Saturday, September 5, 2009

ခွင့်သာခိုက်ကမှမလိုက်ချင်လျှင်

ငါးအာရုံအင်အစု
ခင်မှုနှင့်နေ့ကုန်
နင်ယခုမေ့ ပုံလို
တွေ့မကြုံစခန်း။

ပါယ်လေးဝ သောကဘုံမှာ
မျောရရုံ ရှိတော့ခမန်း။

အောက်အ၀ီစိ သောင်းအငူမှာ
ခေါင်းမပြူစတမ်း။
နှစ်အရှည် နစ်မည်လမ်းကိုလ
နင်မျှော်စမ်း နင့်ကို။

ဒေသနာ ထင်အလင်းရယ်နှင့်
နင်အဖျင်း ပိုထက်သာပို။
ဒီလောဘ အမိုက်အိုကို
မလိုက်လို ရှောင်ပစ်လို့
နောင်အသစ် တကယ်ပြင်လျှင်
ကောင်းဖို့အစဉ်။

ခွင့်သာခိုက်ကမှ မလိုက်ချင်လျှင်
အမိုက်နင့်ပြင် ရှိသေးလေလိမ့်မလား။
ခွင့်သာစဲကမှ မနွှဲချင်လျှင်
အလွဲနင့်ပြင် ရှိသေးလေလိမ့်မလား။
ခွင့်သာတုန်းကမှ မရုန်းချင်လျှင်
အရှုံးနင့်ပြင် ရှိသေးလေလိမ့်မလား။
(လယ်တီဆရာတော်)

No comments:

Post a Comment