Friday, September 4, 2009

From Audacity of Hope (Opportunity)

အဲဒီထဲက ဆုံးဖြတ်ရမယ့် ဆုံးဖြတ်ချက်တစ်ခုကတော့ လွှတ်တော်အမတ်တွေက private jets တွေကို ဈေးပေါပေါ ပထမတန်းစား(First-class) လက်မှတ်ခပေးရုံနဲ့ စီးနင်းသွားလာနိုင်တဲ့အလေ့အကျင့်ကို ရပ်တန့်ဖို့ပါပဲ။ တကယ်တော့ ဒီကိစ္စကို လွှတ်တော်မှာ မဲခွဲဆုံးဖြတ်မယ်ဆိုရင် မအောင်မြင်မှာက သေချာသလောက်ရှိနေပါတယ်။

ဒါပေမယ့် ဒီမိုကရက်တစ်ပါတီ လူမှုရေးရာပြန်လည်တည်ဆောက်မှုမှာ ပြောရေးဆိုခွင့်ရှိသူ တစ်ယောက်အနေနဲ့ ဒီအလေ့အကျင့်ကို ကိုယ်ကိုကိုယ်တိုင်တားမြစ်ဖို့ ကျွန်တော့်ရဲ့ အကြံပေးတွေက တိုက်တွန်းပြာဆိုလာပါတယ်။

အဲဒီအကြံပေးမှုဟာလိုက်နာဖို့ကောင်းမွန်တဲ့ အချက်ဆိုတာကျွန်တော်သိပါတယ်။ ဒါပေမယ့် private jet စီးသွားရတာ ဘယ်လောက်အဆင်ပြေသလည်းဆိုတာကိုလည်း ကျွန်တော် မလိမ်ချင်ပါဘူး။

တစ်ခေါက်က ကျွန်တော် မြို့လေးမြို့ကို ၂ရက်တည်းနဲ့ ဆက်တိုက်သွားဖို့ကိစ္စကြုံလာပါတယ်။ ကျွန်တော်အဲဒီတုန်းက စီးနင်းသွားခဲ့တာကတော့ commercial class လေယာဉ်ပါ။ စိတ်ပျက်စရာတွေနဲ့ကြုံခဲ့တာပေါ့ဗျာ။ ပထမဆုံးက အိုဟာရီမှာ ကားကြပ်တဲ့ဒုက္ခ။ ဟိုရောက်တော့လည်း မန်းဖစ်ကိုသွားဖို့လေယာဉ်ကလည်း နောက်ကျတာနဲ့ကြုံရော။ နောက်ဆုံးပိတ်အနေနဲ့ကလေးတစ်ယောက်က ကျွန်တော့် ဖိနပ်ပေါ်မှာ လိမ္မော်ရည်တွေ မှောက်ချပါလေရောဗျာ။

အဲဒီမှာသွားဖို့တန်းစီနေတုန်းမှာ အသက်သုံးဆယ်အရွယ်လောက် ရှိတဲ့ လူတစ်ယောက်က ကျွန်တော့်ဆီကို လှမ်းလာပြီး စကားပြောပါတယ်။

သူပြောချင်တာက stem cell reserach နဲ့ပါတ်သက်ပြီး လွှတ်တော်က ဒီနှစ်မှာတစ်ခုခုကို ဆုံးဖြတ်ပေးဖို့ပါ။ သူကသူ့မှာ ပထမအဆင့် parkinson ရောဂါရှိတဲ့အကြောင်း၊ ပြီးတော့ သူ့မှာ ၃နှစ်အရွယ်ပဲ ရှိသေးတဲ့ သားလေးတစ်ယောက်လည်းရှိတဲ့အကြောင်းပြောပါတယ်။ သူကသူ့မှာ သူ့သားလေးနဲ့အတူ ကစားနိုင်ခွင့်အခွင့်အရေးရဖို့အတော်လေးနည်းပါးပါတယ်။ သူ့အတွက်လည်းအချိန်က တ်ာတော်လေးနောက်ကျနေပြီး ဆိုတာသိပါတယ်။ ဒါပေမယ့် တစ်ခြားသူတွေလည်း သူ့လိုမျိုး အဖြစ်မျိုးကြုံမှာကို လက်မခံလိုတဲ့ ဆန္ဒနဲ့တောင်းဆိုချင်တာပါလို့ ရင်နင့်ဖွယ်ပြောကြားပါတယ်။

ခုမှကျွန်တော်ပြန်စဉ်းစားမိတာက private jet နဲ့သာသွားလိုက်ရင် ဒီလိုတန်ဖိုးမဖြတ်နိုင်တဲ့အခွင့်အရေးမျိုးကို ဘယ်လိုလုပ်ပြီးကြုံနိုင်တော့မလည်းဆိုတာပါပဲ။
အရာရာတိုင်းမှာ အကောင်းနဲ့အဆိုးဒွန်တွဲနေပါတယ်ဗျာ။

Translated from "Opportunity-Audacity of Hope by Barack Obama"

No comments:

Post a Comment