Showing posts with label My Poems. Show all posts
Showing posts with label My Poems. Show all posts

Tuesday, September 1, 2009

ဆုတောင်း

ပညာမျက်စိ၊ မြင်မရှိလျက်
မသိတရား၊ အယူမှားပြီး
တိမ်းပါးနိုင်သူ၊ မဖြစ်မူ၍
တစ်ပါးသူအား၊ ချစ်ကြည်ဖြူထား
ချစ်သနားသော၊ ပညာပြည့်ဝ
နှလုံးလှသူ၊ ဖြစ်ရလို၏ ။ ။

I am not like that. It just sounds nice.

Time 8:00 pm 01.09.2009

Wednesday, August 12, 2009

ပန်းလက်ဆောင်

လုလင့်ချစ်သူ
ပန်းဆင်ယူဖို့၊ တမူထူးစွ
နှင်းဆီလှအား၊ ဆက်သပါသည်
ကြည်ဖြူပြုံးပျော်နိုင်စေသား။

ဤပန်းနှင့်ပင်
ဖြူစင်ကြင်နာ၊ ချစ်မေတ္တာအား
ရောကာယှက်၍၊ ဆက်လိုက်ပါသည်
ဒီကမ္ဘာအား တိုင်တည်ထား၍။

ချစ်သူ့ကြင်နာ၊ ချစ်သဒ္ဒါအား
မျှော်ကာထား၍၊ ဆက်သွားခြင်းမူ
မမှတ်ယူပဲ
ချစ်သူနှလုံး၊ ရွှင်ကြည်ပြုံးလျှင်
ဤလုလင်သည်၊ ဘ၀င်ကြည်၏
ဤကားလုလင့်သစ္စာတရား။

သစ္စာတရား၊ တိုင်တည်ထား၍
ဘုရားရှေ့မှာ၊ဆုတောင်းပါသည်
သစ္စာတရား၊ မှန်သော်ငြားကား
ချစ်သောသူအား၊ ဆုံစေသား။ ။

Tuesday, August 11, 2009

အရူးတစ်ယောက် ကျွန်တော်

ဟိုတစ်နေ့ က ရွာသားကြီးအား
ကားနဲ့ သွားကာဆေးစစ်လိုက်ရတယ်။

အကြောင်းအရင်း အစကတော့
မင်းကိုသတိရတဲ့ အချိန်တွေကို
စိန်ပလိန်တိန်ဆိုပြီး
အိမ်မှာ တွက်ရေကြည့်လိုက်တာ
တစ်နေ့ တာသတ်မှတ်
၂၄ နာရီချိန်ထက်
လွန်ကာထွက်သွားလို့ ပါ။ ။

Aug 23 2008, 01:56 AM

တမ်းချင်းတစ်ပုဒ်

ရင်ထဲကအလွမ်းနဲ့ ခံစားချက်ပန်းများ
ဖြည်မဆည်နိုင်အောင် ကျွမ်းသေးသမို့ 
ဒုက္ခလမ်းဆက်လျှောက်ကာလှမ်းရင်း
ဟေမာသောင်ကမ်းနဲ့ 
အလှမ်းဝေးဆဲ....

Oct 22 2008, 05:21 PM

လောကနိယာမတရားတစ်ခု

စပါးစိုက်ရင် စပါးရ။
ကြံစိုက်ရင် ကြံရ။
ဝါစိုက်ရင် ၀ါရ။

ကိုယ်စိုက်ပျိုးသာကိုသာ ကိုယ်ရမပေါ့။

စိုက်ဖို့ ကြိုးစားရင်းနဲ့ ပဲ အချိန်တွေကုန်လွန်သွား။

ဒီလိုနဲ့ ပဲ နောက်ဆုံးအချိန်မှာ သိလိုက်တာက
ဖြုန်းတီးခဲ့တဲ့ အချိန်တွေများ အတွက်
ရရှိလာခဲ့တာက နောင်တ တရား။ ။


Dec 9 2008, 09:23 AM

အချိန်သာပြောင်းသော်လည်း...

နှစ်သစ်ချိန်ခါ
ကူးလာပြန်လည်း
စိတ်ဟောင်းရှိဆဲ
လူငမွဲမို့
ပြောင်းလည်းဖို့ရေး
ကြိုးစားတွေး၏
ဆွေးမိပါသည်
နှစ်ဟောင်းဆီသို့....။ ။

Jan 1 2009, 12:55 PM

Fear & me

I had never been in failures,
As I could run away when I was near

All of sudden, it was just in sight,
And I couldn't avoid

I became lost
in my own world and thoughts

Everyday just wondering why
I realized I was so blind

I remember a quote which said
"Fear of suffering is worse than suffering itself"


I knew that for long time
But now i realized its true lines

A man against the world maybe
Afraid I should never be

I am now trying to embrace fear
Dare to test and go near

As I can now understand the thongs
There comes the beautiful lyrics of a song
"When i go the distance, I will be right where I belong".


Jan 30 2009, 09:38 AM

လူတစ်ကိုယ် ဘယ်လောက်လို

သန်းပေါင်းခြောက်ထောင် ဤလူ့ဘောင်တွင်
အကောင်တစ်ကောင် ဖြစ်လာအောင်ဟု
မောင်မယ်သူငါ၊ နည်းဖြာဖြာဖြင့်
ဥစ္စာများစွာ၊ ရှာကြပါ၏။

သို့တစ်ပြီးကား၊ လူသူများမှာ
အမှားအမှန်၊ ဆင်ခြင်ရန်ဟု
ကြံဖန်စဉ်းစား၊ မတွေးထားပဲ
တစ်ပါးသူငါ၊ ပျက်စီးပါလည်း
ငါ့မှာများစွာ၊ ကျန်ရှိပါသည်
ငါသာကောင်းဖို့၊ ကြိုးစားစို့။

တရားမသိ၊ အမှောင်ပိပြီး
မိမိအတွက်၊ ငါ့နာဂတ်ဟု
ဆက်ကာဆက်ကာ၊ တိုးဝင်ပါသည်
ကမ္ဘာအနက်၊ အမှောင်ဖက်သို့။

ဟေမာသောင်ကမ်း၊ နိဗ္ဗာန်နန်းကို
လှမ်းဖို့မပြင်၊ လမ်းမထွင်ပဲ
အဟောင်းတွင်သာ၊ ကျင်လည်ပါသည်
ဘယ်မှာ အသစ်ဖြစ်မည်နည်း။

ဒီလိုနှင့်ပင်၊ ရာသီခွင်ပြောင်း
နှစ်တွေဟောင်း၍၊ ဇရာထောင်းကာ
ရောဂါပေါင်းစုံ၊စုကာကြုံသည်
အိပ်ယာပေါ်လဲ၊ တစ်ကိုယ်တည်း။

နောက်ဆုံးတွင်တော့၊ ဤမြေကြော့ဝယ်
ထယ်ဝါစွာဖြင့်၊ ကျန်ရှိပါသည်
ခြောက်ပေကျယ်ဝင်း၊ နေရာခင်း။

(Inspired by "How much land does a man need"? by Tolstoy.)


May 18 2009, 02:21 AM

သူသည်သာလျှင်သိစေဖို့

ရင်ကစကား၊ သူသိသွားအောင်
ခံစားချက်ဖြင့်၊ရေးဖွင့်ပါမည်
သူသည်သာလျှင် သိစေဖို့။

သူမအလှ၊ တွေ့တွေ့စပင်
ရင်ကသိသည်၊ လှဒေ၀ီညာ
ဤကလျာကား၊ ငါ့အားဖမ်းစား ချေလေပြီး။

အိပ်စက်မရ၊ထိုထိုညကို
ရေတွက်ရလျှင်၊မနေ့ဒီနေ့
လာမည့်နေ့။

အို...
သိင်္ဂီဒေ၀ီ၊ပျိုမဒီ
ဘယ်ဆီကိုများ၊ ရောက်လို့သွားပါနည်း၊

လုလင့်မေတ္တာ၊ ကရုဏာအား
မေ့ကာထားလေ သည်တကား။

လုလင့်ကြင်နာ၊ ချစ်သဒ္ဒါအား
လျစ်ကာပစ်ထား သည်တကား။

မြင်နိုင်ပါလျှင်၊ မြင်စေလိုသည်
လုလင်ရင်မှ မျက်ရည်စ၊

သတိတရ၊ ရှိလှစွာဖြင့်
ရေးလိုက်ပါသည်၊ ဤကဗျာအား
သူသည်သာလျှင်သိစေဖို့။ ။

Jun 28 2009, 08:02 PM


အလှစစ်

လှရက်ပါပေ့၊လှပါပေ့ဟု ပြောလေ့ရှိလေသည်။
ချောရက်ပါပေ့၊ ချောပါပေ့ဟု ဆိုလေ့ရှိလေသည်။
ရုပ်ဆင်းအင်္ဂါ၊ မင်္ဂလာကား၊ ညီစွာလှပ၊ ရှိလေစွဟု ဆိုကြဖူးလေသည်။

ပေါ်ရံရုပ်သွင်၊ မြင်ရှုလျှင်ဖြင့်၊ ဤတွင်စကား၊ ဆိုပြောကြားသော၊ မောင်ဖွားလုလင်၊ မှတ်ရှုမြင်လော့။

ပေါ်ရံကြည့်ရုံ၊ ရှုမြင်ပုံဖြင့်၊ ပုံကာမအပ် ပါစေနှင့်။
ရူပကာလှ၊ ရုပ်အလှကား၊ ခဏတာပင်၊ ကွယ်ပျောက်စင်၏။
ရူပကာလှ၊ ပေါ်ရံလှကား၊ ဘယ်မျှခရီးသွားမည်နည်း။

အမောင်လုလင်၊ ရုပ်ကိုမင်လျှင်၊ ဤတွင် သေချာစဉ်းစားလော့။
သက်ကြီးရွတ်တွ၊ ဖြစ်လာကြသော်၊ မောင်လှ ချစ်နိုင်ပါမည်လား။
ရုပ်ကိုမက်၍၊ လိုချင်တက်သော်၊ အခက်တွေ့ချေ သည်တကား။

အကြံတစ်ခု၊ ပေးလိုပြုသည်၊ မှတ်ရှုနားထောင်ပါလေလော့။

အတွင်းအလှ၊ စိတ်အလှကား၊ ထာဝရမပျက် ခြင်းတရား။
အတွင်းအလှ၊ စိတ်အလှကို၊ မြင်ရအောင်ပင်၊ ကြည်ရှုမြင်လော့။
အတွင်းအလှ၊ မြင်နိုင်မှသာ၊ ချလော့ ဆုံးဖြတ်ချက်။

သို့မှသာလျှင်၊ ထိုရုပ်သွင်၏၊ ထင်မှားပြုမှု၊ အစုစုအား၊ မောင်ရှုမြင်လတ္တံ့။ဤစာတစ်ခန်း၊ နှုတ်ရည်မှန်း၍၊ ဆိုစမ်းပါသည်၊ ညီဖွားဖတ်ဖို့၊ စာတစ်ပျို့ ။ ။

Aug3 2009 2:05PM

ကြွေသောရွက်ဝါ ပြန်မဆက်.. လှသောအိပ်မက် ပြန်မမက်...

ရွက်ဝါကြွေကျ၊ မြေမှာခလည်း
ယုယစွာပင်၊ သိမ်းထားချင်သည်။

ထို့နည်းတူပင်
သူ့ရှင်အိပ်မက်၊ ဆက်မမက်လည်း
မှတ်သားစွာပင်၊ ရှိစေချင်သည်
ဤရင်ခွင်၏ တစ်ထောင့်သို့။

Jul 27 2009, 02:18 AM