ငါ့ညီပြောင်ဝင်း၊မောင်သစ်ဆင်း
မင်း၏သက်လှယ၊်မင်းသားငယ်သည်
သက်နှစ်ဆယ်ပင်ပြည့်ခဲ့ပြီး။
သူသုံးနှစ်သား၊ဖော်ချင်းများနှင့်
အူယားဖားယား
ကစားရာမှ၊နွားရုပ်ချ၍
နတ်ကျသည့်သွင်၊မင့်ရင်ခွင်သို့ 
ပြေးဝင်ပုန်းလာ၊သူ့မူရာကို
ငါမြင်ခဲ့၏ ၊ မှတ်မိ၏။
မိုးကစိုစို ၊ ကျီးအုပ်ပြို၍
ထိုမှဤမှ ၊ တို့ လမ်းမတွင်
ပျံကြ၀ဲကြ၊ ငရဲထသို့
အုံကြွမြည်အာ၊ မသာယာကို
ငါကြားခဲ့၏ ၊ မှတ်မိ၏။
ထိုနေ့၌ပင် ထိုချိန်ထင်၏
သခင်အောင်ဆန်း ၊ ပြည်သူ့ ပန်းသည်
ပွင့်လန်းခါစ ၊ ကြွေလိုက်ရ၏။
မြေခသတင်း၊ မိုးကြိုးခွင်းသို့ 
အိမ်တွင်းအိမ်ပြင်၊ တို့ လမ်းခွင်၌
မချင်မရဲ၊ ၀မ်းနည်းခံခက်
မျက်စိမျက်နှာ၊ ညှိးကြရှာသည်
ရွာဦးပိုင်းမှ၊ သင်္ချိုင်းထိ။
င့ါညီပြောင်ဝင်း၊မောင်သစ်ဆင်း
မင်း၏သားငယ်၊နှစ်ဆယ်သက်စစ်
သူ တို့ ခေတ်၌၊တိုင်းချစ်ပြည်ခင်
မြတ်စေချင်၏။
မင်းမြင်ငါကြား၊ စကားဥဒါန်း
ဆန်း၏သတ္တိ၊ ဆန်း၏သမာဓိ၊ ဆန်း၏ပညာ
ဆန်းမှာဆုံပေါင်း၊ယောက်ျားကောင်းတို့ ၊ ခေါင်းဆောင်သဘော
မင့်သားချောကို၊ပြောလိုက်ပါဘိ၊ဟောပါဘိ။ ။
ဆရာဇော်ဂျီ
Saturday, September 5, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment