ဟုတ်ပလေ၊နှုတ်ချွေဟရမှာဖြင့်၊ ပုဗ္ဗေစထင်လေရဲ့။    ။
ကောသလငယ်တို့၊ဘ၀အသရေလန်းပါတဲ့။
ရွှေနန်းစံ ရာနရိန်မှ၊ ခါချိန်တန် ပျက်စမြဲဟာမို့၊ စွဲမိသံဝေ၊       ။
အကုသိုလ် ဃာတကတ်ရယ်က၊ ယခုလိုလာလို့ ဖြတ်တာကြောင့်၊ ဇရပ်သို့ ပြေးရလေ၊ ခွေးသေလို့ သေရငြား။          ။
သိလျက်ပင်၊ ၀ိပါက်ကြမ္မာငင်ထင့်၊ ရွှေဥာဏ်ရင် မဝေခွဲနိုင်ဘု၊ ပွဲတွေ့ အမှား။        ။
ဦးပုည နောက်ဆုံးအချိန်အချုပ် ကျခံနေရချိန်မှာ ရေးထားသော ကဗျာဟုဆိုပါသည်။
မြင်းကွန်းမြင်းခုံတိုင် အရေးတော်ပုံတွင် အခါပေးသည်ဟုစစ်မေးတွေ့ ရှိသဖြင့်မြို့ ဝန်ဦးသာအိုးထံ အကျယ်ချထားစဉ် ၁၂၉၉-ခု၊နယုန်လတွင် ဦးသာအိုးက အငြိုးအတေးနှင့် အဆုံးစီရင်မှုကိုခံရသည်။
မင်းတုန်းမင်းကြားသိသောအခါ " လူကိုခွေးသတ်လေခြင်းဟုမိန့် တော်မူလေသည်။"
ဤကဗျာတွင် ဦးပုည၏ နောက်ဆုံးအချိန်ခံစားမှုကို ပေါ်လွင်စွာတွေ့ ရှိနိုင်ပေသည်။               
Saturday, September 5, 2009
Subscribe to:
Post Comments (Atom)

No comments:
Post a Comment