ်နေရာလဲ၊ နေရာ ပြောပါ။
ဖုန်းဆက်သူ ။ ။ စိတ်တွေလှုပ်ရှားလွန်းလို့ နေရာကိုတောင် ဘယ်လိုပြောရမလဲ မသိတော့ဘူး။
အရာရှိ ။ ။ ဒါဆိုကျွန်တော်ဘယ်လိုလာရမလဲ။
ဖုန်းဆက်သူ ။ ။ ကားအနီကြီးသာမောင်းလာခဲ့ပါဗျာ။
အရာရှိ ။ ။ ဗျာ.............
လူမှန်နေရာမှန်
"မောင်ဘမောင်. မင်း ဘယ်လို ယောက်ျားလဲကွယ့်။ မင်းမိန်းမကတော့
ကိုယ်ဝန်ကြီးနဲ့ ထင်းခွဲနေတယ်။ မင်းကျတော့ ဒီခုံပေါ်မှာ အေးအေးဆေးဆေး
မယ်ဒလင် ထိုင်တီးနေတယ်"
"မတတ်နိုင်ဘူး ဒေါ်ဒေါ်. သူမှ မယ်ဒလင် မတီးတတ်တာ။"
စဉ်းစားပါ
ဆရာက တပည့်ကို မေးသည်။
ဆရာ.....၀င်ပြီးရင် ပြန်မထွက်ချင်တာ ၂ ခု ရှိတယ်။ အဲဒါဘာလဲ သိလား?
တပည့်.....မသိပါဘူးဆရာ. ကျေးဇူးပြုပြီ ရှင်းပြပေးပါ။
ဆရာ.....တစ်က. မြန်မာကျုးပစ်၊ ၀င်ပြီးရင် ပြန်ကို မထွက်ချင်တော့ဘူး။
တပည့်.....နောက်တစ်ခုရော ဆရာ.
ဆရာ.....မင်းဟာမင်း စဉ်းစားဦးမှပေါ့ကွ။ နေရာတကာ ငါ့ကိုချည်း အားကိုးမနေနဲ့...
မတူကြဘူး
"ခင်ဗျား ခွက်ထဲ ၀ီစကီ ထပ်ထည့် ပေးရမလား."
"ဟင့်အင်း မထည့်နဲ့! ကျွန်တော် ၀ီစကီ သောက်ပြီးရင် ညအိပ်လို့မရဘူး"
"ကျွန်တော်ကတော့ ခင်ဗျာနဲ့ ဆန့်ကျင်ဘက်ပဲ။ အိပ်နေတုန်း ကျွန်တော် ၀ီစကီ
သောက်လို့ မရဘူး"
ပွဲစား
"ပွဲစားဆိုတဲ့ စကားလုံးကို အဓိပ္ပာယ် ဖွင့်ပြပါ."
"ဥပဒေဘောင်ထဲက ခေါင်ပုံဖြတ်သမား"
မြစ်နဲ့ပင်လယ်
ကမ်းတစ်ဖက်ပဲ ရှိရင် ပင်လယ်၊ ကမ်းနှစ်ဖက် ရှိရင် မြစ်
ခက်အောင် မလုပ်ပါနဲ့
စိတ်ရောဂါ အထူးကုဆရာဝန်၏ ဆေးခန်းရှေ့တွင် ချိတ်ထားသော စာတန်း
ဆရာဝန်နှင့် တွေ့ရန် စောင့်စားနေကြသော လူနာများခင်ဗျား။ မိမိတို့
ခံစားနေရသော ရောဂါလက္ခဏာများကို အချင်းချင်း မဖလှယ်ကြပါနှင့်။
ရောဂါဇစ်မြစ်ကို ဖော်ထုတ်ရာတွင် အခက်အခဲ ဖြစ်စေနိုင်ပါသည်။
ပြင်ဆင်မှု
"သမီး.....မီးဖိုချောင်ထဲက ပန်းကန်ပြား ငါးချပ်ယူခဲ့စမ်း"
"ဘာလုပ်ဖို့လဲ မေမေ"
"သမီးဖေဖေနဲ့ စကားပြောစရာရှိလို့"
အချစ်
"မောင့်ကို ချစ်ရဲ့လားဟင်"
"အရူးအမူးကို ချစ်တယ်"
"မောင့်အတွက် အသက်ကို အသေခံနိုင်ပါ့မလား."
"ဟင့်အင်း.....ခင့်အချစ်က အမြဲတမ်း ရှင်သန်နေတဲ့ အချစ်လေ"
ချစ်တဲ့အကြောင်းပဲပြောပါ
"ရှင် ကျွန်မကို ချစ်တယ်နော်"
"သိပ်ကို ချစ်တယ်"
"အဲဒါဆို ဘယ်တော့ လက်ထပ်ကြမလဲဟင်"
"ဟေ့ ဟေ့...ခေါင်းစဉ်ကို ဗြုန်းစားကြီး ပြောင်းမပစ်နဲ့လေ."
မြင်းပြိုင်ပွဲ
မြင်းပြိုင်ပွဲ ကျင်းပနေစဉ် မြင်းတစ်ကောင်က တခြားတစ်ကောင်ကို မေးသည်။
"မင်းဆီမှာ မြင်းကောင်ရေအား ဘယ်လောက်ရှိသလဲကွ"
သင်ခန်းစာ
သူငယ်ချင်းနှစ်ယောက် ရှိကြသည်။ တစ်ယောက်က အရက်သောက်သည် နောက်တစ်ယောက်က
လုံးဝ မသောက်ချေ။ တစ်နေ့ အရက်သောက်သူ အရက်မူးမူးဖြင့် ကားတက်မောင်းသည်။
အရက် မသောက်သူကို တက်ကြိက်မိသည်။ အရက် မသောက်သူ ပွဲချင်းပြီး သေသွားသည်။
သင်ခန်းစာ - သောက်လျှင်သေမည်၊ မသောက်လျှင်လည်း သေမည်။
မဟာ့မဟာ ပြဿနာ
"ပီတာ မင်းအဖေက ဘယ်သူလဲ" ဆရာမက ပီတာလေးကို မေးသည်
"ဟာ ဆရာမလဲ လုပ်ပြီ.....ဒီကိစ္စနဲ့ပဲ အိမ်မှာ အဖေနဲ့အမေ အမြဲ ရန်ဖြစ်နေကျဗျ..."
ငြင်းပါ
"ဒေါက်တာ...ကိုယ်ဝန်မရှိအောင် ဘာလုပ်ရမလဲ.ဟင်"
"ဟင့်အင်းလို့ ပြော"
မျက်စိဆရာဝန်
အခန်းထဲဝင်လာသော အမျိုးသမီးကို ဆရာဝန်က ပြောသည်။
"အ၀တ်အစား ချွတ်လိုက်ပါ"
"ဒေါက်တာ ကျွန်မ နားကိုက်တာ လာပြတာပါ"
"အဲဒါဆို နား၊ နှားခေါင်းနဲ့ လည်းချောင်း ဆရာဝန်ဆီ သွားပါ"
"ရှင်က ဘယ်သူလဲ"
"မျက်စိ ဆရာဝန်"
ခွေးစကား
တယ်လီဖုန်းသံ မြည်လာသည်။ ခွေးမှလွဲ၍ အိမ်ထဲတွင် မည်သူမှ မရှိချေ.....
တယ်လီဖုန်းကို ခွေး ကောက်ကိုင်လိုက်သည်။
"၀ုတ်"
အခုစကားပြောနေတာ ဘယ်သူလဲ
"၀ုတ်"
"စကားကို သဲသဲကွဲကွဲ ပြောစမ်းပါ"
"သေသေချာချာ နားထောင်၊ ၀တစ်ချောင်းငင် တသက် ၀ုတ်၊ ၀ုတ် ၀ုတ်"
ကလေးကြီးလည်း လိုတာကိုး
"ကလေးတွေရဲ့ စဉ်းစားဥာဏ် အားကောင်းလာစေတဲ့ ဗိုက်တာမင်ဆေး ရှိပါသလားရှင်"
"ရှိပါတယ် ကလေးရဲ့အသက်က ဘယ်လောက်ပါလဲ"
"၁၀ နှစ်၊ ၁၂ နှစ်နဲ့ ၄၅ နှစ်...."
နားမထိုင်းဘူး
"ဒေါက်တာ ကျွန်တော် နှားစေးနေတယ် ခင်ဗျ..."
"ဒီလောက်အော်ပြောစရာ မလိုဘူး၊ ကျွန်တော် နားမပင်းဘူး၊ နားလည်းလား"
"ကိုင်း.....ကိုက်တဲ့ သွား.ဘယ်သွားလဲ ပြော"
ပိန်နည်း
အလွန်ဝသော အမျိုးသမီးလူနာက ဆရာဝန်ကို ပြောသည်။
"ဒေါက်တာ.....ပိန်ဖို့အတွက် ဘာလေ့ကျင့်ခန်းလုပ်ရင် ကောင်းမလဲ ဟင်"
"ခေါင်းကို ဘယ်စောင်းလိုက်၊ ညာစောင်းလိုက် လုပ်ပေးပါ။"
"တစ်နေ့ ဘယ်နှစ်ကြိမ် လုပ်ရမလဲ"
"ခင်ဗျားကို အစာစားဖို့ ဖိတ်ခေါ်တဲ့ အခါတိုင်း"
ကူညီချင်ပါတယ်
ယောက်ျားကြီးတစ်ယောက် အများသုံး အိမ်သာထဲထိုင်နေသည်။ ကိစ္စပြီးသောအခါ
အိမ်သာထဲ စက္ကူရှာသည်။ ဘယ်မှာမှ မတွေ့ချေ။ ထို့ကြောင့် ဘေးခန်းကို
တံခါးခေါက်ပြီး မေးသည်။
"ခင်ဗျားဆီမှာ စက္ကူပို မပါဘူးလားခင်ဗျား"
"မပါဘူး...အဲ လိုချင်ရင်တော့ ခဲတံပေးနိုင်တယ်၊ ယူမလား ဟင်"
လျှော့မပြောနဲ့
လူနာအမျိုးသမီးကြီးကို စမ်းသပ်စစ်ဆေးပြီးနောက် ဆရာဝန်က ပြောသည်။
"အင်း ခေါင်းက နောက်နေတယ်၊ အစာအိမ်လည်း သိပ်မကောင်းဘူး၊ ဒီကြားထဲ
ခင်ဗျားရဲ့ သွေးတိုးနှုန်းက အတော်လေး မြင့်နေပြန်တယ်။ ဒါနဲ့ ခင်ဗျား
အသက်ဘယ်လောက် ရှိပြီလဲ"
အမျိုးသမီးက မပွင့်တပွင့် ဖြေသည်။
"၂၈ နှစ်ပါ"
"ဪ မှတ်ဥာဏ်လည်း မကောင်းဘူးကိုး"
ဂီတစာဆို
နာမည်ကြီး ဂီတစာဆိုကို သတင်းထောက်က မေးသည်။
"ဆရာ...ဆရာ ဘယ်တုန်းက သီချင်းစရေးပါသလဲ ခင်ဗျား"
"ကျွန်တော့် ဇနီး ခြောက်ယောက်မြောက် ကလေးမွေးတဲ့အခါမှာ ကျွန်တော်ရဲ့
ဖန်းတီးနိုင်မှုစွမ်းအားကို တခြားနေရာမှာ အသုံးချရတော့မယ်လို့ နားလည်လိုက်
ကတည်းကပဲဗျာ။"

Jokes of the mail (1)
ဒီအချိန်ရောက်လာရင်....
ဆေးခန်းတစ်ခုတွင် ဆရာဝန် ရောက်မလာသောကြောင့် လူနာအားလုံး လည်တဆန့်ဆန့်
ဖြစ်နေကြသည်။ ထို့ကြောင့် သူနာပြု ဆရာမက အားပေးစကား ပြောလိုက်သည်။ “
အားနာလိုက်တာရှင်...ဒီနေ့မှ ဆရာက အစည်းအဝေးတစ်ခု မဖြစ်မနေတက်နေရလို့။
သည်းခံကြပါရှင်...ခဏနေ ရောက်တော့မှာပါ”
ထိုတွင် လူတစ်ယောက်က ထပြောလိုက်သည်။
“ ဆရာမ ကျေးဇူးပြုပြီး ကျွန့်တော့် နာမည်လေး ဖျက်လိုက်ပါတော့၊ ကျွန်တော်
သွားစရာလေး ရှိနေသေးလို့ပါ ”
“ စောင့်လက်စနဲ့ ခဏလေး စောင့်လိုက်ပါ့လား။ ဒါနဲ့..ရှင်က ဘာရောဂါဖြစ်နေလို့လဲ ”
“ ကျွန်တော်က အရက်ဖြတ်မလို့ပါ။ ဒါပေမယ့် ဒီအချိန်က ကျွန်တော် သောက်နေကျ
အချိန်လေ..နည်းနည်းတောင် နောက်ကျသွားပြီ ”
( မှတ်ချက်။ ။ အချိန်နှင့် ဒီအရည်သည် လူကို မစောင့်ပါ )
တတ်လိုက်ပါပေ့ကွယ်...........
“ သူငယ်ချင်း ငါ ဘီအီးချလာတာ ကြာပြိ၊ ငါ အခုထိ ဘီအီးရဲ့ အဓိပ္ပယ်ကို မသိသေးဘူး။ ”
“ မြင်းစီးပြီး အထီးမှန်း၊ အမမှန်း မသိဆိုတာလို ဖြစ်နေပြီ။ ငါ
ရှင်းပြမယ်...'B' ဆိုတာက Bottle၊ 'E' ဆိုတာက Economics၊ အဓိပ္ပယ်က
ပုလင်းနဲ့ စီးပွားရေး လုပ်စားတာပေါ့ကွာ ”
“ သြော်...လက်စသတ်တော့...ဘီအီးဆို တာ ပုလင်းခွံကောက်တဲ့ သူကို ပြောတာကိုး ”
( BE ဆိုသည်မှာ အစိုးရ အရက်ဖြူဆိုင် ခေတ်က အရက်ဖြန့်ဖြူးသော ကုမ္မဏီ၏ အမည်
ဖြစ်သည်။ အပြည့်အစုံမှာ BURMA ENTERPRISE DISTILERY COMPANY ဖြစ်ပြီး
B.E.D.C ကို BE ဟု အလွယ် ခေါ်ခြင်းဖြစ်သည်။ )
..............................
................................................................................................
သေမင်းနှုတ်ခမ်း ခရီးသွား လုပ်ငန်း
- အလုပ်ဖိစီးပြီး စိတ်ပင်ပန်းနေသူများ
- သမက်နှင့်မတည့်သော ယောက္ခမများ
- ယောက္ခမနှင့် မတည့်သော သမက်များ
- အိမ်ထောင်ရေး အဆင်မပြေသည့် ယောင်္ကျားနှင့် မိန်းမများ အတွက်
မေတ္တာလက်ဆောင် ဝယ်ပေးသင့်သည့် “ သေမင်းနှုတ်ခမ်း ” ခရီးစဉ်များနှင့်
ဝန်ဆောင်မူ့များမှာ......
၁။ ဘရိတ် မကောင်း၊ စက် မကောင်း၊ ကြမ်းခင်း မကောင်းသည့် ကားများဖြင့် သွားရမည်။
၂။ လမ်းခရီးတွင် ထမင်းကျန်၊ ဟင်းကျန်၊ ထမင်းသိုး၊ ဟင်းသိုးများဖြင့် ဧည့်ခံမည်။
၃။ လမ်းခရီးတွင် ရေငတ်ပြေစေရန် ငံပြာရည် ပုလင်းများကို လိုသလောက် ပေးမည်။
၎။ လမ်းခရီးတွင် အမူးအမော ပြေစေရန် နာမည်ကြီး “ ချေးလူးသေးလူး ကုမ္မဏီ ”
မှ ထုတ်လုပ်သည့် ချေးချော့ကလက်၊ ချေးပရုတ်ဆီများ ( ကြော်ငြာသည့် အနေဖြင့်
) ကို အခမဲ့ ပေးမည်။
၅။ အေးအေးဆေးဆေး တည်းခိုလိုသူများအတွက် ရေခဲတိုက် စီစဉ်ပေးမည်။
၆။ ဇိမ်ခံလိုသူများအတွက် ကြမ်းပိုးကိုက်သည့် အိပ်ရာများ စီစဉ်ပေးပါမည်။
၇။ အဆင့်မြင့်မြင့် တည်းခိုလိုသူများအတွက် ထန်းပင်ထိတ်ဖျားတွင် ပုခက်ဆင်ပေးပါမည်။
၈။ လမ်းခရီးတွက် အပျင်းပြေစေရန်အတွက် အစအဆုံး ရန်ဖြစ်သည့် မြန်မာ
ဗွီဒီယိုကားများဖြင့် ဖျော်ဖြေပေးပါမည်။
ကျွန်မတို့ သွားမည့် ခရီးစဉ်များမှာ.....
၁။ ပင်လယ်မျော့ ပေါသည့် ရေချိုးဆိပ်တွင် တစ်ညအိပ် ( ထိုမှ )
၂။ ငါးပူတင်းပေါသည့် ရေချိုးဆိပ်တွင် တစ်ညအိပ် (ထိုမှ)
၃။ ငါးမန်းပေါသည့် ရေချိုးဆိပ်တွင် တစ်ညအိပ် (ထိုမှ ခရီးသည်များ ကျန်သေးလျှင်)
၎။ တောင်တက်ခရီးစဉ် ( အင်းလေးကန်အတွင်းသို့ ကန်ချသည့်) အပန်းဖြေ
ခရီးစဉ်....( ထိုမှ ခရီးသည် ကျန်သေးလျှင်)
၅။ တောင်အောက်ခရီးစဉ် ( သတိ ဘရိတ်ပိုက် ဖြုတ်ပေးမည်)
ပိုက်ဆံ မတတ်နိုင်ပါက...အလကား ခေါ်ဆောင်ပါမည်။
.............................................................................................................................
သိတတ်တယ်.....
သားက ညတိုင်း မေမေနဲ့အိပ်တော့ မေမေက "သား ကြီးလာလို့ မိန်းမယူရင်ကော
မေမေနဲ့ပဲအိပ်မလား!"
"မေမေနဲ့ပဲ အိပ်မှာပေါ့"
"ဒီလိုဆိုရင် မေမေ့ချွေးမ ဘယ်လိုလုပ်မလဲ"
"ဖေဖေနဲ့ အိပ်ခိုင်းလိုက်မယ်"
ဖေဖေက သားစကားကို ဝင်ထောက်တယ် "အင်း.. ဒီကလေး ငယ်ငယ်ရွယ်ရွယ်နဲ့ သိတတ်လိုက်တာ"
.................................................................................................................................
ဆရာဝန်ရဲ့ စမ်းသပ်ပုံ
အမျိုးသမီးတစ်ဦး ကလေးခေါ်ပြီး ကလေးဆေးရုံကို ရောက်လာခဲ့တယ်။
ဆရာဝန်။....။ ကလေးကို မိခင်နို့ တိုက်တာလား.. နွားနို့တိုက်တာလား...
အမျိုးသမီး။....။ မိခင်နို့ပါ။
ဆရာဝန်။....။ ကျွန်တော် စမ်းသပ်မလို့ ခင်ဗျား အင်္ကျီကို ချွတ်လိုက်ပါ။
အမျိုးသမီး။...။ ဟင်.. ဘာလို့လဲ..
ဆရာဝန်။....။ စိတ်မပူပါနဲ့။ ဒါ ဆေးရုံပါ။ ကျူးလွန်တာတွေ မရှိပါဘူး။
အမျိုးသမီးက ယုံတစ်ဝက် မယုံတစ်ဝက်နဲ့ ဆရာဝန်ရဲ့ အစမ်းသပ်ကို ခံလိုက်တယ်။
ခဏလောက် စမ်းသပ်ပြီး ဆရာဝန်က “ ခင်ဗျားမှာ မိခင်နို့ရည်မှ မရှိတာ။
ဒါကြောင့် ကလေးက အာဟာရ ပြတ်နေတာပေါ့” လို့ ပြောတော့ အမျိုးသမီးက
“ကျွန်မမှာ ဘယ်လိုလုပ်ပြီး မိခင်နို့ရည် ရှိမလဲ။ ကျွန်မက သူ့အန်တီ” လို့
ဒေါသတကြီး ပြန်အော်လိုက်တယ်။
....................................................................................................................................
ဒေါက်တာ ဘာမီတွန်
ဟိုးတုန်းက ..မြို့တစ်မြို့မှာ ဆရာဝန်တစ်ယောက်ရှိသတဲ့။
အဲဒီဆရာဝန်က ဘယ်လိုလူနာလာလာ ဘာမီတွန်သာ(Burmeton) ပေးတတ်သတဲ့။
တစ်နေ့ အဲဒီမြို့က အမျိုးသမီးတစ်ယောက်ဟာ ဆရာဝန်ကို ပညာစမ်းလိုတဲ့
စိတ်နဲ့ သူရဲ့ သမီးဖြစ်သူကိုခေါ်ပြီး ဆရာဝန်ဆီသွားတာတော့တာပဲ…
အမျိုးသမီး….ဆရာ ကျွှန်မသမီးလေး ဗိုက်တွေအရမ်းနာနေလို့ပါ..
ဆရာဝန်….ဘာမှမပူပါနဲ့ဗျာ ရော့ ဘာမီတွန်လေးသောက်လိုက်..
အမျိုးသမီးကတော့ မကျေနပ်တဲ့ မျက်နှာနဲ့ ပြန်ထွက်လာလေရဲ့။
ဒါနဲ့ နောက်တစ်နေ့ထပ်သွားပြန်တော့တာပဲ..။
အမျိုးသမီး…..ဆရာ ကျွှန်မ ရာသီလာတာ ရက်မမှန်လို့ ဆရာ။
ဆရာဝန်…. ဘာမှမပူပါနဲ့ဗျာ ရော့ ဘာမီတွန်လေးသောက်လိုက်။
ဒီတစ်ခါလည်း အမျိုးသမီးက မကျေမနပ်နဲ့ဘဲ ပြန်ခဲ့ တယ်။ နောက်တစ်ရက်
အမျိုးသမီး….ဆရာ ကျွှန်မအမျိုးသား အရက်သောက်များပြီး အိပ်ရာထဲလဲနေလို့ပါ။
ဆရာဝန်….ဘာမှမပူပါနဲ့ဗျာ ရော့ ဘာမီတွန်လေးသောက် ခိုင်းလိုက်။
ဒီတစ်ခါတော့ ဘယ်လိုမှ သည်းမခံနိုင်တော့တဲ့ အမျိုးသမီး က
…..ဆရာ ကျွှန်မ ကလေးမလိုချင်လို့ သားဆက်ခြားချင်လို့ပါ။
ဒီတစ်ခါတော့ ဆရာဝန်ခေါင်းတော်တော်စားသွားပြီး
ဟိုတွေးဒီတွေးလုပ်နေပါတယ်။ ဒါကိုကြည့်ပြီး အမျိုးသမီး ကတော့
အပျော်ကြီးပျော်နေတာပေါ့။ ဒါပေမယ့် သူ့ရဲ့အပျော်တွေဟာ
ဆရာဝန်ရဲ့စကားကြောင့် ဆိတ်သုဉ်းသွားလေရဲ့။
ဆရာဝန်ပြောလိုက်တာက”’ခင်ဗျားအမျိုးသားကို ဘာမီတွန် တိုက်လိုက်””’ ဟူ
သတည်း။
...............................................................................................................................
လဲမယ်လေ........
တစ်ခါက လူသားစားတဲ့တောကလူရိုင်းသားအဖဟာ အိမ်မှာချက်ဖို့အသားမရှိတော့
တာနဲ့ မြို့အစွန်နားအထိ တက်လာကြတယ်။ တွေ့တဲ့သူကိုဖမ်းခေါ်လာပြီး
ချက်စားဖို့ပေါ့။ ဒီလိုနဲ့လူအရိပ်အခြေစောင့်နေတုန်း သူတို့နားကို မိန်းမပိန်ပိန်
တစ်ယောက်ဖြတ်လာတယ်။
သားကမေးတယ် " အဖေ၊ အဲဒီမိန်းမကို ချက်စားရအောင် ဖမ်းသွား မလား.." ဆိုတော့
အဖေက " နေဦး ဒီမိန်းမက ပိန်လွန်းတယ်။ အရိုးကြီးပဲ။ စားလို့မကောင်းဘူး။ "
နောက်မိန်းမ၀၀တစ်ယောက်ဖြတ်လာတော့.....
သားကမေးတယ် " အဖေ၊ ဒီတစ်ယောက်က ၀၀တုတ်တုတ်ကြီး စားလို့ကောင်းမယ်။
ဖမ်းသွားရအောင်..." အဖေကလည်း " ဒီတစ်ယောက်က ၀လွန်းတယ်။
ငါတို့စားလို့ကုန်မှာမဟုတ်ဘူးတဲ့ "
ဒီလိုနဲ့စောင့်ကြည့်နေရင်း ကိုယ်လုံးကိုယ်ထည်လှလှပပမိန်းမတစ်ယောက်ဖြတ်လာတယ်။
သားကလည်း " အဖေ ဒီတစ်ယောက်ဆိုအနေတော်ပဲ။ ပိန်လည်းမပိန်၊ ၀လည်းမ၀ဘူး။
ဖမ်းသွားရအောင်..." လို့မေးတယ်။ အဖေကလည်း
" ဟုတ်တယ်၊ ဒီတစ်ယောက်ကအတော်ပဲ။ ဖမ်းသွားရအောင်။ အိမ်ရောက်ရင်
မင်းအမေကို ချက်စားကြတာပေါ့သားရယ် …"
............................................................................................................................
ထကြ....ထကြ...
လူတစ်ယောက်က ဆေးရုံသွားပြီး ညညအိပ်မရတဲ့အကြောင်း ဆရာဝန်ကို
ဆွေးနွေးတိုင်ပင်တယ်။ ဆရာဝန်က ညအိပ်တဲ့အချိန် အိပ်ပျော်နိုင်ဖို့
တစ်ခုခုကို တတွတ်တွတ်ရွတ်ဆိုပြီးအိပ်ဖို့ အကြံပေးလိုက်တယ်။ ဒါပေမယ့်
အရာမရောက်ခဲ့ဘဲ နောက်တစ်နေ့ မနက်မှာ ဆရာဝန်ဆီ သူပြန်ရောက်လာခဲ့တယ်။
ဒီတစ်ခါ ဆရာဝန်က သူ့ကိုနောက်အကြံတစ်ခု ပေးလိုက်တယ်။ ညရောက်တာနဲ့ အဲဒီလူက
"ခြေညိုးတွေအိပ်ပါ... ခြေသလုံးအိပ်ပါ... ဒူးခေါင်းအိပ်ပါ..." နဲ့
မျက်စိအထိ သူ့ခန္ဓာကိုယ်အားလုံးကို တဖြေးဖြေး အိပ်မွေ့ချနေခဲ့တယ်။
အိပ်ပျော်ခါနီးမှာ ဝတ်လစ်စလစ်နဲ့ ညဝတ်အင်္ကျီဝတ်ပြီး ဝင်လာတဲ့မိန်းမကို
တွေ့တော့ အဲဒီလူက သူခန္ဓာကိုယ်ကို ပုတ်ပြီး ပြောလိုက်တယ်။
"ထ.. ထ.. အားလုံး.. ထကြ" ဟူတည်း။
...........................................................................................................................
ဂလို....ဂလို...
သေသွားတဲ့ လူသုံးယောက်ကို ယမမင်းက ဘယ်လိုသေခဲ့ကြသလဲလို့ မေးတယ်။
ပထမတစ်ယောက်
အဲဒီနေ့က ကျွန်တော်အိပ်ရာထနောက်ကျလို့ အဝတ်အစား သပ်သပ်ရပ်ရပ် မဝတ်သေးဘဲ
ကပျာကယာ အိမ်ပေါ်ထပ်က ပြေးဆင်းခဲ့တယ်။ တက္ကစီတစ်စီး လှမ်းတားလိုက်ချိန်
အပေါ်ထပ်ကနေ အဝတ်ဘီရိုတစ်လုံး ပြုတ်ကျလာတယ်။ အဲဒီမှာ
ကျွန်တော်သေသွားခဲ့တယ်။
ဒုတိယတစ်ယောက်
အဲဒီနေ့က ကျွန်တော်ခရီးကနေ အချိန်စောပြီးပြန်လာခဲ့တယ်။
ကျွန်တော်ပြန်လာတာကို အံ့သြဝမ်းသာအောင်ဆိုပြီး ကျွန်တော့်မိန်းမကို
ကျွန်တော်ကြိုမပြောခဲ့ဘူး။ အိမ်ရောက်တော့ အိပ်ခန်းထဲကနေ
ယောက်ျားအသံတစ်သံကြားလို့ အခန်းထဲ ကျွန်တော်ပြေးဝင်သွားတယ်။
ပြတင်းပေါက်ကနေ အပြင်ကိုလှမ်းကြည့်တော့ အဝတ်အစား မသပ်မရပ်နဲ့
ယောက်ျားတစ်ယောက်ကို ကျွန်တော် လှမ်းမြင်လိုက်တယ်။ ကျွန်တော်လည်း
စိတ်တိုတိုနဲ့ အဝတ်ဘီရိုယူပြီး အဲဒီလူပေါ် ပစ်ချလိုက်တယ်။ ပြီးတော့
ကိုယ့်ကိုယ်ကို သေကြောင်းကြံလိုက်တယ်။
တတိယတစ်ယောက်
ကျွန်တော်က အပြစ်မဲ့ပါ။ အသစ်တွေ့တဲ့ ကောင်မလေးနဲ့
ကျွန်တော်ကြည်နူးနေတုန်း သူ့ယောက်ျား ပြန်ရောက်လာခဲ့တယ်။ ရုတ်တရက်မို့
ကြံရာမရတာနဲ့ အဝတ်ဘီရိုထဲ ကျွန်တော်ဝင်ပုန်းနေခဲ့တယ်။ အဲဒီမှာ "ဝုန်း"
ဆိုတဲ့အသံနဲ့အတူ ကျွန်တော်သေသွားခဲ့တာပါပဲ။

မသိဘူး
မော်စကိုမြို့လယ် ဂေါ်ကီလမ်းအတိုင်း ညမှောင်ရီပျိုးစအချိန်တွင် ကိုဘဲဥ
လမ်းလျှောက်လာသည်။
အရက်မူးနေသော လူတစ်ယောက် သူ၏အနားကပ်လာပြီး မေးသည်။
``ဟေ့ ဘဲဥ၊ ကောင်းကင်မှာ လင်းနေတဲ့ဥစ္စာဟာ နေလား။ လလား ဟင်´´
``မသိဘူးဗျ၊ ကျွန်တော် ဒီအရပ်က မဟုတ်ဘူး´´

ဘဲဥစစ်သား (၁)
တပ်သားဘဲဥ ကင်းစောင့်နေသည်။ လူတစ်ယောက် ဖြတ်လာသည်။ ဘဲဥ လှမ်းအော်ပြီး ပြောသည်။
``စကားဝှက်ပြော´´
``ကြက်ဖ´´
``အေး.... သွား´´
နောက်တစ်ယောက် ဖြတ်လာပြန်သည်။
``စကားဝှက်ပြော´´
``ကြိုးကြာ´´
ဘဲဥက ပြောလိုက်သည်။
``ကြိုးကြာ မဟုတ်ဘူး။ ကြက်ဖ။ အေး... သွား´´

ဘဲဥစစ်သား(၂)
တပ်သား ဘဲဥ ကင်းစောင့်နေသည်။
``ရပ်လိုက်၊ ဘယ်သူလဲ´´
``ငါပါ။ တာဝန်ကြပ်ပါကွ။ ပုလင်းပါ ဆွဲလာတယ်ကွ´´
``တာဝန်ကြပ်သွား၊ ပုလင်းရပ်နေ´´
ဘဲဥ စစ်သား (၃)
မော်စကိုမှ စစ်သင်တန်းပြီးသွားသော ကိုဘဲဥ မွေးရပ်မြေသို့ ပြန်ရောက်လာသည်။
မိဘများက အပြစ်တင် စကားပြောသည်။
``ဟဲ့သား၊ မော်စကိုမှာ သင်တန်းသွားတက်တဲ့ သုံးနှစ်လုံးလုံး တို့ဆီကို
ဘာဖြစ်လို့ စာတစ်စောင်မှ မရေးတာလဲကွ´´
``ဖေဖေတို့မှ လိပ်စာမပေးဘဲဟာ´´
Thx to မအိမ့်သွေးနီ

Subscribe to:
Posts (Atom)